နွေရာသီမှာအသားအရေလေးကိုဒီလိုဂရုစိုက်
hellosayarwon.com
|
2019-03-14

နွေေ ရာက်ပြီလေ...ဆိုတာက သီချင်းစာသားအနေနဲ့ပဲနားထောင်လို့ကောင်းတာပါနော်။ နဖူးတွေ့ဒူးတွေ့ ခံစားရတဲ့နွေရဲ့

အပူချိန် က ပူပြင်းလွန်းပါတယ်။ နေရထိုင်ရ ပူတဲ့အပြင်အသားတွေပါမဲတာနော်။ နွေရာသီမှာ ဖြေရှင်းရတဲ့

အသားအရြေ ပဿနာကလည်းအများသားနော်။ ဒီတစ်ခေါက်တော့ နွေရာသီရဲ့

အပူဒဏ်ေ ကြာင့်အသားအရေထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင် ကာကွယ်နည်းလေးတွေပြောပြမယ်နော်။

နွေရာသီမှာအသားအရေလေးကို ဒီလိုဂရုစိုက်
နေအပူကြောင့်

အသားအရေထိခိုက်တာမျို းမဖြစ်စေဖို့ဆိုရင်အခုပြောပြမယ့်အချက်လေးတွေကို လက်တွေ့လုပ်ဆောင်ကြည့်ဖို့ပြောပါရစေနော်။ ဗီတာမင် စီ (

Vitamin C ) များများစားပါ - 

ကော်လာဂျင်  ကောင်းကောင်းထုတ်နိုင်ဖို့အတွက် ဗီတာမင် စီပြည့်ပြည့်ဝဝရှိဖို့လိုအပ်ပါမယ်။ ဗီတာမင် စီ ပြည့်ဝမှလည်းအသားအရေက စိုစိုပြည်ပြည်နဲ့ တင်းရင်းလှပနေမှာပါ။အစိုဓာတ်လည်းထိန်းပေးနိုင်ပါတယ်။ ဒါကြောင့်နွေရာသီအပူဒဏ်ကိုအံတုနိုင်ဖို့

လိမ္မော်သီ း၊ သံပရိုသီး၊

ဇီးဖြူသီ း၊ ဂရိတ်ဖရုခ်၊ ခရမ်းချဉ်သီး နဲ့အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားပေးပါနော်။ ဆဲလ်သေတွေဖယ်ရှားပါ - ရာသီတိုင်းမှာအရေးပါတဲ့အသားအရေထိန်းသိမ်းနည်းတစ်ခုပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးမှအသားအရေကကျန်းမာပြီး အသားအရေထိန်းတဲ့ပစ္စည်းတွေကိုအကောင်းဆုံးစုပ်ယူနိုင်မှာပါ။ ဒါကြောင့်အသားအရေပေါ်က ဆဲလ်သေတွေကိုဖယ်ရှားဖို့မမေ့ပါနဲ့။

နေလောင်ကာခရင်မ် မမေ့ပါနဲ့ - နွေရာသီမှာအပြင်ထွက်မယ်ဆိုရင် လုံးဝမေ့လို့မဖြစ်တာက နေလောင်ကာခရင်မ်ပါနော်။အပြင်မထွက်ခင် နာရီဝက်အလိုမှာအသားအရေကိုနေရောင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးတာမျိုးမဖြစ်စေဖို့ပါ။ နေလောင်တာကြောင့်အသားအရေမှာအရေးအကြောင်းတွေပေါ်တာ၊အမဲစက်နဲ့အသားအရေမညီညာတာတွေဖြစ်နိုင်ပါတယ်။

