စိတ်ကျရောဂါ (Depression) နှင့်ပတ်သက်ပြီး သိထားသင့်သမျှ
hellosayarwon.com
|
2019-03-14
စိတ်ဓာတ်ကျတယ်ဆိုတာ ဘာလဲ။
ပုံမှန်မဟုတ်တဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ စိတ်ရောဂါ တစ်မျိုးပါ။အမြဲတမ်း

၀မ်းနည်းပူဆွေ းနေတဲ့ ခံစားချက်မျိုး၊ ကိုယ့်ဘဝနဲ့ ပတ်ဝန်းကျင်အပေါ်မှာ စိတ်ဝင်စားမှု မရှိတော့ပဲအတွေးထဲမှာပဲ လှောင်ပိတ်ပြီး ကိုယ့်စိတ်ကို ဒုက္ခပေးနေတဲ့ စိတ်ရောဂါမျိုးဖြစ်ပါတယ်။ ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံ၊အခက်အခဲတွေ၊ ကိုယ့်ရဲ့ စိတ်အခြေအနေနဲ့ ပတ်ဝန်းကျင်၊ မိသားစုအပေါ်မှာ မူတည်ပြီး

စိတ်ကျရောဂါ ဖြစ်စေနိုင်ပါတယ်။အဓိကအားဖြင့် ကိုယ့်ရဲ့အတွေး၊ သိစိတ်၊ မသိစိတ်၊အပြုအမူပေါ်မှာ မကောင်းတဲ့ဘက်ကနေ သက်ရောက်မှု ဖြစ်စေတယ်။ ဒီလို မကောင်းတဲ့အတွေးတွေ ဝင်လာရာကနေ စိတ်ပိုင်းဆိုင်ရာ၊

လူမှုရေးပိုင်းဆိုင်ရာ မှာ ပြဿနာတွေ ပိုရှုပ်ထွေးလာစေနိုင်ပါတယ်။

စိတ်ကျရောဂါ လက္ခဏာတွေ


၀မ်းနည်းပူဆွေးြ ခင်း
စိတ်ထဲမှာ ဗလာနတ္ထိ ဘာမှမရှိတော့သလို ခံစားရခြင်း
မျှော်လင့်ချက် ကုန်ဆုံးသွားသလို ခံစားရခြင်း
အသေးအမွှားကိစ္စတွေအပေါ် ဝမ်းနည်း၊ စိတ်ဆိုး၊ ဒေါသထွက်၊ မျက်ရည်ကျလွယ်ခြင်း
ကိုယ်ပုံမှန်လုပ်နေကျအရာတွေပေါ်မှာ စိတ်ဝင်စားမှု မရှိတော့ခြင်း
ညဘက်တွေအိပ်မပျော်တော့တာ၊ ဒါမှမဟုတ် နေ့ရော ညပါအိပ်နေတာ
မောပန်းပြီးအားမရှိသလို နုံးချိနေတာ
ဘယ်အရာကိုမှ လုပ်ချင်ကိုင်ချင်စိတ် မဖြစ်တော့တာ
အစာစားချင်စိတ် မရှိတော့တာ၊ ခံတွင်းပျက်လာတာ၊ ဒါမှမဟုတ်အစားအရမ်းစားလာတာ အချိန်ပြည့်

စိုးရိမ်ပူပန်ေ နပြီး စိတ်မောရတာ
အတွေးတစ်ခုကိုအချိန်အကြာကြီး စိတ်နှစ်ပြီး တွေးတတ်တာ မိမိကိုယ်ကိုအပြစ်တင်ခြင်း၊

မကောင်းမြင်ြ ခင်း
အားငယ်စိတ်၊ သိမ်ငယ်စိတ် ဖြစ်ခြင်း
အာရုံစူးစိုက်ဖို့၊အတွေးတစ်ခုထဲကို စိတ်နှစ်ပြီး တွေးဖို့ ခက်ခဲတာ၊ ကိုယ် ဘာတွေးနေမှန်း မမှတ်မိတော့တာ
အကြောင်းရင်းမရှိပဲ ခါးနောက်ပိုင်း နာကျင်တာ မကြာခဏ

