Bladder Cancer (ဆီးအိမ် ကင်ဆာ)
healthcare.com.mm
|
2019-03-14

ဆီးခုံနေရာတွင် ရှိသော ပူဖောင်း ကဲ့သို့ ကျုံ့နိုင်ဆန့်နိုင်ပြီး ဆီးများကိုသိုလှောင်ထားနိုင်သော ကလီစာဖြစ်သည်။ ဆီးအိမ်ကင်ဆာဖြစ်လျှင် ဆီးအိမ်၏အတွင်းနံရံဆဲလ်များမှ စ၍ ဖြစ်ပေါ်လာနိုင်သည်။ မည်သည့်အသက်အရွယ်တွင်မဆိုဖြစ်နိုင်သော်လည်းအများအားဖြင့်အသက်ကြီးသောသူများတွင်ပို၍အဖြစ်များသည်။ ဆီးအိမ်ကင်ဆာဖြစ်သောသူများတွင် ရောဂါကို စောစီးစွာသိနိုင်ပြီး ကုသ၍ ရသော ကင်ဆာလည်းဖြစ်သည်။လက္ခဏာများ- ဆီးထဲတွင်သွေးပါခြင်း- ဆီးမကြာခဏသွားခြင်း- ဆီးသွားလျှင် နာကျင်ခြင်း- ခါးနာခြင်း- တင်ပါးဆုံနာခြင်းဖြစ်ပွားရသောအကြောင်းရင်းများဆီးအိမ်ကင်ဆာဖြစ်ပွာစေသည့်အဓိကအကြောင်းအရင်းတိတိကျကျမရှိသော်လည်း ဆီးအိမ်နံရံတွင်ရှိသော ဆဲလ်များပုံမမှန်ပွားခြင်းကိုဖြစ်ပေါ်စေသည့် ဆေးလိပ်သောက်ခြင်း၊ ကပ်ပါးကောင်ရောဂါပိုးဝင်ခြင်း၊ ဓာတ်ရောင်ခြည်ထိခြင်း၊ ဓာတုပစ္စည်းများနှင့် ထိတွေ့သောကြောင့်ဖြစ်သည်။အမျိုးအစားများ- Transitional cell carcinomaSquamous cell carcinomaAdenocarcinomaဖြစ်နိုင်ချေများသူများ- ဆေးလိပ်သောက်ခြင်း-အသက်ကြီးခြင်း-အသားဖြူသူများ-အမျိုးသားများ- ဓာတုပစ္စည်းများနှင့်ထိတွေ့နေရသူများ- ယခင် ကင်ဆာဆေးသွင်းဖူးသူများ- မိဘမျိုးရိုးထဲတွင် ကင်ဆာရှိသူများ- ဆီးချိုဆေးသောက်နေသူများ။ ဥပမာ- Pioglitazone , metformin- ဆီးအိမ်မကြာခဏရောင်သူများ။ ဥပမာ- ကြာရှည်စွာ ဆီးပိုက်ထည့် ပြီးနောက်ရောင်ရမ်းခြင်းစစ်ဆေးမှုများCystoscopy- ဆီးအိမ်ကြည့်မှန်ပြောင်းဖြင့်ကြည့်ခြင်းBiopsy-အသားစယူ၍ စစ်ဆေးခြင်းUrine cytology - ဆီးစစ်ခြင်းImaging test- ပုံဖော်နည်းများဖြင့်စစ်ဆေးခြင်း။ ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း။ဆီးအိမ်ကင်ဆာအဆင့် သိစေရန် -အထက်ပါနည်းများဖြင့် ကင်ဆာဖြစ်မှန်းသေချာပြီဆိုပါကအဆင့်သိစေရန် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း၊  သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊အရိုးဓာတ်မှန်ရိုက်ခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း။ဆီးအိမ်ကင်ဆာအဆင့်ဆင့်အဆင့် ၁- ဆီးအိမ်ကင်ဆာနံရံအတွင်းသားတွင်သာဖြစ်ခြင်း၊အဆင့် ၂-အတွင်းသားတွင်သာမက ဆီးအိမ်ကြွက်သားများတွင်ပါ ဖြစ်ခြင်းအဆင့် ၃- ဆီးအိမ်၏ ဘေးနားပတ်ဝန်းကျင် ကလီစာများပါဖြစ်ခြင်းအဆင့် ၄- ကင်ဆာဆဲလ်များ ခန္ဓာကိုယ်အနှံ့ပျံ့ခြင်းကုသခြင်းSurgery - ခွဲစိတ်ကုသခြင်းChemotherapy- ဆေးသွင်းကုသခြင်းRadiotherapy- ဓာတ်ရောင်ခြည်ပေး၍ ကုသခြင်းRef: Mayo clinicသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..