ကလေး
ကအရွယ်လေးရောက်လာပြီအစားမစားဘူး၊
နို့ဗူ
းပဲသောက်နေတယ်၊အစားစားအောင်လို့ နို့ဗူးဖြတ်ချင်တယ်။ ဒါပေမယ့်ဘယ်လိုလုပ်ရမလဲ မသိဘူးဆိုတဲ့ မေမေတွေများရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကအဆင်ပြေစေမှာပါနော်။ ကလေးကို နို့ဗူးရေရှည်စွဲတိုက်တာက ကောင်းကျိုးထက်ဆိုးကျိုးပိုများပါတယ်။
ကလေးကို ဘယ်အချိန်မှာ နို့ဗူးစဖြတ်မလဲ
ကလေးကို နှစ်နှစ်အထိ
မိခင်နို့
တိုက်ပေးတာက ခန္ဓာကိုယ်ကိုကျန်းမာစေနိုင်သလို
ဦးနှောက်
နဲ
့ဉာဏ်ရည်ဖွံ့ဖြိုးမှု
အတွက်အထောက်အပံ့ပေးတယ်ဆိုပေမယ့် နို့ဗူးတိုက်တာကတော့ ဒီလိုမဟုတ်ပါဘူး။ ကလေးကိုအသက်တစ်နှစ်လောက်ရောက်လာပြီဆိုရင် မိခင်နို့နဲ့ဖြည့်စွက်စာကိုပဲအာဟာရပြည့်အောင်ကျွေးမွေးပြီး နို့ဗူးတိုက်တဲ့အကျင့်ကို ဖျောက်ရပါမယ်။ ဒီလိုမှ ကလေးမှာ နို့ဗူးရေရှည်စွဲသောက်တာကြောင့် ဖြစ်နိုင်တဲ့
အဝလွန်တာ
၊
သွားပိုးစားတာ
၊ ကြီးထွားမှုနှေးတာနဲ့အာဟာရမပြည့်တာလိုမျိုး
ကျန်းမာရေးပြဿနာတွေ
ကို ဖြေရှင်းနိုင်မှာပါ။
နို့ဗူးဖြတ်တဲ့အခါ ဒီနည်းလမ်းတွေကအသုံးတည့်နိုင်ပါတယ်
ကလေးတော်တေ်ာများများက နို့ဗူးစို့ရတာကို တော်တေ်ာလေးသဘောကျတတ်တာမျိုးလည်းရှိပါတယ်။ ဒီလိုအခြေအနေမျာတော့ နို့ဗူးဖြတ်ဖို့ကအခက်ကြုံနိုင်တာပေါ့။ နို့ဗူးဖြတ်တာက
မိဘတွေ
အတွက်တော်တေ်ာလေးကြီးမားတဲ့ စိန်ခေါ်မှုပါ။ ဒီလိုဆိုတာနဲ့ နို့ဗူးကိုလုံးဝဖြတ်လို့မရတာတော့မဟုတ်ပါဘူး။ နည်းနည်းတော့ ခက်ခဲနိုင်တာပေါ့။အခုပြောပြမယ့်နည်းလမ်းလေးတွေက ကလေးတစ်ယောက်ကို နို့ဗူးဖြတ်တဲ့အခါအသုံးတည့်မှာပါနော်။ ကလေးကိုနို့ဖြတ်တော့မယ်ဆိုရင် ခွက်နဲ့သောက်တတ်အောင်လုပ်ပေးပါ -အသက် ၆ လအရွယ်မှာ ကလေးကို နို့ဗူးအစား ခွက်နဲ့ သောက်တတ်တဲ့အလေ့အကျင့်ကိုလုပ်ပေးပါ။ တစ်ချိန်လုံး ခွက်နဲ့ပေးသောက်ရမယ်၊လို့မဆိုလိုပါဘူး။ တစ်နေ့ကို တစ်ကြိမ်လောက်ဖြစ်ဖြစ် ခွက်နဲ့သောက်ပေးစေတာမျိုးပေါ့။ လူကြီးကခွက်ကိုထိန်းပေးထားဖို့တော့လိုအပ်ပါမယ်နော်။
နို့မှုန့်