ခေါင်းမူးခေါင်းကိုက် ဖြစ်ခြင်း
မိမိကိုယ်ကို သေကြောင်းကြံစည်ရန်အတွေးတွေ မကြာခဏ ဝင်လာတာ
သေကြောင်းကြံစည်ဖို့ ကြိုးစားကြည့်တာအစရှိတဲ့ လက္ခဏာတွေ ရှိနေပြီဆိုရင် စိတ်ကျရောဂါ ရှိနေနိုင်ပါတယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်မှာ ကြုံတွေ့ရတဲ့ မိသားစုပြဿနာတွေ၊ မိဘနဲ့ ဝေးကွာနေရတာ၊ မေတ္တာငတ်မွတ်ခဲ့တာ၊ ကျောင်းမှာ

အနိုင်ကျင့် ခံရတာ၊အနှိမ်ခံရတာအစရှိတဲ့ ပြဿနာတွေဟာ စိတ်ဒဏ်ရာကို ဖြစ်စေနိုင်ပါတယ်။ လူကြီးတွေနဲ့ ကွာသွားတာကတော့ ကိုယ့်ကိုယ်ကို စိတ်ကျရောဂါရှိနေမှန်း မသိပဲအနာကို သဲနဲ့ ဖုံးထားလိုက်သလို ဖြစ်ပြီး ကြီးလာတဲ့အချိန်အကြောင်းရင်း တစ်ခုခုကြောင့် ဒီစိတ်ဒဏ်ရာတွေ ပြန်ပေါ်လာတဲ့အခါမှာ စိတ်ကျန်းမာရေးအခြေအနေ ပိုဆိုးရွားလာတာ ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်မှာတော့ မကြာခဏ ဝမ်းနည်းတာ၊ စိတ်ရှုပ်တာ၊ တခြားသူတွေနဲ့ စကားမပြောပဲ သီးခြားနေတာ၊

စိတ်ပူပန်သောက များလွန်းတာ၊ ကျောင်းမသွားချင်တာ၊အခန်းထဲမှာပဲအောင်းနေပြီး

တစ်ယောက်တည်း နေတတ်တာ ၊ မကောင်းမြင်တာ၊ စာကောင်းကောင်းမလိုက်နိုင်တော့တာ၊ ပညာရေးနဲ့ ပတ်သက်ပြီး စိတ်မဝင်စားတော့တာ၊အရာရာကိုအထင်အမြင်လွဲမှားတာ၊အအိပ်၊အစား လွန်တာ၊ ကိုယ့်ကိုယ်ကို နာကျင်အောင် ပြုမူတာအစရှိတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ စိတ်ကျရောဂါ ရှိနေတဲ့သူတော်တော်များများမှာ ဒီလက္ခဏာအများစုကို တွေ့ရတဲ့အပြင် ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာကိုပါ ထိခိုက်နိုင်သည်အထိ ပြင်းထန်နိုင်ပါတယ်။ လူမှုရေး၊ မေတ္တာရေး၊အိမ်တွင်းရေးမှာလည်းအခက်အခဲတွေ ဖြစ်လာနိုင်ပြီးအချိန်ကြာတဲ့အထိ မကုသပဲ ပစ်ထားမယ်ဆိုရင် ကိုယ့်စိတ်နဲ့ ခန္ဓာကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါတယ်။

စိတ်ကျရောဂါ ဖြစ်စေတဲ့ တရားခံအကြောင်းရင်းတွေ
တခြားသော စိတ်ကျန်းမာရေးပြဿနာတွေလိုပဲ၊ တစ်ခုမကသောအကြောင်းရင်း၊အဖြစ်အပျက်တွေဟာ စိတ်ကျရောဂါ ဖြစ်စေဖို့အစပျိုးလိုက်တာ ဖြစ်နိုင်ပါတယ်။
မိဘတွေနဲ့ တစ်ကွဲတစ်ပြားစီနေခဲ့ရတာ၊ ငယ်စဉ်ကတည်းက မိဘတွေ ဆုံးပါးသွားတာကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတာ၊ မေတ္တာကြင်နာမှုမရှိတဲ့ ပတ်ဝန်းကျင်အောက်မှာ ကြီးပြင်းလာရတဲ့ ကလေးတွေ မကြာခဏ ရိုက်နှက်နှိပ်စက်ခြင်းခံရတာ၊အနှိမ်ခံရတာ၊

