
ဒိုက်ထိုး လေ့ကျင့်ခန်း (Push-Up) ဆိုတာ ပစ္စည်းကိရိယာ(အလေးတုံး) မလိုအပ်ဘဲ ကိုယ့်ရဲ့အိမ်မှာအလွယ်တကူ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ လက်မောင်းအပေါ်ပိုင်း၊ ရင်အုပ်နဲ့ ပခုံးမှာ ရှိတဲ့
ကြွက်သားတွေ
ကို ကျစ်လျစ်စေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် ခွန်အားဖြစ်စေတယ်။ လက်ကောက်ဝတ်နဲ့ ပခုံးရိုးတွေကို သန်စွမ်းစေတယ်။ နှလုံးခုန်နှုန်း မြန်စေပြီး သွေးလည်ပတ်မှုကောင်းစေတယ်။ မှန်ကန်တဲ့ နည်းလမ်းနဲ့ နေ့စဉ်လုပ်ပေးမယ်ဆိုရင် သက်လုံကောင်းစေပြီး ခါးအောက်ပိုင်းကိုပါ သန်စွမ်းစေလို့
အမျိုးသားတွေ
အတွက်တော့ နေ့စဉ်အလွယ်တကူ ပြုလုပ်ပေးသင့်တဲ့
လေ့ကျင့်ခန်
းထဲမှာ ပါဝင်ပါတယ်။
တစ်နေ့ကို ဒိုက်ဘယ်နှစ်ကြိမ် ထိုးသင့်လဲ။
ပထမဆုံး လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ဘယ်သူမှအကြိမ်ရေများများ
ဒိုက်ထို
းနိုင်မှာ မဟုတ်ပါဘူး။ တစ်မိနစ်၊ တစ်ရက်အတွင်းမှာ ဘယ်နှစ်ကြိမ် ထိုးနိုင်လဲ၊အချိန်ကြာလာတာနဲ့အမျှအကြိမ်ရေ ဘယ်လောက်များများ ပိုထိုးလာနိုင်လဲဆိုတာကို လေ့လာလို့ ရပါတယ်။ စတင်ဒိုက်ထိုးကာစမှာတော့ နာကျင်မှုဝေဒနာ၊ ကိုယ်လက် ညောင်းကိုက်နေတာ ခံစားမိမှာပါ။အစောပိုင်းမှာအကြိမ်ရေ နည်းနည်းနဲ့ စတင်ကစားရာကနေ ၂လအတွင်း တစ်နေ့ကိုအကြိမ် ၁၀၀ ထိ ပုံမှန်ကစားပေးနိုင်တဲ့အထိ ကိုယ်ခန္ဓာအပေါ်ပိုင်း သန်စွမ်းလာနိုင်ပါတယ်။
ဒိုက်ထိုးလေ့ကျင့်ခန်း ပြုလုပ်တော့မယ်ဆိုရင် ဘာတွေသိထားသင့်လဲ။
လေ့ကျင့်ခန်း မပြုလုပ်ခင်၊ ပြုလုပ်ပြီး နာရီဝက်ခြားပြီးမှအစာစားသင့်ပါတယ်။ မလုပ်ခင်မှာ ကြိုတင်ပြီး
ရေများများသောက်
ပါ။
ကိုယ်တတ်နိုင်သလောက်အကြိမ်ရေအတိုင်း လုပ်ကြည့်ပါ။
ပုံစံတစ်မျိုးတည်း မဟုတ်တဲ့ ဒိုက်ထိုးနည်းလမ်းတွေကို စမ်းသပ်လုပ်ကြည့်ပါ။
ပရိုတင်
း၊
ကယ်လ်စီယမ်
ပါတဲ့အစားအစာတွေကို များများစားပေးပါ။
ပုံမှန်အတိုင်း ဒိုက်ထိုးရတာအရမ်းပင်ပန်းတယ်လို့ ခံစားရရင် ဒူးထောက်ပြီးဖြစ်စေ၊ ခြေထောက်ကို နံရံဖြင့် ကပ်ထားပြီးဖြစ်စေ ထိုးပေးပါ။
နောက်တစ်ခေါက် လေ့ကျင့်ခန်းမလုပ်ခင်မှာ စက္ကန့် ၃၀ ကနေ တစ်မိနစ်ခန့် နားပြီးအမောဖြေပါ။
မှန်ကန်သော သမားရိုးကျ ဒိုက်ထိုးနည်းလမ်း
အရင်ဆုံး ကြမ်းပြင်၊ ဖျာပေါ် လေးဘက်ထောက်အနေအထားဖြင့် ဒူးထောက်ထားပါ။
ဒူးကိုအနောက်သို့ ရွှေ့ပြီး ကြမ်းပြင်နဲ့ ကိုယ်ခန္ဓာ တစ်ပြေးညီတည်းဖြစ်အောင် ထားပါ။
