ချဲ့ကားတယ်ထင်ရပေမယ့် လက်တွေ့မှာ တကယ်မှန်နေတဲ့ တွေ့ရှိချက်များ
shwemom.com
|
2019-03-14

လူတွေရဲ့ ဘဝတစ်လျှောက်မှာ ကိန်းဂဏန်းတွေဟာအရေးပါနေပါတယ်။ ကျောင်းတွေ၊ နိုင်ငံရေးသမားတွေနဲ့ သိပ္ပံပညာရှင်တွေကလည်း သူတို့တွေ့ရှိထားတဲ့အချက်တွေကို ပိုတိကျအောင်ဆိုပြီး ကိန်းဂဏန်းတွေ၊ စာရင်းအင်းတွေနဲ့ ဖော်ပြပါတယ်။ ဒါကြောင့်လည်း လူသားတွေဟာ ကိန်းဂဏန်းတွေရဲ့ ဝန်းရံခြင်းကို ခံနေရတာပါ။အောက်မှာ ဖော်ပြပေးမယ့်အချက်တွေကတော့အလွန်အကျူး ချဲ့ကားပြောဆိုထားတဲ့ စစ်တမ်းကောက်ချက်တွေလို့ ယူဆချင်စရာရှိပေမယ့် လက်တွေ့မှာ တကယ်လည်း မှန်နေတဲ့ တွေ့ရှိချက်တွေ ဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ ကိုယ်ဝန်ရှိနေစဉ်မှာ ထပ်ပြီး ကိုယ်ဝန်ဆောင်နိုင်ရုံတင်မကပဲအမျိုးသားနှစ်ယောက်ရဲ့ ရင်သွေးတွေကို တစ်ချိန်တည်းမှာ လွယ်ထားနိုင်ပါတယ်။



Pixabay

အမျိုးသမီးတစ်ဦးဟာ တစ်ချိန်ထဲမှာပဲအမျိုးသားနှစ်ဦးရဲ့ ကိုယ်ဝန်ဆောင်နိုင်ပါတယ်။ ဒီဖြစ်ရပ်ကို heteropaternal superfecundation လို့ ခေါ်ပြီးအမျိုးသမီးရဲ့ မ မျိုးဥ(၂) ဥဟာ မျိုးအောင်သွားတာပဲ ဖြစ်ပါတယ်။ (၂၀၁၆) ခုနှစ်တုန်းက ဗီယက်နမ်အမျိုးသားတစ်ဦးဟာ သူ့ဇနီးသည်မွေးလာတဲ့အမွှာနှစ်ဦးကို မသင်္ကာလို့ DNA စစ်ကြည့်တဲ့အခါ ကလေးတွေရဲ့ ဖခင်ဟာ တစ်ယောက်စီဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။ နောက်ဖြစ်ရပ်ကတော့အငှားကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့အကြောင်းပါ။ သူမဟာ ကယ်လီဖိုးနီးယားနေ ဂျက်ဆီကာအယ်လန်ဆိုသူဖြစ်ပြီး စုံတွဲတစ်တွဲရဲ့ ရင်သွေးကိုအငှားကိုယ်ဝန်ဆောင်ပေးဖို့ သဘောတူပြီး ပါပြီ။ သန္ဓေအောင်ပြီး ကိုယ်ဝန်ရှိလာလို့ (၆) လအကြာအာထရာဆောင်းသွားရိုက်တဲ့အခါ လွယ်ထားတဲ့ကိုယ်ဝန်အပြင် နောက်ထပ် သန္ဓေသားလောင်းလေး ထပ်တည်နေတာကို ဆရာဝန်တွေက တအံ့တသြ တွေ့ရှိခဲ့ပါတယ်။

ကုန်ကျစရိတ်ကြီးလွန်းတဲ့ မင်္ဂလာပွဲတွေကို ပြုလုပ်ကြတဲ့ စုံတွဲတွေမှာအိမ်ထောင်ကွဲနှုန်း ပိုမြင့်မားပါတယ်။



Alvaro CvG

လက်ထပ်လက်စွပ်နဲ့ မင်္ဂလာအခမ်းအနားပေါ်မှာ ကုန်ကျခံတဲ့ ကုန်ကျစရိတ်နဲ့အိမ်ထောင်သည်သက်တမ်းဟာ ပြောင်းပြန်အချိုးကျနေတယ်လို့ သိရပါတယ်။ သုတေသနပညာရှင်တွေဟာ စုံတွဲပေါင်း(၃) ထောင်ကျော်ကို လေ့လာကြည့်တဲ့အခါ မင်္ဂလာပွဲမှာ ငွေပိုသုံးခဲ့လေ၊ လင်မယားကွာရှင်းမှုနှုန်း မြင့်တက်လေလေ ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

