ကိုယ်ဝန်
ရှိမရှိသိဖို့ဆိုအိမ်မှာ
ဆီးစစ်
ကြည့်လေ့ရှိတယ်မလား။အဲဒီမှာ ၂ ကြောင်းပေါ်ရင် ကိုယ်ဝန်ရှိတယ်။ တစ်ကြောင်းတည်းပေါ်ရင် ကိုယ်ဝန် မရှိဘူးဆိုတဲ့အဖြေတွေထုတ်ပေးတယ်လေ။ ဒီလို ကိုယ်ဝန်ရှိမရှိ ဆီးစစ်တာနဲ့တင်အဖြေတွေထုတ်နိုင်အောင် လုပ်ပေးနေတဲ့ နောက်ကွယ်က ဇာတ်လိုက်တစ်ယောက်ရှိပါတယ်။ သူကတော့ HCGဟော်မုန်း ပဲ ဖြစ်ပါတယ်။
HCG ဟော်မုန်းဆိုတာ ဘာလဲ ။ ။
HCG ရဲ့အရှည်ကောက်က Human chorionic gonadotropin ဟော်မုန်းဖြစ်ပြီး beta human chorionic gonadotropin (b-HCG)လို့လည်း သိကြပါတယ်။ သူက
ကိုယ်ဝန်
ရှိကြောင်း မရှိကြောင်းကိုအဖြေထုတ်ပေးနိုင်တဲ့ ဟော်မုန်းတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ HCG ဟော်မုန်းကို ကိုယ်ဝန်ရှိမှ ဖြစ်တည်လာတဲ့
အချင်း
က ထုတ်ပေးတဲ့အတွက်ကြောင့်ပါ။
HCG ကို ဘယ်အချိန်မှာ စစ်ကြည့်လို့ရလဲ ။ ။
မျိုးအောင်
သွားတဲ့ သန္ဓေသားလေး သားအိမ်မှာတွယ်ပြီး ရက်ပိုင်းအတွင်းမှာတင် ဆီးကနေတစ်ဆင့် HCG ဟော်မုန်းကို စစ်ကြည့်လို့ရတာပါ။ ဒါပေမယ့်လည်း ဘယ်အချိန်မှာ မျိုးအောင်သွားလဲဆိုတာ
ရာသီ
တစ်လမလာတော့မှပဲ သိကြတာများအတွက် ဆီးစစ်ဖြစ်တဲ့အချိန်ဆိုအနည်းဆုံး
ကိုယ်ဝန်
က ၁လ မပြည့်တပြည့်တော့ရှိနေတတ်ကြပါတယ်။ ဒီလို ကိုယ်ဝန်သက် တစ်လလောက်ရှိပြီဆိုရင် HCG ဟော်မုန်းက များနေမှာ ကျိန်းသေတာကြောင့် ဆီးစစ်ကြည့်လိုက်တာနဲ့ ၂ ကြောင်းပေါ်မှာပါ။
HCG ပမာဏတွေကရော ဘယ်လောက်များနေနိုင်လဲ ။ ။
ကိုယ်ဝန်စရှိတဲ့
သန္ဓေအောင်ြ
ပီး မျိုးဥလေး စပြီး သားအိမ်ကိုတွယ်တဲ့အချိန်ကနေ ကိုယ်ဝန်သက် ၁၀ပတ်အချိန်တွင်းမှာ HCG ဟော်မုန်းပမာဏ တဟုန်ထိုးတက်လာနိုင်ပါတယ်။ ၂ရက် ၃ ရက်တစ်ခါလောက်ကို နှစ်ဆ နှုန်းနဲ့ တက်တက်လာတာပါ။ ဆိုလိုတာက ဒီနေ့ HCG ပမာဏ ၂ ရတယ်ဆိုပါတော့ နောက်နေ့ကျရင် ၄၊ ၈ ၊၁၆….. ဒီလိုနဲ့ တက်တက်သွားတာကို ပြောချင်တာပါ။အတိအကျပြောရရင် ကိုယ်ဝန်စစရှိနေတဲ့