လိင်ပိုင်းဆိုင်ရာအရ စော်ကားခံ ရတာ၊ ဆင်းရဲပြီးအမြဲတမ်း ပြဿနာတက်၊ ရန်ဖြစ်နေတဲ့ မိသားစုနဲ့အတူနေရတဲ့ ကလေးတွေ
မိဘမျိုးရိုးမှာ စိတ်ကျရောဂါ၊အရက်ကို စွဲစွဲလမ်းလမ်း သောက်တဲ့အမူအကျင့်တွေ
ကိုယ့်ရဲ့ လိင်စိတ်တိမ်းညွတ်မှုနဲ့ မိမိကိုယ်ကို လိင်သတ်မှတ်ခံယူမှုအပေါ် ပတ်ဝန်းကျင်က ကဲ့ရဲ့ရှုံ့ချတာ၊ ဝေဖန်တာ
စိတ်ကို တုန်လှုပ်ခြောက်ခြားစေလောက်တဲ့အဖြစ်အပျက်ဆိုးတွေကို ကြုံတွေ့ပြီးနောက်ပိုင်း စိတ်ကျရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်လာစေနိုင်ပါတယ်။

ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်လာပြီလဲ
၁။ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ့်မိသားစုဝင်မှာ စိတ်ကျရောဂါ ဖြစ်နေတယ်လို့ သံသယရှိနေပြီဆိုရင် ၂။ စိတ်ပိုင်းဆိုင်ရာနဲ့အပြုအမူပိုင်းဆိုင်ရာမှာ ပုံမှန်မဟုတ်သလို ခံစားနေရရင် ၃။ မိမိကိုယ်ကို သေကြောင်းကြံစည်ဖို့အတွေးတွေ ဝင်လာရင်၊ ကြံစည်နေပြီဆိုရင်အကောင်းဆုံးကတော့ စိတ်ရောဂါ ကုထုံးပညာရှင်တွေ၊ စိတ်ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ပြီး ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေကို ကုသဖို့အချိန်တန်ပါပြီ။ ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ ဝေဒနာတွေ၊အတွေးတွေကို မြိုသိပ်ထားခြင်းဟာ စိတ်ကျန်းမာရေးကို ပိုဆိုးစေနိုင်တာကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဒါကြောင့် ကိုယ်ချစ်ခင်ရတဲ့၊ ယုံကြည်အားကိုးရတဲ့ သူတွေနဲ့အမြဲတိုင်ပင်ပါ။ ပြဿနာကို ရှောင်ပြေးတာထက် ရင်ဆိုင်ပြီး ဖြေရှင်းပါ။ စိတ်ကျရောဂါဟာအချိန်ခဏလေးအတွင်းမှာ ဖြစ်နိုင်တဲ့ ရောဂါမဟုတ်သလိုအချိန်တိုလေးနဲ့ ကုသလို့ ပျောက်နိုင်တဲ့ စိတ်ရောဂါလည်း မဟုတ်ပါဘူး။ ဒါကြောင့် သေချာအချိန်ပေးပြီး စိတ်ရှည်သည်းခံဖို့၊ ဆရာဝန်နဲ့ ချိန်းဆိုထားတဲ့ ရက်တွေမှာ မပျက်မကွက်သွားပြဖို့၊ ကိုယ့်ရဲ့အတိတ်အကြောင်းအရာတွေကို မချွင်းမချန်ပြောပြဖို့ လိုအပ်ပါတယ်။ တစ်ခါတရံမှာ စိတ်ကျန်းမာရေးပြဿနာတွေဟာ တစ်မျိုးတည်းမဟုတ်ပဲအစုံလိုက်အပုံလိုက် ဝင်လာတာမျိုးတွေလည်း ရှိနိုင်တာကြောင့်အကောင်းဆုံးကတော့ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ပြီး စိတ်ကုထုံးနဲ့ ကုသမှုခံယူရပါမယ်။ စိတ်ကျရောဂါဆိုတာ သေချာအချိန်ပေးပြီး မိမိရဲ့ စိတ်နဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်မယ်၊ ကိုယ့်ရဲ့ မိသားစုဝင်တွေရဲ့အားပေးမှုမေတ္တာကို ရမယ်ဆိုရင် ပျောက်ကင်းကုသနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ လူသားတိုင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ သာယာပျော်ရွှင်ဖွယ် ဘဝနေ့ရက်လေးများ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။  

Hello Health Group  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။




Some text some message..