ရာသီသွေးဆင်းတာ
က စိတ်အနှောင့်အယှက်ကောင်းပေမယ့် မလာရင်လည်းအဆင်မပြေပြန်ဘူးနော်။ နောက်ထပ်သတိထားရမှာတစ်ခုက ရာသီလာချိန်မှာ စားရမယ့်
အစားအစာတွေ
နဲ့ မစားသင့်တာတွေပါနော်။အစားအစာက လူနဲ့တည့်တယ်ဆိုပေမယ့် ရာသီလာချိန်မှာအချို့အစားအစာတွေက နေရထိုင်ရပိုခက်စေနိုင်ပါတယ်နော်။ ကဲ ဒီတော့
ရာသီလာနေချိန်
မှာ ဘာတွေစားလို့ ဘာတွေမစားရဘူးလဲသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။
ဘာတွေစားမလဲ
ဆယ်လ်မွန် ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့အစားအစာတွေထဲကတစ်ခုပေါ့။
omega-3 fatty acids
ပါဝင်နေတာကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ရာသီလာချိန်မှာ နာကျင်မှုလျော့ပါးသက်သာစေချင်ရင် ဆယ်လ်မွန်ငါးစားပေးပါ။ ငှက်ပျောသီး စားရတာလွယ်ပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲတာ၊ ပင်ပန်းနွမ်းနယ်တာကို သက်သာစေနိုင်ပါတယ်။
အမျှင်ဓာတ်
ပါဝင်မှုကြောင့် ရာသီလာစဉ်
ဝမ်းချုပ်တာ
ကို သက်သာစေနိုင်ပါတယ်။ ကြွက်သားတွေကိုပြေလျော့စေပြီး
စိတ်ခံစားမှု
ကိုကောင်းမွန်စေနိုင်ပါတယ်။ အနက်ရောင်ချောကလက် အချိုနည်းတဲ့အနက်ရောင်ချောကလက်က ရာသီလာချိန်မှာ စိတ်ခံစားမှုကောင်းစေသလို နာကျင်ကိုက်ခဲမှုကိုပါသက်သာစေနိုင်တာပါနော်။ ရာသီလာချိန်မှာအနက်ရောင်ချောကလက် နည်နည်းလောက်စားပေးလို့ရပါတယ်။ ပန်းဂေါ်ဖီစိမ်း အမျှင်ဓာတ်နဲ့သံဓာတ်ပါဝင်မှုကြောင့် ရာသီလာစဉ်သွေးဆင်းတာကြောင့် သံဓာတ်ဆုံးရှုံးတာကို သက်သာစေနိုင်ပါတယ်။ လေပွတာကိုလည်း သက်သာစေနိုင်ပြီး ခန္ဓာကိုယ်ကိုရေဓာတ်ပြည့်နေစေပါတယ်။ ဖရဲသီး ဖရဲသီးမှာပါတဲ့ သဘာဝအချိုဓာတ်ကရာသီလာတာကြောင့် ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့အင်အားတွေကိုဖြည့်ပေးပါတယ်။ ဗီတာမင် ကြွယ်ဝစွာပါဝင်တာကြောင့် လေပွတာကိုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝတာကြောင့် ခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်ပေးပြီး ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကိုသက်သာစေနိုင်ပါတယ်။ စိတ်ခံစားမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ ဥအမျိုးမျိုး ကျန်းမာရေးနဲ့အညီညွတ်ဆုံးအစားအစာတစ်မျိုးပေါ့။ ကြက်ဥအနှစ်မှာ သံဓာတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ပျော်ဝင်နိုင်တဲ့အဆီ၊ဗီတာမင် နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့ Fatty Acid နဲ့ ပရိုတင်းတို့ပါဝငနေတာကြောင့် ရာသီလာချိန်မှာ ခန္ဓာကိုယ်ကိုအားအင်ပြည့်နေစမှာအသေအချာပါ။ ကြက်ဥကို မကျက်တကျက်လေးပြုပြီး စားပေးပါနော်။
ဘာတွေရှောင်ရမလဲ
အချိုရည်တွေ အချိုကဲတဲ့အချိုရည်တွေ။ ဆိုဒါလိုမျိုးသောက်စရာတွေက ရာသီလာစဉ်မျာ နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်ပါတယ်။ ခန္ဓာကိုယ်ကို လိုအပ်တြ့ရေဓာတ်ရရှိစေမှုမှာအဟန့်အတားဖြစ်စေတာကြောင့် ရာသီလာနေချိန်မှာအချိုရည်တွေမသောက်ပါနဲ့။ ပြုပြင်ထားတဲ့အစားအစာတွေ အငန်ဓာတ်ပါဝင်မှုကြောင့် ဗိုက်ထဲမှာ မအီမသာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာအငန်ကဲတဲ့အစားအစာတွေ ပြုပြင်ထားတဲ့အစားအစာတွေကို မစားဖို့ပြောပါရစေနာ်။ ဆီကြော်စာတွေ အဆီများတဲ့အစားအစာတွေက ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်ပါတယ်။ ပြောချင်တာကတော့ ရာသီလာချိန်မြှ သက်တောင့်သက်သာဖြစ်နေစေဖို့အဆီများတဲ့အစားအစာတွေကိုရှောင်ပေးပါနော်။ ကဖင်း ကိုယ်တွင်းသံဓာတ်ကိုထိခိုက်စေနိုင်တာကြောင့် ရာသီလာချိန်မှာ လက်ဖက်ရည်၊ကော်ဖီတွေကိုကြိုက်တယ်ဆိုရင်တောင် မသောက်ပါနဲ့၊ လက်ဖက်သုပ်လေးလည်းရှောင်ပါနော်။ အစပ်များတဲ့အစားအစာတွေ အစပ်များတဲ့အစားစအာတွေက လေပွတာ၊ ဝမ်းသွားတာမျိုးတွေကိုဖြစ်စေနိုင်သလို ရာသီလာချိန်ခံစားရတဲ့ ဝေဒနာတွေကိုပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့်အစပ်တွေမစားဖို့လည်းပြောပါရစေနော်။ ကဲ.... ခန္ဓာကိုယ်မှာရာသီလာတာကြောင့် ဝေဒနာခံစားရသက်သာစဖို့ ဒီအစားအစာလေးတွေကို စားပေးပါနော်။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။