အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့အချက်တွေ
hellosayarwon.com
|
2019-03-10

အတွင်းခံအကြောင်းက လူတွေအဆွေးနွေးကြဆုံး ခေါင်းစဉ်တွေထဲက တခုပါ။ကျန်းမာရေး၊တကိုယ်ရည်သန့်ရှင်းရေးနဲ့ ပတ်သက်ပြီးအတွင်းခံအကြောင်းသိသင့်တဲ့အခြေခံအချက်လေးတွေ ရှိပါတယ်။အောက်မှာ ဖော်ပြမယ့်အချက်တွေကတော့ သင့်ကိုအံ့အားသင့်ကောင်း သင့်သွားစေမယ့်အတွင်းခံအကြောင်းသိကောင်းစရာအချက်ခုနှစ်ချက်ပဲ ဖြစ်ပါတယ်။ •ချွတ်မလား ဝတ်မလား။ ဒါဟာအရေးပါတဲ့ ကိစ္စမဟုတ်သလို သင့်တကိုယ်ရည် ဆုံးဖြတ်ရမယ့် ကိစ္စလည်းဖြစ်ပါတယ်။ဒါပေမယ့် သင့်အနေနဲ့အတွင်းခံဝတ်သင့်တဲ့အကြောင်းပြချက်ကောင်းတွေကလည်း ရှိလို့နေပြန်ပါတယ်။စွတ်စိုပူနွေးတဲ့ ပတ်ဝန်းကျင်ရေခံမြေခံဟာ ဘက်တီးရီးယားပိုးတွေနဲ့ yeast မှိုတွေအတွက်အင်မတန်အကြိုက်တွေ့စေမယ့်အနေအထား ဖြစ်ပါတယ်။ဒါကြောင့် သင်အားကစားလုပ်တဲ့အခါ ချွေးတွေကို စုပ်ယူပြီး စိုထိုင်းမှု မရှိစေဖို့အတွက်အားကစားဘောင်းဘီအောက်မှာအတွင်းခံတထပ်ကို ထပ်ပြီး ဝတ်သင့်ပါတယ်။ •တင်ပါးမဖုံးတဲ့အတွင်းခံ (thongs) တွေဟာ သင့်ရဲ့ မိတ်ဆွေကောင်း မဟုတ်ပါ။ အမျိုးသမီးအများစုဟာအတွင်းခံအရာတွေ ပေါ်နေမှာစိုးတဲ့အတွက် တင်ပါးမဖုံးတဲ့အတွင်းခံ (thongs) တွေကို ဝတ်လေ့ရှိကြပါတယ်။ဒါပေမယ့် ဒီအတွင်းခံအမျိုးအစားတွေဟာအရမ်းကျပ်ပြီး သင်ကိုယ်ကာယလေ့ကျင့်ခန်းလုပ်နေချိန်မှာ သူတို့ဟာ သင့်အသားနဲ့ ရှေ့တိုးနောက်ဆုတ် ပွတ်တိုက်နေပါတယ်။ဒီလို ပွတ်တိုက်မှုတွေကရော ပူလှောင်မှုတွေကပါ သင့်ကို ဆီးလမ်းကြောင်းပိုးဝင်တာနဲ့ ယောနိထဲ ဘက်တီးရီးယားပိုးဝင်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။တကယ်တမ်းကျတော့ ဒီအတွင်းခံအမျိုးအစားဟာ ခန္ဓာကိုယ်အနောက်ပိုင်းတင်ပါးပိုင်းနဲ့ ယောနိ/ဆီးလမ်းကြောင်းတို့အကြား ဘက်တီးရီးယားတွေ ပျော်ပျော်ပါးပါးကြီးသွားလို့ရအောင် ရွှေလမ်းငွေလမ်းဖောက်ပေးထားသလို ဖြစ်စေပါတယ်။ဒါကြောင့် ဒီအတွင်းခံအမျိုးအစားကို ရဲရဲကြီး နိုးလို့ ပြောလိုက်ပါ။ •ဇာကွက်လေးတွေကိုလည်း ရှောင်ပါ။ ပိုးထည်လိုအသားမျိုးဟာ ပိတ်လွန်းသလို ဇာကွက်လေးတွေကလည်း သင့်ကို တချိန်လုံး ပွတ်တိုက်နေမှာဖြစ်တဲ့အတွက် ရောင်ရမ်းလာနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်ဖို့အတွက်အကောင်းဆုံးအတွင်းခံဟာ ပိတ်မနေသင့်ပါဖူး(ဥပမာ ချည်သားလေးပေါ့)။ဒါပေမယ့် ခေတ်ပေါ်ဒီဇိုင်းတွေကအဓိကအားဖြင့် သင့်ကိုခြောက်သွေ့သန့်ရှင်းနေဖို့ကိုအဓိကထားပါတယ်။တာဝေးပြေးတာလိုမျိုးအတွက်ဆိုရင် မပွန်းတဲ့ (ချုပ်ရိုးခပ်ပြားပြားတွေပါတဲ့)အတွင်းခံမျိုးကို ရွေးချယ်ပါ။လေ့ကျင့်ခန်းလုပ်ဖို့အတွက်အထူးထုတ်ထားတဲ့အသားတွေဟာ ရိုးရိုးချည်သားထက် ပိုပြီးကောင်းပါတယ်။အားကစားလုပ်ရင် ဝတ်ရတဲ့ ကိုယ်ကျပ်ဝတ်စုံဟာ ဆွဲဆန့်လို့ရနိုင်ပြီး စက်ဘီးစီးတာလို၊ပြေးတာလိုအားကစားရုံအပြင်မှာ လုပ်ရတဲ့အားကစားနည်းတွေအတွက်အထူးအကျိုးရှိပါတယ်။သူတို့ဟာ တခြားချည်သားတွေထက် ချွေးကိုလည်း ပိုပြီးမြန်မြန် စုပ်ယူနိုင်တဲ့အတွက် သင့်ကို ခြောက်သွေ့နေစေပါတယ်။ ဒီခေတ် မိန်းမပျိုလေးတွေအများအပြားဟာ သူတို့ရဲ့အောက်ပိုင်းမှာ ရှင်းလင်းနေတော့မှ ပိုပြီးသန့်ရှင်းတယ်လို့ ယူဆတတ်ကြပါတယ်။သန့်ရှင်းတာမှန်ပေမယ့် ရိတ်တာ၊ဖရောင်းနဲ့ ခွါတာတွေဟာလည်း ဘေးထွက်ဆိုးကျိုးတွေ ကိုယ်စီ ရှိကြပါတယ်။ဆီးခုံမွှေးတွေဟာအလွန်နုနယ်တဲ့ နေရာကို ကာကွယ်ဖို့အတွက် သဘာဝအလျောက် ရှိနေတာပါ။သူတို့ကို ဖယ်ရှားရှင်းလင်းလိုက်မယ်ဆိုရင် သင်ဟာ ကိုယ့်တပ်ကို ပြန်နင်းသလို ဖြစ်သွားတာကြောင့် လိင်မှတဆင့်ကူးစက်တဲ့ ရောဂါတွေ၊အပူလောင်တာတွေ၊အမာရွတ်ဖြစ်တာတွေ စတဲ့အခြေအနေတွေနဲ့ တွေ့ကြုံဖို့အခွင့်အလမ်းပိုများသွားစေပါတယ်။ •မြန်မြန်ဆန်ဆန်လဲလှယ်နိုင်တာမျိုးကို ရွေးပါ။ တကယ်လို့ သင်ဟာ မာရသွန်ပြေးတာလိုမျိုးအားကစားနည်းတွေအတွက် ပြင်ဆင်နေတာဆိုရင် သင့်အနေနဲ့အတွင်းခံနဲ့ပတ်သက်ပြီး သေချာစဉ်းစားရွေးချယ်သင့်ပါတယ်။ဘာလို့လဲဆိုတော့အကြာကြီး ဝတ်ထားရမှာမို့ပါ။နှစ်မိုင်လောက်အရောက်မှာ နည်းနည်းလောက် ပွန်းရာလေးစ ဖြစ်လာရာက မိုင်၂၀လောက်ရောက်တဲ့အခါမှာအရည်ကြည်ဖုအကြီးကြီး ဖြစ်နေလောက်ပါပြီ။ရေကူးတာလိုမျိုး ရေနဲ့ ပတ်သက်တဲ့အားကစားနည်းတွေနဲ့ ပတ်သက်ပြီးပြောရရင်အပူနဲ့ စွတ်စိုမှုတို့ဟာ သင့်ရဲ့အိပ်မက်ဆိုးတွေပဲ ဖြစ်ပါတယ်။ ဒီအပူနဲ့ စွတ်စိုမှုတို့ဟာ ဘက်တီးရီးယားတွေ ပေါက်ပွါးတာကိုအားပေးလို့ ဆီးလမ်းကြောင်းပိုးဝင်တာမျိုး ဖြစ်နိုင်သလို yeast ပိုးကူးတာ ဒါမှမဟုတ် bacterial vaginosis ဆိုတဲ့ ဘက်တီးရီးယားကူးစက်ရောဂါဖြစ်တာတွေကိုလည်း ဖိတ်ခေါ်နိုင်ပါတယ်။သင့်အနေနဲ့အဝတ်စိုကြီးဝတ်ပြီးအကြာကြီး နေရမယ့်အနေအထားမျိုးမှာ ပြဿနာ ပိုတက်ပါလိမ့်မယ်။ ရေကူးပြီးရင် စက်ဘီးပြောင်းစီးရမယ့်အနေအထားမျိုး၊အားကစားမျိုး ဆော့တဲ့အခါအောက်ပိုင်းကိုအမြန်လဲလှယ်လို့ရမယ့်အတွင်းခံမျိုးကို ဦးစားပေး ရွေးချယ်ပေးရပါမယ်။ဒါဆိုရင် ရေကူးပြီး စက်ဘီးမစီးခင်အောက်ပိုင်းကို ဘောင်းဘီအခြောက်နဲ့ လဲလိုက်လို့ရပါပြီ။လူအမြင်မှာ မသင့်တော်စရာအနေအထားမျိုး ရှိကောင်းရှိနိုင်မှာ ဖြစ်ပေမယ့် သင့်ကို yeast ပိုးကူးတာကနေ ကာကွယ်ပေးပါလိမ့်မယ်။ ရာသီချိန်ခါရောက်လာရင် ဓမ္မတာလာနေတဲ့အချိန်ကျရင်လည်းအတွင်းခံနဲ့ ပတ်သက်ပြီး သိပ်အာရုံနောက်မနေပါနဲ့။ဖွားဖွားတို့ဝတ်တဲ့အတွင်းခံကြီးကြီးတွေကိုသာ ဝတ်လိုက်ပါ။သင့်မှာ ရွေးချယ်စရာတွေ တပုံတပင် ရှိနေပါတယ်။တင်းနစ်ရိုက်တဲ့ စကတ်ဖြူဖြူလေးတွေတော့ မဝတ်နဲ့ပေါ့လေ။Tampon သုံးတာနဲ့ menstrual cup ခွက်လေးတွေကို သုံးတာဟာ သင့်ကို နေရတာ သက်တောင့်သက်သာ ရှိစေပါလိမ့်မယ်။ဒါပေမယ့် သင့်အတွက် နေလို့အဆင်ပြေဆုံးအရာက သင့်အတွက်အကောင်းဆုံးအရာပဲ ဆိုတာ သိထားရပါမယ်။အနံ့အသက်အတွက်လား။ဒါတွေကို ခေါက်ထားလိုက်ပါ။အောက်ပိုင်းမှာအနံ့အသက်မွှေးနေဖို့လိုတယ်ဆိုတာ ယုံတမ်းစကားကြီးပါ။အမျိုးသမီးတွေရဲ့ ပေါင်ခြံမှာ apocrine gland လို့ခေါ်တဲ့ ချွေး/အရည်ထုတ်ပေးတဲ့ ဂလင်းတမျိုးရှိတဲ့အတွက်အနံ့အသက်ကတော့အနည်းနဲ့အများ ရှိမှာ သဘာဝပါပဲ။ပုံမှန်တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်နေသမျှ ကာလပတ်လုံးအားလုံးအေးဆေးပါ။ ဆီးမထိန်းနိုင်တာဆီးမထိန်းနိုင်ဘဲ ထွက်ကျတာဟာ ကလေးမွေးထားတဲ့အမျိုးသမီးအများအပြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အခြေအနေတခုပဲ ဖြစ်ပါတယ်(ကလေးမမွေးဖူးတဲ့ တချို့အမျိုးသမီးတွေမှာတောင် ဖြစ်တတ်ပါသေးတယ်)။ဒီတော့ လူကြီးသုံး ဆီးခံလေးတွေကို သုံးနိုင်ပါတယ်။အားပြင်းပြင်းထန်ထန်သုံးလို့ ဆီးထွက်ကျတဲ့အသေးအဖွဲအခြေအနေမျိုးမှာ Kegels လေ့ကျင့်ခန်းကို လုပ်ပေးတာကအကောင်းဆုံးကာကွယ်မှု နည်းစနစ်ဖြစ်ပေမယ့်အခြေအနေပိုဆိုးလာပြီဆိုရင် (ဆီးခံတထည်နဲ့ မရတာ၊တနေ့ကို ခဏခဏ ထွက်ကျတာ) ကျွမ်းကျင်တဲ့ ဆရာဝန်(ဆီးလမ်းကြောင်းဆိုင်ရာ)နဲ့ ပြသပြီး ဆွေးနွေးတိုင်ပင်ပါ။ဟော်မုန်းကိုအသုံးပြုပြီး ကုသတာမျိုး ဒါမှမဟုတ် ခွဲစိတ်ပြီး ကုသတာမျိုးလုပ်ဖို့ ဆရာဝန်ကအကြံပေးကောင်းပေးပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။




Some text some message..