ဘယ်သူနဲ့မှ မျှဝေမသုံးသင့်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း ခြောက်မျိုး
healthcare.com.mm
|
2019-03-14

ကျွန်တော်တို့အားလုံးနဲ့အခုလိုအခြေအနေမျိုးနဲ့ကြုံဖူးပါလိမ့်မယ်။ သူငယ်ချင်းက ချွေးနံ့ပျောက်ဆေး မေ့ခဲ့တာမျိုး ဒါမှမဟုတ်အခန်းဖော်က ဆပ်ပြာကုန်သွားတာမျိုးပေ့ါ။ အဲ့လိုအချိန်တွေမှာ သူတို့ကို မကူညီ ဘူးဆိုရင်တော့ တော်တော်ရိုင်းသွားလိမ့်မယ်လို့ခံစားမိမှာပေ့ါ။ ဒါပေမယ့် တစ်ချို့ပစ္စည်းတွေကတော့ သင့်ရဲ့ ခန္ဓာကိုယ်အတွက်ပဲ သုံးသင့်ပါတယ်။ သူငယ်ချင်းကို ဘယ်လောက်ချစ်ချစ်အောက်မှာဖော်ပြထားတဲ့ သန့် ရှင်းရေးပစ္စည်း ခြောက်မျိုးကိုတော့ ဘယ်သူနဲ့မှ မျှမသုံးသင့်ပါဘူး။ ၁။ ဆပ်ပြာတောင့် ၂၀၀၈ ခုနှစ်၊ ဖလော်ရီဒါတက္ကသိုလ်က ဘောလုံးသမားတွေကို ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ဆပ်ပြာတုံး တွေ မျှသုံးတဲ့လူတွေမှာ MRSA လို့ခေါ်တဲ့ ဆေးယဉ်ပါးနေတဲ့ဘက်တီးရီးယားပြည်တည်နာ ရောဂါပိုး ပြန်လည် ဖြစ်နိုင်ခြေများပါတယ်။ ဆပ်ပြာတုံးတွေမှာ ဘက်တီးရီးယားတွေ ကပ်ပါနေတတ်တာကြောင့် ရောဂါထိန်းချုပ်ရေးနဲ့ကြိုတင်ကာကွယ်ရေးစင်တာက ဆပ်ပြာတုံးအစား ဆပ်ပြာရည်တွေကိုအသုံးပြုဖို့အကြံပေးခဲ့ပါတယ်။ ဆပ်ပြာတုံးတွေကို မျှမသုံးသင့်ပေမယ့် ဆပ်ပြာရည်ဆိုရင်တော့ ရပါတယ်။ ၂။ ကိုယ်နံ့ပျောက်ဆေး ကိုယ်နံ့ပျောက်ဆေးတွေဆိုတာ ဘက်တီးရီးယားပိုးတွေရဲ့အနံ့အသက်ဆိုးရွားမှုကို နှိမ်နှင်းပေးတာပါ။ ဒီတော့ ဒီအဏုဇီဝပိုးတွေကိုသတ်ပစ်နိုင်တဲ့အရာတွေပါဝင်မှာပါ။ ချွေးနံ့ပျောက်ဆေးတွေဟာ သင့်ရဲ့ ချွေးထွက်မှုကို သာ လျော့နည်းစေပြီး ဒီ ချွေးနံ့ပျောက်ဆေးတောင့်မှာ ကပ်ပါလာမယ့် ပိုးတွေကို မသတ်နိုင်ပါဘူး။ တစ်ခု ကောင်းတာက ဒီနည်းနဲ့ရောဂါကူးစက်မှုမဖြစ်နိုင်လောက်ဘူးဆိုပေမယ့်အရေပြားဆဲလ်တွေ၊အမွှေးအမျှင်တွေ ကပ်နေတတ်ပြီး ဒီပစ္စည်းကို မျှသုံးမယ်ဆိုရင်တော့ တော်တော် ရွံဖို့ကောင်းမှာပါ။ ၃။ မုတ်ဆိတ်ရိတ်ဓားအမျိုးသမီးအရေပြားကျန်းမာရေးအစီအစဉ် ရဲ့ ဒါရိုက်တာ၊အရေပြားအထူးကုသမားတော် Bethanee J.Schlosser ရဲ့အဆိုအရ မုတ်ဆိတ်ရိတ်ဓားတွေဟာအသည်းရောင်အသားဝါ ဘီပိုး၊စီပိုးနဲ့HIV တို့ကူးစက်မှု မှာ ပါဝင်နေတယ်လို့ဆိုပါတယ်။ မုတ်ဆိတ်ရိတ်ဓားတွေကို မျှသုံးတာက မှိုရောဂါပိုး ကူးစက်တတ်ကြောင်း သိရှိရပြီးအထူးသဖြင့် ပွေးနာတွေအဖြစ်များတယ်လို့သူမက ဆိုပါတယ်။ ၄။ မျက်နှာသုတ်ပဝါ ညစ်ပတ်နေတဲ့ မျက်နှာသုတ်ပဝါတွေ၊အထူးသဖြင့် စိုစွတ်နေတဲ့ ပဝါတွေကို မျှဝေသုံးတာက မျက်စိနာ ရောဂါကနေ ကာလသားရောဂါအထိ ကူးစက်နိုင်ပါတယ်။ နောက်တစ်ခါ သူငယ်ချင်းတွေနဲ့ဟိုတယ်၊ တည်းခိုခန်းတစ်ခုခုမှာ တည်းပြီဆိုရင် ကိုယ့်ပဝါကို ကိုယ်မှတ်ထားပေတော့။ ၅။ သွားတိုက်တံ ကိုယ်အမြဲနမ်းနေတဲ့ ကိုယ့်ချစ်သူနဲ့ပဲဖြစ်ဖြစ်၊ သွားတိုက်တံကို မျှသုံးတာကတော့ တော်တော်ရွံဖို့ ကောင်းပါတယ်။ သွေးကတဆင့်ကူးစက်ရောဂါ တွေ ကူးစက်ခံရဖို့များတယ်လို့ ဆိုပါတယ်။ သွားတိုက်တာဟာ သွေးလမ်းကြောင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေရဲ့ ပမာဏကို မြင့်တက်စေပြီး သွားတိုက်တံမှာ ကျန်ခဲ့တဲ့ သွေးစသွေးနတွေကဆင့် ကြောက်စရာရောဂါတွေ ကူးစက်နိုင်ပါတယ်။ ၆။ လက်သည်းညှပ် လက်သည်းညှပ်တွေကနေ လက်သည်းမှိုစွဲခြင်းအပြင် သွေးကတဆင့်ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။အထူးသဖြင့် လက်သည်း၊ခြေသည်းညှပ်နေရင်းနဲ့အရေပြားကို ညှပ်မိတဲ့အခါမျိုးမှာပေ့ါ။ ဒါကြောင့် သင့်သူငယ်ချင်းက လက်သည်းညှပ်ဌားပါအုန်းလို့ပြောလာခဲ့ရင် လက်သည်းခြေသည်းညှပ်တဲ့အလှပြင်ခန်းမဆီ သွားဖို့အကြံပေးလိုက်ပါ။ Healthcare.com.mm Ref: Trend Myanmarသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..