အနာကျက်မြန်ချင်ရင် ဒါတွေရှောင်ပါ
hellosayarwon.com
|
2019-03-10

အနာကျက်ခြင်းဖြစ်စဉ် ဟာအရေပြားတစ်ရှူးကို သဘာဝအလျောက်တုံ့ပြန်မှုဖြစ်ပါတယ်။အနာကျက်တယ်ဆိုတာ ထိခိုက်ထားတဲ့

အရေပြား မှာ ပြန်လည်ညှိပေးခြင်း၊ပြန်လည်တည်ဆောက်ခြင်း၊ပြန်လည်စုစည်းခြင်းတွေဖြစ်စေဖို့ ဆဲလ်တွေရဲ့ရှုပ်ထွေးတဲ့လှုပ်ရှားမှုပါပဲ။ ထိခိုက်ဒဏ်ရာအနာဖြစ်ကာစမှာ

သွေးတိတ်မယ် ၊ နောက်တော့

ရောင်ရမ်းမှု ရှိလာမယ်၊အသားတက်မယ်၊အနာကျက်မယ်။ ဒီလိုအနာကျက်ကပုံအဆင့်ဆင့်က ပုံမှန်ပဲဆိုပေမယ့်အနာကျက်မြန်ဖို့၊

အနာပိုးမဝင်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့်အနာတစ်ခုခုဖြစ်လာပြီဆိုရင်အနာကျက်မြန်စေဖို့ ဒီအမူအကျင့်တွေကို ရှောင်ပါ။ အာဟာရပြည့်ဝအောင်မစားခြင်း အာဟာရပြည့်အောင်မစားခြင်းကအနာကျက်နိုင်စွမ်းနဲ့ ခန္ဓာကိုယ်ရဲ့ပြန်လည်ပြုပြင်နိုင်စွမ်းအပေါ် သက်ရောက်မှုကြီးမားပါတယ်။ ကိုယ်စားလိုက်သမျှအစားအစာတွေက ခန္ဓာကိုယ်တည်ဆောက်မှုမှာအဓိကပံ့ပိုးနေတယ်ဆိုတာ လူတွေက မေ့နေတတ်ကြပါတယ်။ ခန္ဓာကိုယ်ဟာ စားလိုက်တဲ့အစာကိုလက်ခံပြီး ပြန်စွန့်ထုတ်ပေးတဲ့ စက်ပစ္စည်းတစ်ခုမဟုတ်ပါဘူး။ သူ့အလိုလို ပြန်လည်ပြုပြင်ပြီးအသစ်ပြန်လည်ဖြစ်ပေါ်ကြတဲ့ ဆဲလ်တွေ၊ဘက်တီးရီးယားတွေ၊အရည်ဓာတ်တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် စားသုံးလိုက်သမျှဟာ

မျက်လုံး

အသည်း

ကိုယ်ခံအား နဲ့

အရေပြား

ဦးနှောက် စတဲ့အရာအားလုံးအတွက်အခြေခံအားဖြည့်ပေးနေတာဖြစ်ပါတယ် ။ စိတ်ဖိစီးခြင်းနဲ့အိပ်ရေးပျက်ခံခြင်း

စိတ်ဖိစီးမှု ကြောင့်ဖြစ်လာတဲ့

ဟော်မုန်းတွေ ဟာ ခန္ဓာကိုယ်ကို ပိုပင်ပန်းစေပြီး ခံနိုင်ရည်ကျဆင်းစေပါတယ်။အဲဒီအချိန်မှာအနာကျက်ဖို့ ခန္ဓာကိုယ်ကအပြည့်အဝလုပ်ဆောင်နိုင်စွမ်းမရှိတော့ပါဘူး။အနာကျက်ခြင်းဖြစ်စဉ်အတွက်က ဖိစီးမှုမရှိဘဲ ခန္ဓာကိုယ်ကအနားရနေမှ ပိုမြန်ဆန်တာဖြစ်ပါတယ်။ စိတ်ဖိစီးမှုက ကိုယ်ခံအားရဲ့လုပ်ဆောင်ချက်ကိုတင်မကဘဲ သွေးလည်ပတ်မှု၊

သွေးတွင်းသကြားဓာတ် တို့ကိုပါ ထိခိုက်စေတာဖြစ်ပါတယ်။အိပ်စက်ချိန်ဟာလည်း ဆဲလ်တွေကပြုပြင်နိုင်၊အသစ်မွေးဖွားနိုင်တဲ့အချိန်ဖြစ်ပါတယ်။ ဒါ့ကြောင့်

အိပ်ချိန် နည်းလေအနာကျက်ဖို့အချိန်နည်းလေဖြစ်ပါတယ်။ ကိုယ်ခံအားကောင်းအောင် ဂရုမစိုက်ခြင်း ကိုယ်ခံအားကိုထိခိုက်စေတဲ့ဘယ်အချက်ကမဆိုအနာကျက်ဖို့နှေးကွေးစေတဲ့အပြင် ရောဂါပိုးတွေဝင်စေနိုင်ပါတယ်။အာဟာရပြည့်အောင်မစားတာ၊

ဆေးလိပ်သောက်တာ ၊အိပ်ရေးကပျက်တာ စတဲ့အချက်တွေပါဝင်ပါတယ်။ ကိုယ်ခံအားစနစ်သာကောင်းမွန်ခဲ့ရင်အနာကျက်မြန်စေပြီး ပိုးမဝင်အောင် ခုခံကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်း ဆေးလိပ်သောက်ခြင်းက ကိုယ်ခံအားစနစ်ကိုအနှောင့်အယှက်ပေးပြီး

အနာကျက်ခြင်း ကိုနှေးကွေးစေပါတယ်။ ဆေးလိပ်သောက်တတ်သူတွေဟာ ခွဲစိတ်ကုသမှုခံယူပြီးနောက်မှာအနာကျက်နှေးပြီးအနာရင်းတာ၊အနာပိုးဝင်တာ စတဲ့တခြားနောက်ဆက်တွဲပြဿနာတွေပိုခံစားရနိုင်တယ်လို့ သုတေသနတွေ့ရှိချက်တစ်ခုကဖော်ပြခဲ့ပါတယ်။ ဆေးလိပ်သောက်သူတွေမှာအနာရွတ်ကျန်ရစ်ခြင်းလည်းအဖြစ်များပါတယ်။ အရက်သောက်ခြင်း တစ်နေ့ကို

ဝိုင် တစ်ခွက်လောက်သောက်တာက သွေးလည်ပတ်မှုကိုကောင်းစေတယ်ဆိုပေမယ့်

အရက်

ဘီယာ အလွန်အကျွံသောက်သုံးမှုကအနာကျက်ခြင်းကိုနှေးစေပါတယ်။အရက်ကြောင့် ဘက်တီးရီးယားတွေနဲ့အန္တရာယ်ရှိတဲ့အရာတွေကို ခန္ဓာကိုယ်ရဲ့ခုခံနိုင်စွမ်းကျဆင်းသွားစေတာကြောင့်အနာပိုးဝင်နိုင်ခြေပိုများပါတယ်။ ဒါ့ကြောင့် ခွဲစိတ်ကုသမှု သို့မဟုတ် မတော်တဆမှုတွေလိုမျိုး ဒဏ်ရာကြီးမားတဲ့သူတွေအနေနဲ့ အနာကျက်စေဖို့အရက်မသောက်သင့်ဘူးလို့ ဆရာဝန်တွေကအကြံပြုထားပါတယ်။  

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။




Some text some message..