လေ့ကျင့်ခန်းလုပ်ဖို့အချိန်မပေးနိုင်ဘူးလား?…ဒါမျိုးလေးတွေမှတ်ထားပါ
trend.com.mm
|
2019-03-14




စားပွဲခုံမှာထိုင်ပြီဟေ့ဆိုရင် တော်ရုံနဲ့ပြန်မထဖြစ်တော့ပါဘူး။မနက်မိုးလင်းလို့ရုံးရောက်လာ၊ရုံးမှာ တစ်ချိန်လုံးထိုင်အလုပ်လုပ်၊ထမင်းထွက်စား၊
ညဘက်ပြန်နဲ့ ကိုယ့်ကျန်းမာရေးအတွက်လေ့ကျင့်ခန်းလုပ်ဖို့တောင်အချိန်မရှိတဲ့သူတွေရှိပါတယ်။ဒီလိုမျိုးနေ့စဉ်ထိုင်တာများလာပြီး လှုပ်ရှားမှု
မရှိတော့တဲ့အခါ ခန္ဓာကိုယ်အဆီတွေတက်လာပြီး ကိုယ်အလေးချိန်တိုးလာစေပါတယ်။ဒီတော့ ဒီနည်းလမ်းတိုတိုထွာထွာလေးတွေကို ခေါင်းထဲမှတ်
ထားမယ်ဆိုရင် သင့်ကျန်းမာရေးအတွက် ပိုပြီးအသုံးဝင်အထောက်အကူပြုလာပါလိမ့်မယ်။ဘယ်လိုနည်းလမ်းလေးတွေလဲ?








*လှေကားကိုသုံးပါ
ခါတိုင်းဓာတ်လှေကားနဲ့ပဲအမြဲတက်နေကျဆိုရင် လေ့ကျင့်ခန်းလုပ်ပေးသလိုဖြစ်အောင် လှေကားကိုပြောင်းလဲသုံးစွဲပါ။








*မတ်တပ်ရပ်ရတဲ့အချိန်ပိုပါစေ
ကိုယ်က ထိုင်ခုံမှာကော်နဲ့ကပ်ထားသလို ထိုင်ပြီးအလုပ်လုပ်နေရတဲ့သူဆိုရင် ပိုပြီးတော့တောင်မတ်တပ်ရပ်သင့်ပါတယ်။အထိုင်များလာတဲ့အခါ ဆီးချိုရောဂါ၊
အဝလွန်တာတွေ၊ဒူးနာ၊ခါးနာတာတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့် နာရီဝက်တစ်ခါလောက် သန့်စင်ခန်းသွားတာ၊ရေသွားထည့်တာမျိုးနဲ့
လမ်းခဏခဏ ထလျှောက်ပေးသင့်ပါတယ်။ထိုင်တဲ့အခါမှာလည်း ခပ်မတ်မတ်ထိုင်ဖို့ မမေ့ပါနဲ့။


*တစ်နေ့တာရဲ့အချိန် ၁၀မိနစ်လောက်ကိုအကျိုးရှိရှိသုံးပါ
မနက်စောစောထပြီးဖြစ်စေအချိန် ၁၀မိနစ်လောက်ယူပါ။ပြီးရင် Wall Sit လေ့ကျင့်ခန်းလုပ်ပါ။ပုံထဲကလို နံရံကိုမှီ၊ဒူးနှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း
ထား၊လက်ဆန့်တန်းပြီးထိုင်ထတစ်ဝက်လုပ်ပေးတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းကို သေချာမှန်ကန်စွာလုုပ်မယ်။ပုံမှန်လုပ်ပေးမယ်ဆိုရင်
ခန္ဓာကိုယ်အတွက်ကောင်းမွန်စေပါတယ်။ဒါမှမဟုတ် ရုံးတွင်းသန့်စင်ခန်းသွားတဲ့အချိန်မှာလည်း ခဏတဖြုတ်လုပ်ပေးလို့ရပါတယ်။








*ခြေထောက်မြှောက်ပါ
ထိုင်နေရင်းနဲ့ သင့်ရဲ့ခြေထောက်တစ်ဖက်ချင်းစီကိုဖြစ်စေ၊နှစ်ဖက်လုံးကိုဖြစ်စေ မြှောက်ထားပြီး ၅စက္ကန့်ကနေ ၁၀စက္ကန့်လောက်အထိအဲ့ဒီအနေအထား
အတိုင်းနေပါ။ပြီးရင်ခြေထောက်ကိုမြေကြီးနဲ့မထိအောင်ပြန်ချပြီး နောက်ထပ်တစ်ချိန်ထပ်လုပ်ပါ။ထိုင်နေရင်းလုပ်တာဖြစ်လို့အချိန်ပိုလည်းမကုန်သလို
သင့်ရဲ့ခြေထောက်ကျန်းမာရေးအတွက်လည်းကောင်းမွန်စေပါတယ်။


*ရေသောက်ဖို့အလန်းမ်ပေးထားပါ
တစ်နေကုန်ထိုင်ပြီးအလုပ်လုပ်ရသူတွေဟာ ရေဓာတ်လည်းပြည့်ဝနေဖို့အရေးကြီးပါတယ်။တစ်ချို့က ရေတစ်ဘူးကုန်သွားရင် ထမထည့်ကြတော့ဘူး။
သောက်လည်းမသောက်ဖြစ်ကြတော့ဘူး။တစ်နေ့တာအတွက်ရေဓာတ်မလုံလောက်တဲ့အခါ ခန္ဓာကိုယ်ကလည်း ထင်သလောက်မစွမ်းဆောင်နိုင်တော့ပါဘူး။
ဒါကြောင့် တစ်နာရီတစ်ခါလောက် ကိုယ်ကြားသာရုံအလန်းမ်သံလေးထားပြီး ရေသောက်ပေးပါ။







ကဲ ဒီအချက်လေးတွေကို လက်တွေ့အသုံးချနိုင်ပါစေနော်




Some text some message..