တင်ပါး
ကိုအပေါ်နည်းနည်း မြှင့်ပေးပါ။
ကိုယ် ကျွမ်းကျင်ရာပေါ်မူတည်ပြီး လက် ၂ဖက်ကို ကိုယ်နဲ့ စုကပ်ထားတာဖြစ်စေ၊ ဘေးနည်းနည်း ခွာပြီးဖြစ်စေ ထောက်ထားပါ။
ဖြည်းဖြည်းချင်း ကိုယ့်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ကြမ်းပြင်ဆီသို့ ရောက်အောင် နှိမ့်ချပါ။
ဒိုက်ထိုးနေချိန်မှာ ခေါင်း၊ ကျောရိုးနဲ့ တင်ပါးဟာ တစ်သမတ်တည်း ဖြစ်နေပါစေ။
လက်မောင်းအားကိုအသုံးပြုပြီး ခန္ဓာကိုယ်ကို မူလစခဲ့တဲ့ ပုံစံရောက်သည်အထိအပေါ်မြှင့်တင်ပါ။
ဒီပုံစံအတိုင်းပဲ ၁၀ကြိမ် သို့မဟုတ် ကိုယ်လုပ်နိုင်သလောက်အကြိမ်ရေထိ ဒိုက်ထိုးလေ့ကျင့်ခန်း ပြုလုပ်ပါ။ ၁၀ ကြိမ် တစ်ခေါက် ပြုလုပ်ပြီးတိုင်း ခဏအနားယူပေးပါ။
ပြီးသွားရင် နောက်တစ်ခေါက် ပြန်စပါ။ လေ့ကျင့်ခန်း စတင်လုပ်ကာစမှာ ကိုယ်က ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရှားပေးဖို့အခက်အခဲရှိတယ်ဆိုရင် ဒူးခေါင်းကို မဆန့်တန်းဘဲ လေးဘက်ထောက်အနေအထားဖြင့် ဒိုက်ထိုးပေးလို့ ရသလို၊ ခြေထောက်ကို နံရံနဲ့ ထိကပ်အားယူပြီး ဒိုက်ထိုးပေးလို့ ရပါတယ်။ လက်ကောက်ဝတ်ကိုအားပြုပြီး ဒိုက်မထိုးနိုင်တာ၊ လက်အရိုးအဆစ်တွေ နာကျင်ကိုက်ခဲနေပြီဆိုရင် လက်ကောက်ဝတ်အစား လက်ဖျံကို ကြမ်းပြင်နဲ့ ထိကပ်ပြီး ဒိုက်ထိုးပေးနိုင်ပါတယ်။
ဒိုက်ထိုးနေစဉ်မှာ မလိုအပ်တဲ့ ထိခိုက်မှုမျိုးတွေ ကင်းဝေးစေဖို့
၁။ ဘယ်လေ့ကျင့်ခန်းကိုမဆို နည်းစနစ်နဲ့ ကိုယ်ခန္ဓာအနေအထား မှန်ကန်ဖို့ လိုအပ်ပါတယ်။ ၂။ လေ့ကျင့်ကာစမှာအားကစားအကြောင်း နားလည်တဲ့ လူကြီး သို့မဟုတ်အားကစားနည်းပြရဲ့အကူအညီဖြင့် ကစားပေးပါ။ ၃။ ကိုယ် ဆော့နိုင်တဲ့အတိုင်းအတာထက် ပိုဆော့တာမျိုး မလုပ်ပါနဲ့။ ၄။ လက်ကောက်ဝတ်၊ လက်အရိုးအဆစ်တွေ ထိခိုက်မိထားရင် ဒိုက်မထိုးပါနဲ့။အစပိုင်းမှာ ကောင်းကောင်းဒိုက်မထိုးနိုင်လို့ စိတ်ပျက်တာမျိုး၊ လုံးဝရပ်လိုက်တာမျိုး မလုပ်ပါနဲ့။ ဒိုက်ထိုးတာ ကြာလာတာနဲ့အမျှ ကိုယ်ခန္ဓာအပေါ်ပိုင်းမှာ ရှိတဲ့
ကြွက်သားေ
တွ တောင့်တင်းသန်မာလာပြီးအကြိမ်ရေများများဖြင့် ပြင်းပြင်းထန်ထန် လုပ်လာနိုင်မှာပါ။အားကစားခန်းမကို သွားဖို့အချိန်မရှိတဲ့
အမျိုးသားတွေ
အတွက်အချိန်နည်းနည်းပေးပြီး ဒိုက်ထိုးပေးရုံနဲ့ ကျန်းမာပြီး ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ကို ရရှိနိုင်ပါတယ်။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။