ကလိုရင်းခတ်ထားတဲ့ ရေကြောင့် ရနိုင်မယ့် ကောင်းကျိုး ဆိုးကျိုးတွေ ။ ။
hellosayarwon.com
|
2019-03-15

ရေထဲမှာ

ကလိုရင်း( chlorine) ခတ်တယ်ဆိုတာ ၂၀ ရာစုနောက်ပိုင်းမှာ ခေတ်စားလာတဲ့အရာတစ်ခုဖြစ်ပြီး ၂၁ ရာစုမှာတော့ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပြီဖြစ်တဲ့အရာတစ်ခုပါ။ ရေထဲမှာ ကလိုရင်း ခတ်တဲ့ ဓလေ့က ကောင်းကျိုူးတွေကိုရစေဖို့ မျှော်ကိုးပြီး လုပ်တာဖြစ်ပေမယ့် သူ့မှာအခြား ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ကလိုရင်းခတ်ခြင်းကြောင့် ရနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ ကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

ကလိုရင်းခတ်ထားတဲ့ ရေကိုသုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုးများ ။ ။
ကလိုရင်းဟာ oxidizing agent (

ဓာတ်တိုးဆန့်ကျင် ပစ္စည် း) ဖြစ်တာကြောင့် ရေထဲမှာရှိတဲ့

ဘက်တီးရီးယာ းတော်တော်များများကို သေစေနိုင်တဲ့အစွမ်းရှိပါတယ်။ ကလိုရင်းက ဘက်တီးရီးယားပဲ မဟုတ်ပါဘူး။

ဗိုင်းရပ် စ်တွေကိုပါ သတ်နိုင်စွမ်းရှိပါတယ်။ ကလိုရင်းခတ်ထားတဲ့

ရေကူးကန် ထဲ ဘယ်ပိုးမှ ဝင်နေလို့မရတာကြောင့် ရေကူးကန်ကနေ ရနိုင်တဲ့ ကူးစက်ရောဂါ တွေအကုန်လုံးကို ကာကွယ်ပြီးသားဖြစ်မှာပါ။
ဒါ့အ့ပြင် ကလိုရင်းကအလွယ်တကူ ဝယ်လို့ရပြီး ဈေးလည်း သက်သာတာကြောင့် လူတိုင်း သုံးနိုင်တဲ့အရာတစ်ခုပါ။
ကလိုရင်း ကို ရေထဲခတ်ဖို့အတွက် ရှုပ်ထွေးနေတဲ့ နည်းနာတွေ ဘာမှ မရှိလောက်အောင်အင်မတန်မှ ရိုးရှင်းပါတယ်။ ကလိုရင်းခတ်ထားတဲ့ ရေထဲမှာဆို ခြင်မတွေဥချထားတဲ့

ခြင် ဥတွေအကုန်ပျက်စီးသွားမှာ ဖြစ်တာကြောင့်  ခြင်တွေ ပွားတာကနေလည်း သူက ကာကွယ်ပေးဦးမှာပါ။
ကလိုရင်းက ရေထဲမှာ ပျော်ဝင်နေတဲ့အိုင်းယွန်း ဓာတ်တွေကို ဓာတ်တိုးပြီး မပျော်ဝင်နိုင်တဲ့အိုင်းယွန်းဓာတ်အဖြစ်ပြောင်းလဲပေးလို့အိုင်းယွန်းဓာတ်အရမ်းများနေတဲ့ ရေတွေအတွက် ကလိုရင်းက မရှိမဖြစ်ပါ။  အချုပ်ပြောရရင်တော့ ရေထဲ ကလိုရင်းခတ်တာက ဈေးသက်သာပြီး လုပ်ရတာလွယ်ကူတဲ့အပြင် ရေထဲကနေ ရနိုင်တဲ့

ကူးစက်ရောဂ ါတွေကိုအပြည့်အဝ ကာကွယ်ပေးနိုင်လို့ လူတိုင်းအတွက်အကျိုးရှိတဲ့ အရာတစ်ခုပါ။

