ကိုယ်ဝန်အစောပိုင်းကာလမှာ ဗိုက်အောင့်ဗိုက်နာတာ ဘာကြောင့် ဖြစ်ရတာလဲ။ စိုးရိမ်ရလား ။ ။
hellosayarwon.com
|
2019-03-13

 

ကိုယ်ဝန်ဆောင် တဲ့အချိန်မှာ

သွေးဆင်း တာ၊

ဗိုက်နာ တာ၊ ဗိုက်အောင့်တာတွေဖြစ်ရင်

ကိုယ်ဝန်ပျက်ချ င်တာမသိဘူးဆိုပြီး စိုးရိမ်တတ်ကြသူချည်းပါပဲ။ ကိုယ်ဝန်ဆောင်ချိန် ဗိုက်အောင့်ဗိုက်နာဖြစ်တယ်ဆိုတာနဲ့ ကိုယ်ဝန်ပျက်ကျတော့မှာလား။ ဒါမှမဟုတ် ဖြစ်နေကျပဲလားဆိုတဲ့အကြောင်းလေးကို ဒီဆောင်ပါးလေးထဲမှာ ပြောပြပေးမှာပါ။ ဘယ်လို နာတာမျိုးက ပုံမှန်ဖြစ်နေကျဆိုတာရယ်၊ ဘယ်လိုအချိန်ဆို စိုးရိမ်ရလဲဆိုတာတွေကို ပြောပြပေးမှာပါ။ ကိုယ်ဝန်ဆောင်နေတဲ့ မေမေတို့ သေချာ သိထားသင့်တယ်နော် ။ ။ ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ဗိုက်အောင့်ဗိုက်နာဖြစ်ရင် စိုးရိမ်စရာမရှိတဲ့ ဗိုက်အောင့်တာမျိုးနဲ့ စိုးရိမ်ရတဲ့ ဗိုက်နာတာမျိုးဆိုပြီး ၂ မျိုးရှိပါတယ်။ စိုးရိမ်စရာ မရှိတဲ့ ဗိုက်အောင့်တာဆိုတာ ကိုယ်ဝန်ဆောင်ချိန်မှာ ပြောင်းလဲလာတဲ့ ကိုယ်ခန္ဓာ ဖွံဖြိုးပြောင်းလဲမှုတွေကြောင့် ဖြစ်ရတာပါ။ ဘာတွေလဲဆိုတာ ကြည့်ရအောင်။  ။

ကိုယ်ဝန်ဆောင်ချိန်ဆို ဖြစ်နေကျ စိုးရိမ်စရာမရှိသည့် ဗိုက်အောင့်စေတတ်သောအကြောင်းအရင်းများ ။


၁ - သားအိမ် ကြီးထွားလာခြင်း။ ။
ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကြီးထွားလာတဲ့ သားအိမ်ကြောင့် ဗိုက်ကြီးတင်းပြည့်နေသလို ခံစားရပြီးအခန့်မသင့်ရင် ဗိုက်အောင့်တာမျိုးတွေဖြစ်တတ်ပါတယ်။

၂ - Round ligament pain ( သားအိမ်အရွတ်နာခြင်း)
သားအိမ်ကြီးလာတဲ့အခါ သားအိမ်ကနေပြီး ပေါင်ရင်းထိဆင်းသွားတဲ့ Round ligament  လို့ခေါ်တဲ့အရွတ်ကို ဆွဲတင်းလိုက်သလိုဖြစ်တာကြောင့် ဗိုက်အောက်ပိုင်းအောင့်တာမျိုးတွေဖြစ်တတ်ပါတယ်။အရွတ်က ပေါင်ရင်းထိပါရှိနေတာကြောင့် နာနေတဲ့အနာက ပေါင်ရင်းထိပါ ပြန့်သွားတတ်ပါတယ်။ ဒီလိုဗိုက်အောင့်တာမျိုးက ကိုယ်ဝန် ဒုတိယ ၃ လမှာစဖြစ်တတ်ပြီး သူ့ဘာသာ ပြန်ပျောက်သွားတတ်ပါတယ်။

၃ - ဝမ်းချုပ်ခြင်း ။


ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ် တယ်ဆိုတာ ပုံမှန်အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ ဒါတွေအတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်နေတဲ့ progesterone ဟော်မုန်းကိုအပြစ်တင်ရမှာပါ။ သူကအစာအိမ်နဲ့အူလမ်းကြောင်း လှုပ်ရှားမှုကို နှေးသွားအောင် လုပ်လိုက်တာကြောင့် ဝမ်းပုံမှန်သွားဖို့ ခက်ခဲသွားတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်သည်တွေ ရေများများသောက်ဖို့၊အမျှင်ဓာတ်များတဲ့အစားအသောက်တွေ စားဖို့အရေးကြီးတာပါ။

၄ - လေအောင့်ခြင်း။ ။
ကိုယ်ဝန်သည်တွေမှာ လေထစေတဲ့ တရားခံကို စဉ်းစားလိုက်ရင် 

progesterone ဟော်မုန် းကိုသာအပြစ်တင်ရပါလိမ့်မယ်။ progesterone ဟော်မုန်းရဲ့ကြွက်သားတွေကို ပြေလျော့စေတဲ့အာနိသင်ကြောင့်အူလမ်းကြောင်းက ကြွက်သားတွေ ပြေလျော့သွားပြီးအစာခြေအားနည်းသွားပါတယ်။ ဒီလိုနဲ့ 