မီးခြစ်ဆံတွေ မတိုင်ခင် မီးခြစ်ကိုအရင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။



Hasin/Yaoqi

မီးခြစ်ဆံဘူးနဲ့ ပွတ်တိုက်ပြီး မီးပွင့်အောင် လုပ်ရတဲ့ မီးခြစ်ဆံတွေမပေါ်ခင် ဂက်စ်မီးခြစ်တွေကို စတင်တီထွင်ခဲ့ပါတယ်။ (၁၈၂၄) ခုနှစ်မှာ ဂျာမန်ဓာတုပညာရှင်တစ်ဦးဖြစ်တဲ့ Johann Wolfgang Dobereiner ဟာ ပထမဆုံး ခလုတ်ဖိပြီးနှိပ်ရတဲ့ မီးခြစ်ကို ဟိုက်ဒရိုဂျင်နဲ့ ပလက်တီနမ်သုံးပြီး တီထွင်ခဲ့ပါတယ်။ ယနေ့ လူတွေသုံးနေတဲ့ စိတ်ချရတဲ့ ဂက်စ်မီးခြစ်တွေကိုတော့ (၁၈၂၇) ခုနှစ်မှာအင်္ဂလိပ်လူမျိုး ဓာတုပညာရှင် John Walker ဆိုသူက တီထွင်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက စူပါမားကတ်တွေထဲ တွေ့ရတဲ့ ပန်းသီးတွေရဲ့ သက်တမ်းဟာ (၅) လကနေ (၁၀)လကြား ရှိနေပါတယ်။



Krishnam

အမေရိကန်ဟာ ပန်းသီးတွေကို သြဂုတ်လကနေ နိုဝင်ဘာအတွင်းမှာ ဆွတ်ခူးပါတယ်။ ဒါပေမယ့် ယာသမားတွေဟာအသီးတွေကို ဒီဇင်ဘာအကုန်ပိုင်းထိ လှောင်ထားပြီးမှ ရောင်းချကြပါတယ်။ ထိုကနေမှတဆင့် ပန်းသီးတွေဟာ စူပါမားကတ်တွေရဲ့ ကုန်လှောင်ရုံတွေထဲ ရောက်သွားပြီးအပူချိန် (၃၄-၃၈) ဒီဂရီဖာရင်ဟိုက်အောက်မှာ နေကြရပါတယ်။အချိန်ကာလတစ်ခုကြာ သိုလှောင်ထားခံရပေမယ့်လည်း ပန်းသီးတွေရဲ့အက်ဆစ်ဓာတ်နဲ့အာဟာရဓာတ်တွေ မဆုံးရှုံးပါဘူးလို့အာဟာရပညာရှင်တွေကတော့ ဆိုပါတယ်။

အပြစ်မဲ့သူတွေဟာအရမ်းစိတ်ကျဉ်းကြပ်လာတဲ့အခါ သူတို့မကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် ဝန်ခံကြပါတယ်။



Pixabay

ကိုယ်မကျူးလွန်တဲ့ ပြစ်မှုတစ်ခုအတွက်အစွပ်စွဲခံရတာက စိတ်ဖိစီးမှုများလွန်းစေပါတယ်။ Iowa State University (ISU) က သုတေသနပညာရှင်တွေဟာအချို့အပြစ်မဲ့သူတွေကို စိတ်ဖိစီးမှုတွေ နင်းကန်ပေးပြီးအပြစ်ဝန်ခံစေတာမျိုးတွေ ရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ဥပမာဆိုရရင် ရာဇဝတ်မှုကျူးလွန်တယ်ဆိုပြီးအပြစ်မဲ့လူတစ်ယောက်ကို စွပ်စွဲ၊ ပြီးတဲ့အခါ စိတ်ဖိစီးမှုတွေ တစစနဲ့ တဖြည်းဖြည်းများလာအောင် လုပ်ပါတယ်။ ထိုအခါအပြစ်မဲ့တဲ့လူဟာ စိတ်ဂဏှာမငြိမ်ဖြစ်၊ နှလုံးခုန်နှုန်းတွေ မူမမှန်ဖြစ်ပြီးအာရုံကြောစနစ်အလုပ်လုပ်ပုံဟာ နှေးကွေးလာပါတယ်။ ဒီလိုနဲ့ ကြာလာတော့ ကိုယ်တိုင်အလိုအလျောက် မလုပ်တဲ့အမှုကို ကျူးလွန်ပါတယ်ဆိုပြီး ဝန်ခံလာတာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: mind-blowingfacts




Some text some message..