ကလိုရင်း ခတ်ထားတဲ့ ရေကြောင့် ရရှိနိုင်တဲ့ ဆိုးကျိုးတွေ ။ ။
အရာရာတိုင်းက ကောင်းတာတွေချည်းပဲ ပြည့်စုံနေတာမျိုး မရှိပါဘူး။အကောင်းနဲ့အဆိုးဆိုတာအမြဲ ဒွန်တွဲနေတဲ့အရာတွေပါ။ ဒီလိုပဲ ကလိုရင်းခတ်ထားတဲ့ ရေကနေ ကောင်းကျိုးတွေ ရနိုင်သလို သူ့မှာ ဆိုးကျိုးတွေ လည်းရှိပါတယ်။
ကလိုရင်းခတ်ထားတဲ့ရေဟာအနံ့ပြင်းပြီးအရသာ ဆိုးတတ်ပါတယ်။ ဒါ့ပြင် humic compound တွေ ပါနေတဲ့ ရေကို ကလိုရင်း ခတ်လိုက်မိရင် သူတို့နှစ်ခု ဓာတ်ပြူပြီး trihalomethanes ( THMs ) ဖြစ်တဲ့

ဓာတုပစ္စည် းတွေ ရေထဲပျံ့ကုန်တတ်ပါတယ်။ humic compound ဆိုတာအသီးအရွက်တွေ ၊ တိရိစ္ဆာန်အညစ်အကြေးတွေ ပုပ်သွေးဆွေးမြေ့ခြင်းဖြစ်စဉ်မှာ ပါဝင်တဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ trihalomethanes ( THMs ) ဝ.၁၀ မီလီဂရမ်လောက်ပါဝင်နေတဲ့ ရေကို နှစ်ရှည်လများ သောက်လိုက်မိရင်

ကင်ဆာရောဂါြ ဖစ်နိုင်ချေရှိပါတယ်။ ဒါကြောင့် ကိုယ်သောက်တဲ့ရေထဲ trihalomethanes ( THMs ) ကိုဖယ်ချင်ရင်တော့ Activated carbon filter ကို သုံးပေးလို့ရပါတယ်။ Activated carbon filter ဆိုတာ သေးငယ်တဲ့ carbonအမှုန်လေးတွေနဲ့ လုပ်ထားတဲ့ filter ရေစစ်တဲ့အပြားဖြစ်ပါတယ်။
ကလိုရင်းက ရေထဲက iron တွေ၊ မဂ္ဂနှီဆီယမ်တွေကို ဖယ်ရှားပေးပေမယ့် လူတွေအတွက်အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ nitrate ကိုတော့ မဖယ်ရှားပေးနိုင်ပါဘူး။ ကလိုရင်းခတ်ထားတဲ့ေ

ရကူးကန် က ကန်ထဲက ရေအတွက်တော့အကျိုးရှိပေမယ့် ရေလားကူးတဲ့ လူတွေအတွက်တော့ မျက်လုံးထဲရေဝင်သွားတဲ့အခါ စပ်တာမျိုးတွေ ၊အသားပိုမဲတာမျိုးတွေကိုဖြစ်စေတတ်ပါတယ်။ ဒ့ါအပြင် ကလိုရင်းမှာအရောင်ချွတ်တဲ့အာနိသင်ရှိတာကြောင့် သင့်ဆံပင်

ဆံသား ကို ခြောက်သွားစေပြီး ဆံပင်အရောင်ကို ပြောင်းစေပါတယ်။ ဒါတွေကတော့ ကလိုရင်းခတ်ထားတဲ့ ရေကြောင့် ရနိုင်တဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ပဲ ဖြစ်ပါတယ်။ သောက်တဲ့လူတွေအတွက်ကတော့အရသာဆိုးပြီးအနံ့ပြင်းပေမယ့် ရေကူးတဲ့သူတွေအတွက်ဆိုရင်တော့ ရေကူးကန်ကနေ ရနိုင်တဲ့ ရောဂါပိုးတော်တော်များများကို ကလိုရင်းက ကာကွယ်ပေးတာကြောင့် ရေထဲကလိုရင်းခတ်ခြင်းက ကောင်းတာတွေလည်းရှိသလို ဆိုးတာတွေလည်းရှိတဲ့အရာတစ်ခုပါ။   ။

Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..