
လူတစ်ယောက်ဖျားနေတယ်ဆိုရင် နုံးချိပြီးဘာအစာမှ စားလို့မဝင်တော့တာမျိုးတွေဖြစ်တတ်ကြပါတယ်။ ဖျားနေစဉ်အတောအတွင်းမှ မတည့်တာတွေလျှောက်စားရင် ပိုဖျားလာမှာပါနော်။ ဒါကြောင့် ဖျားနေတဲ့အချိန်အတွင်းမှာအာဟာရဓာတ်သင့်တင့်မျှတအောင် ဘယ်လိုအစားအစာမျိုးတွေ စားပေးရမလဲဆိုတာ ပိုပိုလေးမှဝေမျှပေးလိုက်ပါတယ်။
ကြက်သားစွပ်ပြုတ်
ကြက်သားစွပ်ပြုတ်ဟာဆိုရင် ဖျားနေစဉ်စားသုံးကြတာများလို့ လူမမာစာလို့ ပြောစမှတ်တွင်နေကြပါပြီ။ ကြက်သားစွပ်ပြုတ်မှာ ပြည့်ဝတဲ့ဗီတာမင်၊ ကယ်လိုရီနဲ့ ပရိုတင်းဓာတ်တွေပါဝင်လို့ ဖျားနေစဉ်စားဖို့အသင့်တော်ဆုံးပါပဲ။အထူးသဖြင့် ဖျားနေစဉ်အတောအတွင်းအန်တာ၊ ဝမ်းလျှောတာမျိုးတွေ ဖြစ်လာတယ်ဆိုရင် ကြက်သားစွပ်ပြုတ်ပူပူလေး သောက်ပေးသင့်ပါတယ်။ ကြက်သားစွပ်ပြုတ်မှာ amino acid ပါဝင်တာကြောင့် ချွဲသလိပ်ကပ်တာတွေ၊ နှာစေးတာတွေကိုပါ သက်သာစေနိုင်ပါတယ်။
ကြက်သွန်ဖြူ
လူတော်တော်များများက ကြက်သွန်ဖြူကို နံတယ်ဆိုပြီး မနှစ်သက်ကြသူတွေများပါတယ်နော်။ ဒါပေမဲ့ ဆေးပညာရှင်တွေ စစ်တမ်းကောက်ယူကြည့်လိုက်တဲ့အခါမှာတော့ ကြက်သွန်ဖြူနေ့တိုင်းစားတဲ့ လူများဟာ ကြက်သွန်ဖြူမစားတဲ့လူထက် ၇၀ ရာခိုင်နှုန်း ဖျားနိုင်ချေပိုနည်းနေတာကို တွေ့ရှိခဲ့ရပါတယ်တဲ့။ ဒါကြောင့် မြန်မြန်အဖျားပျောက်ချင်တယ်၊ မဖျားချင်ဘူးဆိုရင် ကြက်သွန်ဖြူစားပေးဖို့မမေ့ပါနဲ့နော်။
လက်ဖက်ရည်(ရေနွေးကြမ်း)
ရေနွေးကြမ်းကတော့ မြန်မာအိမ်တိုင်းလိုလိုအကြမ်းအိုးဆိုပြီး ထားလေ့ရှိကြပါတယ်နော်။ ရေနွေးကြမ်းသောက်သင့်တဲ့အကြောင်းအရင်းလေးကတော့ လက်ဖက်ခြောက်မှာပါဝင်တဲ့ ကဖိန်းဓာတ်က ဖျားနေစဉ်အတောအတွင်း သတိမလစ်အောင်၊ နိုးကြားနေအောင် ထိန်းသိမ်းပေးမှာပဲဖြစ်ပါတယ်။
ပျားရည်
အအေးမိဖျားနာတတ်တဲ့လူတွေအတွက်ပျားရည်ကအကောင်းဆုံးပါပဲ။အအေးမိနေတယ်ဆိုရင် ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေနွေးနွေးလေးနဲ့ မျောချလိုက်ရင်အမြန်ဆုံးသက်သာသွားမှာပါ။
ဂျင်းနဲ့ သံပုရာရည်
ဒီနည်းလေးကတော့ ဖျားနေစဉ်အတောအတွင်းလေအောင့်ဗိုက်နာတတ်သူတွေအတွက်ပါ။ ဂျင်းပြုတ်ရည်ကို သံပုရာသီး နှစ်ခြမ်းလောက်ညှစ်ပြီး သောက်လိုက်ရင်အစာအိမ်လေနာတာတွေအမြန်ဆုံးသက်သာပျောက်ကင်းစေမှာပါ။
ပူစပ်စပ်အစားအစာများ
ဖျားနေစဉ်အတောအတွင်းမှာ လူတော်တော်များများက ပူစပ်စပ်တွေစားဖို့ရှောင်ကြတာများပါတယ်။ ပူစပ်စပ်အစားအစာတွေ ဖျားနေစဉ်စားတာဟာ လူကိုပွင့်ထွက်သွားစေပြီး နှာစေးချောင်းဆိုးတာကိုလဲ သက်သာပျောက်ကင်းစေပါတယ်။
အုန်းရည်
ဖျားနေစဉ်အတောအတွင်း ကျွန်တော်တို့ကိုယ်ခန္ဓာဟာရေဓာတ်ဆုံးရှုံးတတ်ကြပါတယ်။အုန်းသီးဟာ ရေဓာတ်အများအပြားပါဝင်တဲ့အသီးတစ်လုံးဖြစ်တာကြောင့် ဖျားနေစဉ်အုန်းရည်သောက်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ရေဓာတ်ကိုအပြည့်အဝရရှိစေမှာဖြစ်ပါတယ်။
ဒိန်ချဉ်
ဒိန်ချဉ်မှာ ပရိုတင်း၊ ဗီတာမင် နဲ့ ရေဓာတ်တို့အပြည့်အဝပါဝင်ပါတယ်။ ဖျားနေစဉ် ဒိန်ချဉ်သောက်ပေးခြင်းအားဖြင့် သင့်ကိုကောင်းကောင်းအိပ်ပျော်စေမှာဖြစ်ပြီး ချောင်းဆိုး၊ ချွဲသလိပ်ကပ်ခြင်းမှအမြန်ဆုံးသက်သာစေမှာပဲဖြစ်ပါတယ်။
ဒီလောက်ဆို မိတ်ဆွေတို့လဲ ဖျားနေစဉ်အတောအတွင်းအာဟာရဓာတ်ညီညွှတ်မျှတအောင် ဘယ်လိုအစားအစာတွေကိုအဓိကထားစားသုံးသင့်လဲဆိုတာ သိလောက်ပြီထင်ပါတယ်။ ဒီပို့စ်လေးကို ဖတ်ပြီး မိတ်ဆွေတို့အတွက်အကျိုးရှိသွားတယ်ဆိုရင် like&share လေးလုပ်ဖို့လဲမမေ့ပါနဲ့ဦးနော်။
(popolay)