HCG ဟော်မုန်း
တက်နေတဲ့အချိန်မှာဆို ပမာဏ ၂၅၀၀၀ - ၅၀၀၀၀ လောက်အထိ မြင့်တက်နေနိုင်ပါတယ်။အမြင့်ဆုံး ပမာဏ ၁၀၀၀၀၀ လောက်အထိကို တက်နိုင်ပြီး နောက်ပိုင်းမှာပြန်ကျရင်ကျ မကျရင်လည်း ၁၀၀၀၀၀ ပတ်ချာလည်မှာပဲ ရှိနေပါတော့တယ်။
ကိုယ်ဝန်ရှိရက်သားနဲ့ နောက်ပိုင်းကျ HCG ဟော်မုန်းတွေ ကျသွားတာလဲ။ ။
HCG ဟော်မုန်းကို
အချင်း
ကထုတ်ပေးတယ်ဆိုတော့ ကိုယ်ဝန်သက်ရင့်လာလေလေ ဟော်မုန်းပမာဏ များနေလေလေဖြစ်ရမှာကို ဘာကြောင့် ဆက်မတက်တော့ဘဲ ကျသွားတာမျိုးတွေဖြစ်ရတာလဲ။ ဒီအတွက်အဖြေရှိပါတယ်။ ကိုယ်ဝန်သက်ရင့်လာတဲ့အခါအီစတိုဂျင်တွေ
ပရိုဂျက်စတုန်း
ဟော်မုန်းတွေကပဲ ထိန်းချုပ်တော့တာကြောင့် HCG ဟော်မုန်းရဲ့အခန်းကဏ္ဍမှေးမှိန်သွားရတာဖြစ်ပါတယ်။
HCG တစ်ခုတည်းကို ကြည့်ပြီး ကျန်းမာတဲ့ကိုယ်ဝန် ဟုတ်လား မဟုတ်ဘူးလား ပြောလို့ရလား ။
HCG ဟော်မုန်းဟာ ၄၈နာရီတိုင်း ၂ ဆတက်တယ်ဆိုတဲ့အကြောင်းကိုအပေါ်မှာ ပြောထားခဲ့ပြီးပါပြီ။ သူ့ပမာဏကလည်း ၂၅၀၀၀ ကနေ ၁၀၀၀၀၀ လောက်ထိ ကွာခြားနေတာကြောင့် သူတစ်ခုတည်းကို ကြည့်ပြီး ကျန်းမာတဲ့ ကိုယ်ဝန် ဟုတ်မဟုတ်ပြောဖို့တော့ခက်ပါတယ်။ဒါပေမယ့် ကိုယ်ဝန်မှာ တစ်ခုခုဖြစ်နေတဲ့အခါ၊
သားအိမ်ပြင်ပ
မှာကိုယ်ဝန်တည်နေတဲ့အခါမျိုးမှာ HCG တရှိန်ထိုး မဟုတ်ဘဲဖြည်းဖြည်းချင်းပဲ တက်နေတတ်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ်ဝန်အစောပိုင်းကာလမှာ သွေးဆင်းပေမယ့် HCG စစ်ကြည့်လို့ နှစ်ဆ နှုန်းနဲ့ တက်နေတယ်ဆိုရင် ဒီကိုယ်ဝန်ဟာ ကျန်းမာတယ်လို့အကြမ်းဖျင်းပြောလို့ရပါတယ်။ ။ HCG ဟော်မုန်းပမာဏကို ကြည့်ပြီးအမြွှာကိုယ်ဝန်လားဆိုတာကို ပြောနိုင်လား ။ ။ ပြောနိုင်ပါတယ်။
အမြွှာကိုယ်ဝန်ေ
တွမှာဆို HCG ပမာဏအခြားကိုယ်ဝန်တွေထက်အများကြီးပိုတက်နေနိုင်ပါတယ်။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။