အစာမကြေ  လေထိုးလေအောင့်တွေ ဖြစ်လာတော့တာပါပဲ။  ။

၅ - Braxton Hicks contractions
Braxton Hicks ဆိုတာ

သားအိမ်ခေါင်းကျယ် လာလို့ ဗိုက်နာပြီးညှစ်တဲ့ ပုံစံမျိုးနဲ့ မတူပါဘူး။ သူက ကိုယ်ဝန်ဆောင်တွေ စိတ်ညစ်ရလောက်အောင် ဗိုက်နာခြင်းကို ဖြစ်စေတဲ့ ညှစ်အားတစ်မျိုး ဖြစ်ပေမယ့် မွေးခါနီး ညှစ်ချင်တဲ့ ဗိုက်နာမှုမျိုးနဲ့တော့ မတူပါဘူး။ ဗိုက်ကညှစ်နာနေတယ်ဆိုပေမယ့် ရုပ်ရှင်ကြည့်နေနိုင်တယ်၊ ထမင်းစားနိုင်တယ် ၊ စာအေးဆေးဖတ်နေနိုင်သေးတယ်ဆိုရင် မွေးချင်လို့နာတာမျိုး မဟုတ်ဘဲ  Braxton Hicks contractions ကြောင့်နာတာပါ။ ရေဓာတ်ခမ်းခြောက်ရင်လည်း Braxton Hicks contractions ဖြစ်နိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်ဆို ရေများများသောက်ဖို့လိုအပ်တာပါ။ Braxton Hicks contractions ကြောင့် ဗိုက်နာတာလား၊ မွေးချင်လို့ ဗိုက်နာတာလား မသဲကွဲဘူးဆိုရင် ဆရာဝန်ဆီသွားပြပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို ဗိုက်အောင့် ဗိုက်နာတာတွေဖြစ်ရင် စိုးရိမ်ရလဲ ။ ။
ကိုယ်ဝန်ဆောင်ချိန် ဗိုက်အောင့်တာအပြင် သွေးဆင်း၊အဖျားတက်၊ သွေးပေါင်ကျတာမျိုးတွေပါ တွဲရှိရင်တော့ ဒါဟာ စိုးရိမ်စရာအခြေအနေကို ရောက်ရှိလာပါပြီ။

နေရာမှား သန္ဓေတည်ခြင်း ( ectopic pregnancy ) – သန္ဓေအောင်လာတဲ့ မျိုးဥလေးဟာ သားအိမ်မှာမတည်ဘဲ  သားဥပြွန်မှာ သွားပြီး သန္ဓေမှားတည်တတ်ပါတယ်။  ဒီလိုနဲ့ ကိုယ်ဝန်သက် ၆ပတ်ကနေ ၁၀ ပတ်လောက်မှာ ဗိုက်ပြင်းထန်စွာနာပြီး သွေးဆင်းတာတွေ စဖြစ်လာပါတယ်။ ဒီလို နေရာမှား သန္ဓေတည်ရင်ကိုယ်ဝန်သက်ရလာတာနဲ့အမျှအချိန်မရွေး ပြွန်ကွဲသွားနိုင်ပြီး သွေးဆင်းလွန်တတ်တာကြောင့် သတိထားရမယ့် စိုးရိမ်စရာပြဿနာ တစ်ခုပါ။

ကိုယ်ဝန်ပျက်ကျြ ခင်း - ကိုယဝန်အစောပိုင်းကာလမှာဖြစ်တဲ့ ဗိုက်အောင့်ဗိုက်နာခြင်းတွေထဲမှာ ကိုယ်ဝန်ပျက်ကျတာကို လုံးဝ ချန်ထားခဲ့လို့မရပါဘူး။ ဗိုက်အောင့်တာကလည်း ပြင်းထန်မယ်၊ သွေးဆင်းလည်းများမယ်ဆိုရင် ဒါ ကိုယ်ဝန်ပျက်ကျတာ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်ခြင်း -အရင်က သွေးတိုးမရှိဘဲ ကိုယ်ဝန်ဆောင့်တော့မှ သွေးပေါင်တွေတက်လာပြီဆိုရင် ဒါ

ကိုယ်ဝန်ဆိပ် တက်တာဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်သက်အပတ် ၂၀ နောက်ပိုင်းဆို စဖြစ်တတ်ပြီး သွေးတိုးကြောင့် သားအိမ်သွေးကြောတွေကျဉ်းသွားရာကနေ ဗိုက်အောင့်လာရတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာတွေကတော့ ဗိုက်အပေါ်ပိုင်း ပြင်းထန်စွာအောင့်တာအပြင် ပျို့အန်တာ၊ ခေါင်းကိုက်တာနဲ့အမြင်အာရုံ ဝေဝါးတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်တာကို ပေါ့ပေါ့ဆဆနေလိုက်ရင် သားအိမ်ကွာကျတာမျိုးတွေ ဖြစ်တတ်တာကြောင့် ဆေးကုသမှုသေချာခံယူဖို့လိုတဲ့ ပြဿနာတစ်ခုပါ။ ဒါတွေကတော့ ကိုယ်ဝန်အစောပိုင်းကာလမှာ ဖြစ်တတ်တဲ့ ဗိုက်အောင့်ဗိုက်နာစေတတ်တဲ့အကြောင်းတွေဖြစ်ပါတယ်။ ဖြစ်တတ်တဲ့အကြောင်းတွေကိုသိထားတော့ ဘယ်ဟာဆို စိုးရိမ်ရလဲ ခွဲခြားလို့ရသွားပြီး ဆေးကုသမှု စောစောခံယူလို့ရတာပေါ့။  ။

Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။  




Some text some message..