
                                                                                                        ရာသီ (ဓမ္မတာ) နဲ့ ပက်သက်တဲ့အကြောင်းများစွာ ကြားဖူးကြမှာပါ။ 
                                                                                                                            
ရာသီသွေး ထိန်
                                                                                                လို့၊
                                                                                                                            
ရာသီ သွေးဆင်းတာ များ
                                                                                                လို့ နည်းလို့၊ ရာသီသွေးပေါ်ရင် ကိုက်ခဲလို့ ရာသီသွေးဆင်းတဲ့ ရက်များလို့။ ရာသီသွေးဆင်းတဲ့ ရက်နည်းလို့ ဆိုပြီး ပြဿနာအမျိုးမျိုးကြားဖူးကြမှာပါ။ ကြားဖူးနေကြဖြစ်တဲ့အတွက် ဒီပြဿနာတွေအကြောင်းကိုအားလုံး သိပြီးနေကြလောက်ပါပြီ။ ဒီဆောင်းပါးထဲမှာတော့ 
                                                                                                                            
ဓမ္မတာ
                                                                                                နဲ့ ပက်သက်တဲ့အပေါ်ကပြဿနာတွေ မဟုတ်ဘဲနောက်တစ်ခုဖြစ်တဲ့ တစ်လတည်း ရာသီ ၂ ခါလာတဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ဒီလို တစ်လတည်း ရာသီ ၂ခါလာတာ ရာသီသွေးဆင်းတဲ့ ရက်များတာနဲ့ မတူပါဘူး။ ပုံမှန်ဆို ၂၈ ရက်ရာသီစက်ဝန်းရှိတဲ့ သူက ၂၈ ရက်ကြာရင် တစ်ခါ၊ ၃၀ ရက်စက်ဝန်းရှိတဲ့ သူက ၁လ ကြာရင် တစ်ကြိမ် ရာသီ လာပါတယ်။အကြောင်းအမျိုးကြောင့် စောသွားတာ၊ နောက်ကျတာမျိုး ဖြစ်တတ်ပေမယ့် တွက်ကြည့်လိုက်ရင် တစ်လကို တစ်ခါပဲ ပုံမှန် ရာသီလာရပါမယ်။ ဒါကို တစ်လထဲနဲ့ ရာသီ ၂ ခါလာမျိုး ( ၂၄ရက်ကြာတာနဲ့ ရာသီတစ်ခါ လာတာမျိုး)ဖြစ်နေခဲ့ရင် ပုံမှန် မဟုတ်ဘူးလို့ သတ်မှတ်ပါတယ်။  ပုံုမှန် မဟုတ်ဘဲ ဘာကြောင့် တစ်လထဲ ၂ ခါလာရတာလဲ။ စိုးရိမ်ရလား။ ။ 
                                                                                                
တစ်လထဲ ရာသီ ၂ ခါ လာစေတဲ့အကြောင်းအရင်းများ ။ ။
                                                                                                 
                                                                                                                            သားအိမ်တွင်အသားလုံးတည်ြ
                                                                                                ခင်း -  သားအိမ်အတွင်းသားနံရံထူလာတာ ၊ သားအိမ်မှာ 
                                                                                                                            
အလုံးတည်
                                                                                                တာတွေက တစ်လထဲကို ရာသီ ၂ ခါလာစေတဲ့အဖြစ်အများဆုံးအကြောင်းအရာတွေပါ။ နောက်တစ်ခုက သားအိမ်ကင်ဆာကြောင့်လည်း ပုံမှန် မဟုတ်ဘဲ သွေးတွေ ဆင်းနိုင်တာကြောင့် ရာသီတစ်လထဲနဲ့ ၂ ခါလာတာဟာ ပေါ့ဆလို့ မရတဲ့ ပြဿနာတစ်ခုပါ။ 
                                                                                                                            
သန္ဓေတားဆေး
                                                                                                ၊ ထိုးဆေး၊ သန္ဓေတားပစ္စည်းတွေ -  ကိုယ်ဝန်ကို တားပေးတဲ့ သန္ဓေတား ဆေးတွေ၊ 
                                                                                                                            
သန္ဓေတား ပစ္စည်းေ
                                                                                                တွဆိုတာ ဟော်မုန်း ပါဝင်တဲ့အရာတွေ ဖြစ်တာကြောင့် သင့်ရာသီ စက်ဝန်းအပေါ်မှာအများကြီး သက်ရောက်မှုရှိပါတယ်။
                                                                                                                            
ရာသီ ထိန်
                                                                                                သွားတာ၊ ရာသီ သွေး လုံးဝကို မပေါ်တော့တာ နဲ့ တစ်လတည်း ရာသီ ၂ခါ လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဆေးဖြတ်လိုက်ရင်တောင် ဆေးအာနိသင်က လတော်တော်များများအထိ ကျန်ရှိနေတတ်ပါတတ်ပါသေးတယ်။  ကိုယ်ဝန် - ကိုယ်ဝန်ဆောင်ချိန်တွေဆို ကိုယ်တွင်း ဟော်မုန်းတွေအပြောင်းအလဲဖြစ်တာကြောင့် ရာသီသွေးလုံးဝ ရပ်သွားပါတယ်။ ဒါပေမယ့်တစ်ချို့ ကိစ္စတွေရှိတတ်ပါတယ်။ 
                                                                                                                            
ကိုယ်ဝန်
                                                                                                ရှိနေပြီးဟော်မုန်းအပြောင်းအလဲကြောင့် ရာသီ မရပ်ခင်လေး တစ်လထဲနဲ့ ၂ ခါလာသွားတာမျိုးတွေ ရှိတတ်ပါတယ်။ 
                                                                                                                            
သိုင်းရွိုက် ဟော်မုန်းများြ
                                                                                                ခင်း  - ကိုယ်တွင်းက ဟော်မုန်းတွေကို ထိန်းချုပ်နေတဲ့ သိုင်းရွိုက်ဟော်မုန်းများသွားတဲ့အခါ တစ်လထဲ ရာသီ ၂ ခါလာတာ။ ရာသီသွေး ဆင်းများတာမျိုးတွေ ဖြစ်တတ်ပါတယ်။  သွေးဆုံးခါနီး ရှေ့ပြေးလက္ခဏာတွေထဲတွင် တစ်လထဲ ရာသီ ၂ ခါ လာတာ   ပါပါတယ်  -
                                                                                                                            
သွေးဆုံး
                                                                                                ခါနီးအချိန်ဆိုတာအမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်တွင်းက ဟော်မုန်းတွေအပြောင်းလဲဆုံးအချိန်ပါ။ ဒါကြောင့် ဟော်မုန်းတွေပေါ် မှီခိုနေရတဲ့ ရာသီစက်ဝန်းလည်း ကမောက်ကမ ဖြစ်ပြီး ရာသီသွေးဆင်းနည်းတာ၊ များတာ၊ ရာသီထိန်တာ ၊ တစ်လထဲ ရာသီ ၂ ခါပြန်လာတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ရာသီ စစလာချိန်အပျိုဖော်ဝင်စအချိန် - ရာသီစစလာတဲ့
                                                                                                                            
အပျိုဖော်ဝင်
                                                                                                စအချိန်မှာဆို လည်း ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်တာကြောင့် တစ်လတည်း ရာသီ ၂ ခါလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်အတက်အကျ - 
                                                                                                                            
ကိုယ်အလေးချိန်
                                                                                                ရုတ်တရက် များလားတာ၊ ရုတ်တရက် ကျဆင်းသွားတာတွေကလည်း ဟော်မုန်းအပြောင်းအလဲကို ဖြစ်စေတာကြောင့် ရာသီသွေး တစ်လတည်း ၂ ခါလာတာကို ဖြစ်စေတတ်ပါတယ်။အရက်သောက်များတာ - 
                                                                                                                            
အရက်
                                                                                                တို့ ဘီယာတို့ဆိုတာအသည်းကို ထိခိုက်စေတယ်ဆိုတာအားလုံးသိကြပါတယ်။အသည်းဆိုတာကလည်းအမျိုးသမီးတစ်ယောက်မှာအရေးကြီးတဲ့ ဟော်မုန်းတွေ ဖြစ်တဲ့အီစတိုဂျင်နဲ့ ပရိုဂျက်စတုန်း  ဟော်မုန်းကို ထိန်းညှိပေးနေတာကြောင့်အသည်းမှာ ပြဿနာတစ်ခုခုဖြစ်တာနဲ့ ဟော်မုန်းတွေ ကမောက်ကမ ဖြစ်ပြီး တစ်လထဲ ရာသီသွေး ၂ ခါ ပေါ်တာတွေ ဖြစ်တတ်ပါတယ် ။ ။ ဒါတွေအားလုံးက တစ်လထဲ ရာသီ ၂ ခါ လာစေတဲ့အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရာသီ( ဓမ္မတာ ) ဆိုတာ တစ်လကို တစ်ခါပဲ ပုံမှန်လာသင့်တာမို့ ပုံမှန် မဟုတ်တဲ့ တစ်လထဲ ၂ ခါပြန်လာတာမျိုး ဖြစ်ခဲ့ရင် မပေါ့ဆဘဲ ဘာအကြောင်းကြောင့်လဲဆိုတာ သိဖို့ ဆရာဝန်ဆီ သွားပြသင့်ပါတယ်။အကြောင်းအရင်းကို သိမှ ကုသလို့ရမှာလေနော် ။ ။ 
                                                                                                                            
Hello Health Group
                                                                                                  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။