မျက်လုံ းနဲ့ နှုတ်ခမ်းကိုမေ့မထားပါနဲ့ -

အသားအရေ ကိုဂရုစိုက်ဆိုလို့ နှုတ်ခမ်း နဲ့ မျက်လုံးကိုမေ့မထားပါနဲ့။ ဒီအစိတ်အပိုင်းတွေကလည်း နေရောင်ကြောင့်ထိခိုက်နိုင်ပါတယ်နော်။ ဒါကြောင့် နေကာမျက်မှန်တပ်တာမျိုး ဦးထုပ်ဆောင်းတာမျိုးလုပ်ပေးပါ။

နှုတ်ခမ်း အတွက်ကတော့ နေရောင်ဒဏ်ကနေ ကာကွယ်ပေးတဲ့

နှုတ်ခမ်းနီ အဆီတစ်မျိုးမျိုး ဆိုးပေးပါ။အပြင်ကပြန်လာတဲ့အခါ ခဏနားပြီး ရေအေးအေးလေးနဲ့ မျက်လုံးနဲ့ နှုတ်ခမ်းကိုဆေးကြောပေးပါ။

တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက် - နေပူဒဏ်ကြောင့်ချွေးတွေထွက်တာ၊အနံ့ဆိုးတွေဖြစ်တာမျိုးဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကအသားအရေမှာ

ဖုန်မှုန့်တွေ နဲ့ရောဂါပိုးတွေကပ်ညှိတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို နှစ်ကြိမ်ရေချိုးသန့်စင်ပေးပါ။ ဒါမှလည်း နွေအပူကြောင့်ဖြစ်တဲ့

မိတ်ပြဿနာ ကို ဖြေရှင်းနိုင်မှာပါ။

အရည်ရွှမ်းတဲ့အစားအစာတွေ စားပေးပါ - နွေပူတဲ့အချိန်မှာ ခန္ဓာကိုယ်ရေဓာတ်ပြည့်နေစေဖို့အတွက် ဖရဲသီး၊ သခွားမွှေးနဲ့အခြားအရည်ရွှမ်းတဲ့အသီးအနှံတွေကိုစားပေးပါ။ တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်အထိသောက်ပေးဖို့လည်း မမေ့ပါနဲ့။အပူဒဏ်ကိုသက်သာစေမယ့်အစားအစာတွေကို စားသုံးပေးပါ။ ချည်သားပွပွချောင်ချောင်တွေဝတ်ဆင်ပေးပါ -အရောင်ဖျော့ပြီး ချွေးစုပ်တဲ့ ချည်သားပွပွချောင်ချောင်လေးတွေကို ဝတ်ပေးပါ။ တင်းကျပ်တဲ့အဝတ်အစားတွေက နေရထိုင်ရတာ သက်တောင့်သက်သာမဖြစ်စေတဲ့အပြင်

ချွေ းပိုထွက်စေနိုင်ပါတယ်။ ဒီအခြေအနေကအရေပြားကို ယားယံစေပြီး မိတ်တွေပိုထွက်စေနိုင်သလို ပြင်းထန်တဲ့အရေပြားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ သဘာဝအသားအရေထိန်းသိမ်းမှုပစ္စည်းတွေကိုအသုံးပြုပေးပါ - မီးဖိုချောင်ထဲမှာရှိနေတဲ့အသားအရေကိုကောင်းကျိုးပြုတဲ့ ပစ္စည်းတွေကိုလည်း မေ့မထားဖို့ပြောချင်ပါတယ်။ ဥပမာ သံပရိုသီး၊ ခရမ်းချဉ်သီးတို့ကိုအသုံးပြုပြီး အသားအရေကို ထိန်းသိမ်းတာမျိုးပေါ့။ ခရမ်းချဉ်သီးကိုအရည်ညှစ်လို့အခဲခံပြီး မျက်နှာမှာ ပွတ်ပေးတာမျိုးပေါ့။ ကဲ... ဒီနည်းလမ်းလေးတွေသုံးလို့ ပူပြင်းတဲ့နွေရာသီမှာအသားအရေထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင် ကာကွယ်လိုက်ပါနော်။

Hello Health Group  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။




Some text some message..