
အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ပြီး လည်ချောင်းနာတာ၊အအေးမိ နှာစေးတာတွေ ဖြစ်တဲ့အခါ မူလအသံမျိုး မဟုတ်ဘဲအသံပြောင်းနေတာကို သင်သတိထားမိမှာပါ။အသံကွဲအက်တာ၊အသံစူးရှတာ၊အသံအားနည်းတာ၊အသံအောတာ စတာတွေကအပြင်းအထန် ဖျားနာတာရဲ့ လက္ခဏာ တစ်ရပ်ဖြစ်နိုင်ပါတယ်။အသံကွဲအက် နေတာ သုံးရက်ထက် ပိုဖြစ်ခဲ့ရင်တော့ ပေါ့ဆမနေသင့်ပါ။အသံအက်ခြင်း ဖြစ်နိုင်ခြေ ။ ။အလိုအလျောက် ခုခံဓာတ်ကြောင့် ဖျားနာခြင်း၊ တချို့ရောဂါတွေမှာ ခန္ဓာကိုယ် ခုခံဓာတ်ကအသံကြိုးကို တိုက်ခိုက်လို့အသံကြိုးရောင်ပြီးအသံအောတာ ဖြစ်လာတာပါ။ ခုခံအားစနစ်ယိုယွင်းမှု ရောဂါဖြစ်တဲ့ Sjogren’s Syndrome ခံစားရပါက မျက်ရည်ကျတာ၊ တံတွေးထွက်တာ၊အာခေါင်နဲ့ လည်ချောင်း ခြောက်တာတွေ ဖြစ်နိုင်ပါတယ်။ ခုခံစွမ်းအားက ပြန်လည် တိုက်ခိုက်တာ ကြောင့်ဖြစ်တဲ့ ကြွက်သား နာကျင်ရောင် ရမ်းတာ၊ သွေးလေးဖက်နာ၊အရေပြားထူ လေးဖက်နာ၊ နာတာရှည်အရေပြားရောဂါ စတဲ့ရောဂါတွေကြောင့်လည်းအသံသြ တာ ဖြစ်နိုင်ပါတယ်။ မောဟိုက်သံဖြစ်ခြင်း ဖြစ်နိုင်ခြေ ။ ။အာရုံကြော ထိခိုက်မိခြင်း အသံကြိုးကို ထိန်းချုပ်ထားတဲ့အာရုံကြော ထိခိုက်တာကြောင့်အသံအားပျော့ပြီး မောဟိုက်သံ ဖြစ်နေတတ်ပါ တယ်။အာရုံကြောအနီးအနားမှာအစိတ်အပိုင်းတွေ သိုင်းရွိုက်ဂလင်း၊ ကျောရိုးအာရုံကြောမကြီးနဲ့ နှလုံးစတဲ့ ခွဲစိတ် ကုမှုခံယူထားပါကအာရုံကြော ထိခိုက်နိုင်ခြေများပါတယ်။အသံဝင်ခြင်း ဖြစ်နိုင်ခြေ ။ ။ ပိုးမွှား ကူးစက်ခြင်း ပိုးမွှားကူးစက်တာကြောင့် လည်ချောင်းကို ထိခိုက်မှုဖြစ်စေပါတယ်။ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ မှိုပိုး စတာတွေ ကူးစက်တာကြောင့်အသံပြောင်းသွားနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်တဲ့အခါအသံကြိုးဆီသွားတဲ့အာရုံကြောကို ပျက်စီးစေတာကြောင့်အသံဝင်တာ ဖြစ်လာပါတယ်။အသံဝင်ခြင်း၊အသံပြောင်းခြင်း ဖြစ်နိုင်ခြေ ။ ။ လည်ချောင်း၊အဆုတ် သို့မဟုတ် သိုင်းရွိုက် ကင်ဆာဖြစ်ခြင်း လည်ချောင်းမှာ ကင်ဆာဆဲလ်တွေအဖြစ်ပြောင်းလဲတာကြောင့်အသံ ပြောင်းတာမျိုး ဖြစ်လာတတ်ပါတယ်။ ဆေးလိပ်သောက်သူတွေမှာ လည်ချောင်းကင်ဆာ ဖြစ်နိုင်ခြေများပြီးအရက်အလွန်အကျွံ သောက်သုံးသူတွေမှာ ဖြစ်တဲ့ရောဂါတွေကလည်းအသံအပေါ် သက်ရောက်မှု ရှိပါတယ်။ လည်ချောင်းကင်ဆာဖြစ်တဲ့အခါအသံပြောင်းတာအပြင် နားနာကျင်တာ၊ လည်ချောင်း နာတာ၊အသက်ရှူရခက်ခဲတာ၊ မျိုချရ ခက်တာ၊ လည်ပင်းမှာအကျိတ်ထွက်တာ စတဲ့လက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။အသံပြောင်းခြင်း သို့မဟုတ်အားနည်းခြင်း ဖြစ်နိုင်ခြေ ။ ။ လည်ချောင်း၊အဆုတ် သို့မဟုတ် သိုင်းရွိုက်ကင်ဆာဖြစ်ခြင်း အသံပြောင်းသွားတာက ဖြစ်ခဲပေမယ့် လည်ချောင်းကင်ဆာရဲ့အကြိုလက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ ဆေးလိပ် သောက်သူတွေက လည်ချောင်းကင်ဆာ ဖြစ်နိုင်ခြေများပြီးအရက်အလွန်အကျွံ သောက်သူတွေမှာလည်း ဖြစ်နိုင်ခြေ များပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ လည်ချောင်းထဲမှာအလုံးအကျိတ်ရှိတာ၊အသံပြောင်းတာ၊ နားနာကျင်တာ၊ လည် ချောင်းနာတာ၊ တစ်ဆို့ဆို့ ဖြစ်တာ၊အသက်ရှူရ ခက်ခဲတာ၊အစာမျို မရတာ၊ လည်ပင်းမှာအကျိတ်ထွက်တာ စတာ တွေဖြစ်ပေါ်နိုင်ပါတယ်။ လည်ပင်းကင် ဆာကနေအဆုတ်နဲ့ သိုင်းရွိုက်ဂလင်းတွေဆီ ကင်ဆာဆဲလ်တွေ ပျံ့နှံ့ ရောက်ရှိနိုင်ပါတယ်။အဲ့ဒီအခါအသံကြိုးကို တွန်းတာကြောင့် မူလအသံပြောင်းပြီးအသံအားနည်းလာပါတယ်။ သင်က ဆေးလိပ် သောက်သူတစ်ယောက်ဖြစ်ပြီးအသံပြောင်းတာ၊အားနည်းတာ ဖြစ်ပေါ် ပါက ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။အသံအားနည်းပြီး ကြမ်းရှခြင်း ဖြစ်နိုင်ခြေ ။ ။အသံကြိုး ထိခိုက်ခြင်း အသက် ၆ဝ ကျော်အရွယ်တွေမှာ အသံအားနည်းပြီး ကြမ်းရှလာတာမျိုး ဖြစ်နိုင်ပါတယ်။အသံကြိုးကြောင့် ဖြစ်ရတာပါ။ တချို့တွေမှာအကြားအာရုံ ပါ ဆုံးရှုံးသွားတတ်ပါတယ်။ တချို့သက် ကြီးရွယ်အိုတွေဆို ကြမ်းရှတဲ့အသံ ကြောင့်အများတကာနဲ့ ပြောဆိုဆက်ဆံဖို့ မဝံ့မရဲဖြစ်တာကြောင့် လူအများနဲ့ တွေ့ ဆုံဖို့ကို ရှောင်ကြဉ်လာတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ စိတ်ကျ ရောဂါ လည်း ဖြစ်လာနိုင်ပါတယ်။အသံ ချိုသာမှု မရှိခြင်း ဖြစ်နိုင်ခြေ ။ ။ စားချဉ့်ပြန်ခြင်း စားချဉ့်ပြန်တယ်ဆိုတာအစာအိမ်ထဲကအစာနဲ့အက်စစ်အရောတွေ နောက်ပြန်ပြီး ထွက်လာတာကြောင့် လည်ချောင်းထဲ ရောက်လာတာကို ဆိုလိုတာပါ။ စားချဉ့်ပြန်တာကြောင့်အသံက ချိုသာမှု မရှိဘဲ ကြမ်းတမ်း မာကျောနေတတ်ပါတယ်။ စားချဉ့်ပြန် တာအတွက် ဆေးဝါးတချို့ သောက်သုံးပါက သက်သာပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ကင်ဆာရောဂါအပြင် တခြား ရောဂါတချို့နဲ့လည်း ဆက်စပ်နေနိုင်တာကြောင့် ဆရာဝန်ပြသပြီး စစ်ဆေးမှု ခံယူတာအကောင်းဆုံးပါ။ Credit: ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။