ကနေ
နွားနို့ေြ
ပာင်းတိုက်ပါ - ကလေးအသက် ၁ နှစ်လောက်ဖြစ်လာပြီဆိုရင် ကလေးကို နို့မှုန့်အစား နွားနို့ပြောင်းတိုက်ဖို့လုပ်ပေးပါ။ နွားနို့ကို ဗူးနဲ့မတိုက်ဘဲ ခွက်နဲ့တိုက်ပေးဖို့လုပ်ပေးပါ။ မိခင်နို့ကိုတော့ ဆက်တိုက်နေပေးပါ။ ဖြစ်နိုင်ရင်
မိခင်နို့
ကို ညှစ်ထုတ်ပြီး ခွက်နဲ့တိုက်ပေးပါ။ ကလေးကိုခွက်လှလှလေးဝယ်ပေးပါ - ကလေးကို ခွက်နဲ့သောက်တတ်ဖို့ဆိုရင် လုပ်ပေးနိုင်မယ့်နောက်ထပ်ကောင်းတဲ့နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ ကလေးကို သောက်ချင်စရာလေးဖြစ်စေဖို့အတွက် ခွက်လှလှလေးဝယ်ပေးပါ။ ကလေးကိုချီးကျူးပေးပါ -ကလေးက ခွက်နဲ့ သောက်တဲ့အခါ တော်လိုက်တာ၊ ကလေးက သောက်တတ်တယ်တော့၊ လိမ္မာလိုက်တာဆိုတဲ့ ချီးကျူးစကားလေးတွေပြောပေးပါ။ ဒီလိုပြောပေးတာက ကလေးကို ခွက်နဲ့သောက်ချင်စိတ်ဖြစ်လာအောင် လှုံ့ဆော်ပေးရာကျပါတယ်။ ရေရောပါ - ကလေးသောက်ဖို့နို့ဖျော်တဲ့အခါ နို့မှုန့်နည်းနည်းနဲ့ရေများများလေးထည့်ပြီးဖျော်ပေးပါ။ နို့ကအရသာပေါ့နေမယ်ဆိုရင် ကလေးက သိပ်မသောက်ဖြစ်တော့ပါဘူး။ ဒီနည်းက ကလေးနို့ဗူးမသောက်အောင်လုပ်ဆောင်ရာမှာအသုံးတည့်နိုင်ပါတယ်။ ကလေးကိုသောက်ပြပါ -
ကလေးေ
ရှ့မှာထိုင်လို့ မေမေ့ကိုကြည့်ပါဦး၊လို့ စကားစမြည်ပြောပြီး ခွက်နဲ့သောက်ပြပေးပါ။ ကလေးက
မိခင်
လုပ်တဲ့အတိုင်းလိုက်လုပ်ချင်တာကြောင့် နို့ဗူးအစား ခွက်နဲ့ လိုက်သောက်ပါလိမ့်မယ်။ မြင်ကွင်းကနေဖျောက်ထားပါ - ကလေးလက်လှမ်းမီတဲ့နေရာ၊ မြင်သာတဲ့နေရာတို့မှာ နို့ဗူးကိုမထားပါနဲ့။ ကြောင်အိမ်ထဲထည့်သိမ်းထားတာမျိုးဖြစ်ဖြစ် မြင်ကွင်းကနေ ပျောက်နေလောက်တဲ့နေရာမျိုးမှာ ထားပေးပါ။ ကလေးက နို့ဗူးကို မမြင်တဲ့အတွက် နို့ဗူးစို့ဖို့ သတိမရတာမျိုးဖြစ်စေဖို့ပါ။ နို့ဗူးဖြတ်ရခက်နေတဲ့
သားသားမီးမီးလေးတွေ
ကို ဒီနည်းလေးတွေသုံးပြီး နို့ဗူးသောက်တဲ့အကျင့်ပျောက်အောင် ဖျောက်ကြည့်လိုက်ပါနော်။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။