ဘေဘီလေးတွေ မျက်စိနာရင်
hellosayarwon.com
|
2019-03-14

ကလေးရဲ့

မျက်လုံးလေးတွေ က ငိုတာလဲ မဟုတ်ဘဲ မျက်ရည်ထွက်နေတယ်၊ မျက်ခမ်းသားနဲ့ မျက်ဖြူသားလေးတွေနီနေတယ်၊ ဘာများဖြစ်တာလဲဆိုပြီး စိတ်ပူနေပြီလား မေမေတို့ရေ။ ဒါက ပတ်ဝန်းကျင်မှာရှိနေတဲ့ ဖုန့်မှုန့်တွေနဲ့

ဘက်တီးရီးယားတွေေ ကြာင့် ဘေဘီလေးရဲ့ မျက်လုံးမှာ ပိုးဝင်ကူးစက်ပြီး

မျက်စိနာတာြ ဖစ်နိုင်ပါတယ်။ ဒါဆိုရင် ကလေးကအရမ်းငယ်သေးတော့ ဘယ်လိုလုပ်ပေးရပါ့မလဲ။ မျက်စဉ်းခတ်ပေးရမလားမသိဘူးဆိုပြီး စဉ်းစားရခက်နေလား။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဝေခွဲမရတာတွေအတွက်အဖြေထွက်လာပါလိမ့်မယ်နော်။

မျက်လုံးပိုးဝင်ကူးစက်ခြင်း
များသောအားဖြင့်ကတော့

ဗိုင်းရပ်စ်ေ ကြာင့်ဖြစ်ရတာပါ။အဖျားဝင်နေတဲ့အခါမျိုးမျာ ပိုဖြစ်နိုင်ပါတယ်။ လက္ခဏာတွေအနေနဲ့ကတော့

မျက်ဖြူသားတွေ နီနေမယ်
မျက်ခမ်းအတွင်းသားတွေနီနေမယ်
မျက်ခွံရောင်နေမယ်
မျက်ရည်တွေထွက်နေမယ်
အဝါရောင်မျက်ဝတ်တွေထွက်နေမယ်

မျက်ခွံတွေ မျက်ဝတ်တွေနဲ့ကပ်ပြီး ဖွင့်ရခက်နေမယ်။ ဒီအခြေအနေကိုအလွယ်တကူကတော့ မျက်စိနာတယ်၊လို့ခေါ်လိုက်တာပါပဲ။

ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ
ချာမိုမိုင်းအဆီ - ကျန်းမာရေးအတွက်အကျိုးကျေးဇူးများပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး မျက်စိနာတာအတွက် တော်တေ်ာလေးအဆင်ပြေစေတဲ့ သဘာဝပစ္စည်းတစ်မျိုးပါ။ ရေနွေးဆူဆူထဲကို ချာမိုမိုင်းအဆီ နှစ်စက် ၃ စက်လောက်ချပြီး ဂွမ်းစလေးနဲ့ရေစွတ်လို့ မျက်လုံးပေါ်မှာ ကပ်ပေးပါ။   ဆားရည် - ရောဂါပိုးတွေကို သေစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ရေနွေးနွေးဖန်ခွက် နှစ်ခွက်စာထဲကို ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်ပြီး နှံ့အောင်မွှေပေးပါ။ ပြီးရင် ဂွမ်းစလေးတို့နဲ့ပြီး မျက်လုံးတဝိုက်ကို သန့်စင်ပေးလိုက်ပါနော်။   မိခင်နို့ - မိခင်နို့ကအာဟာရဖြစ်ရုံတင်မဟုတ်ဘဲ ကလေးတွေအတွက် ဆေးဖက်လည်းဝင်ပါတယ်။ ကလေးမျက်စိနာနေရင် မျက်လုံးထဲကို မိခင်နို့ရည် တစ်စက်၊နှစ်စက်လောက်ချပေးပါ။ မျက်စဉ်းခတ်ပေးတဲ့သဘောပေါ့။ ရေအေး (သို့မဟုတ်) ရေနွေး - ရေသန့်သန့်လေးကိုသုံးပြီး ကလေးရဲ့ မျက်လုံးကို သန့်စင်ပေးပါ။ ရေနွေးကို ဂွမ်းစသန့်သန့်လေးနဲ့ ခပ်ဖွဖွလေးစွတ်ပြီး မျက်လုံးတဝိုက်သန့်စင်ပေးပါ။ မျက်လုံးရောင်ရမ်းနေတာကို သက်သာစေတဲ့အပြင် မျက်စိနာတာကိုပါ သက်သာစေမှာပါ။     လက်ဖက်ခြောက်အိတ် -

ရေနွေးကြမ် းသောက်တဲ့အခါ သုံးတဲ့ လက်ဖက်ခြောက်အိတ်လေးတွေက ရောဂါပိုးတွေကို သေစေနိုင်သလို ဓာတ်တိုးဆန့်ကျင်အာနိသင်လည်းရှိပါတယ်။ လက်ဖက်ခြောက်အိတ်ကိုရေနွေးဆူဆူထဲထည့်စိမ်ပြီး ပြန်အအေးခံလိုက်ပါ။ ပြီးရင်ကလေးကို မျက်လုံးမှိတ်ထားစေပြီး မျက်ခွံပေါ်မှာ ခဏလောက်ကပ်ထားပေးပါ။ ရောင်ရမ်းတာကိုပါသက်သာစေမှာပါ။

ဒီလိုအခြေအနေမျိုးဆိုရင် ဆရာဝန်နဲ့ပြသပါ
ကလေးမှာမျက်စိနာတဲ့အခါအခုလိုအခြေအနေမျိုးဖြစ်လာမယ်ဆိုရင် ဆရာဝန်နဲ့ပြသဖို့ပြောပါရစေနော်။
ဆေးကုသမှုတွေလုပ်ပေးနေပေမယ့် ၃ ရက် ကနေ ၄ ရက်အထိမသက်သာဘဲဖြစ်နေမယ်
မျက်လုံးတဝိုက်အရေပြား နဲ့ မျက်ခွံတွေနီမြန်းနေမယ်။ ရောင်ရမ်းနေမယ်၊ နာကျင်နေမယ်
ကလေးကအမြင်ဝေဝါးနေမယ်
ကလေးကအစားကောင်းကောင်းမစားဘူး။အားမရှိသလိုဖြစ်နေမယ်

အဖျား ရှိမယ်
မျက်လုံးထဲကနေ စေးကပ်ကပ်မျက်ဝတ်တွေထွက်နေမယ်ဆိုရင်တော့ ကလေးကို ဆရာဝန်နဲ့အမြန်ဆုံးသွားရောက်ပြသပေးပါ။ ကဲ ဘေဘီလေးမျက်စိနာနေလို့ စိတ်ညစ်မနေပါနဲ့။အခုပြောခဲ့တဲ့နည်းလမ်းလေးတွေအတိုင်း ကလေးကို ပြုစုပေးလိုက်ပါနော်။    




Hello Health Group  သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..