
ရင်ဘတ်နာတယ်ဆိုတာ ပုံစံအမျိုးမျိုးနဲ့ လာတတ်ပါတယ်၊ မသိမသာ တစ်ချက်တစ်ချက်မှာ ထအောင့်တာကနေ ဓါးနဲ့ ထိုးလိုက်သလို စူးခနဲအောင့်တာမျိုးအထိအမျိုးမျိုးဖြစ်နိုင်ပါတယ်။ ရင်ဘတ်ပေါ် တစ်ခုခုနဲ့တက်ဖိထားသလိုလည်း ဖြစ်နိုင်သေးသလို မီးစနဲ့ထိုးသလို ရင်ပူပြီး ခံစားနေရတဲ့သူလည်း ရှိနိုင်ပါတယ်။ တချို့သူတွေမှာဆို ရင်ဘတ်ကနေတစ်ဆင့် လည်ပင်း၊ မေးရိုး၊လက်မောင်း စတဲ့နေရာတွေကိုလည်း ပျံ့နှံ့သွားတတ်ပါသေးတယ်။ ရင်ဘတ်အောင့်တာကိုဖြစ်စေတဲ့အကြောင်းတွေအများကြီးရှိပါတယ်။အသက်အန္တရာယ်အစိုးရိမ်ရဆုံးကတော့ နှလုံးနဲ့အဆုတ်ပြဿနာတွေပဲဖြစ်ပါတယ်။ ရင်ဘတ်အောင့်တယ်ဆို ဆိုးဆိုးဝါးဝါးပြဿနာတစ်ခုခုကြောင့်ဖြစ်နိုင်တာမို့ ဘယ်လိုပဲအောင့်အောင့်ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ ရင်ဘတ်အောင့်ရင် ဘာလက္ခဏာတွေပြမလဲဖြစ်စေတဲ့အောက်ခံအကြောင်းအရင်းပေါ်မူတည်ပြီး ရင်ဘတ်အောင့်တာကပုံစံအမျိုးမျိုးနဲ့ လာနိုင်ပါတယ်။အမြဲတမ်း နှလုံးရောဂါရှိလို့ဆိုပြီး ပြောလို့မရပါဘူး။အခုနေရာပေါ်လိုက်ပြီး ပြမဲ့လက္ခဏာလေးတွေကို တစ်ချက်လေ့လာကြည့်ရအောင်ပါ နှလုံးကြောင့်လားရင်ဘတ်အောင့်ရင် နှလုံးရောဂါနဲ့အများဆုံးဆက်စပ်နေပေမဲ့ လူအတော်များများကတော့ ရင်ဘတ်မှာနာကျင်တယ် ဆိုတာထပ် ဒီအတိုင်းမသက်မသာခံစားရတယ်လို့ပဲ ထင်တတ်တယ်။ ရင်ဘတ်အောင့်တာက နှလုံးကြောင့် ဖြစ်တယ်ဆိုရင်အောက်ပါလက္ခဏာတွေထဲက တစ်ခုခု ဒါမှမဟုတ် တစ်ခုထပ်ပိုတဲ့လက္ခဏာတွေနဲ့ လာပါလိမ့်မယ်- ရင်ဘတ်ပေါ် တစ်ခုခုလာဖိထားသလိုခံစားရမယ်၊ ရင်ဘတ်ကြီးတင်းကျပ်နေမယ်- ဒီလိုတင်းကျပ်နာကျင်မှုက နောက်ကျော၊ လည်ပင်း၊ မေးရိုး၊ ပုခုံး၊ လက်မောင်းတစ်ဖက်တည်းသော်လည်းကောင်း၊ ၂ ဖက်စလုံးသော်လည်းကောင်းပျံ့သွားမယ်- နာကျင်မှုကလည်း တစ်မိနစ်ထပ်ပိုကြာမယ်၊ လှုပ်လှုပ်ရှားရှားလုပ်လိုက်ရင်ပိုဆိုးသွားမယ်၊ နားလိုက်လို့ပျောက်သွားပြီးရင်လည်းပြန်ဖြစ်တတ်ပါတယ်။ -အသက်ရှုမဝဖြစ်မယ်- ခန္ဓာကိုယ်ကအေးနေပြီးချွေးသီးချွေးပေါက်တွေထွက်မယ်- မူးလဲချင်သလိုဖြစ်သွားမယ်- ပျို့အန်မယ် ဒီလိုလက္ခဏာတွေပြနိုင်ပါတယ်တခြားအကြောင်းတွေကြောင့် ရင်ဘတ်အောင့်တာလား နှလုံးကြောင့်အောင့်တာလားဆိုတာ ရုတ်တရက်ဆိုခွဲခြားဖို့ခက်ပါတယ်။ သို့ပေမဲ့ ရင်ဘတ်အောင့်တာ နှလုံးကြောင့်မဟုတ်ဘူးဆိုရင် ဒီလက္ခဏာတွေပြနိုင်ပါတယ်-အစာစားလိုက်ရင် ပါးစပ်ထဲမှာ ချဉ်သလိုလို တစ်မျိုးကြီးအရသာရမယ်-အစာမျိုရခက်မယ်- ခန္ဓာကိုယ်ပုံစံအနေအထားပြောင်းလိုက်ရင် နာကျင်တာပိုဆိုးမယ်-အသက်ပြင်းပြင်းရှုလိုက်ရင် ဒါမှမဟုတ် ချောင်းဆိုးလိုက်တဲ့အခါ ရင်ဘတ်ပိုအောင့်လာမယ်- ရင်ဘတ်ကိုဖိထားလိုက်ရင် ပိုဆိုးလာမယ်- တစ်ခါတစ်ခါအောင့်ရင် နာရီနဲ့ချီကြာမယ်ရင်ဘတ်ထဲပူနေမယ်ဆို ဒါဟာနှလုံးကြောင့်လည်းဖြစ်နိုင်သလိုအစာအိမ်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘယ်အကြောင်းအရာဆိုတာ ရုတ်တရက်ခွဲခြားဖို့မလွယ်သလိုအရေးတကြီးကုသမှုလည်း ခံယူဖို့လိုအပ်နိုင်တာကြောင့် ရင်ဘတ်အောင့်တာဖြစ်ရင် နီးစပ်ရာဆေးရုံဆေးခန်းကိုအမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။ ဘာ့ကြောင့် ရင်ဘတ်အောင့်ရသလဲရင်ဘတ်အောင့်တာကို ဖြစ်စေတဲ့အကြောင်းအရင်းတွေအများကြီးရှိသလိုအကုန်လုံးကလည်း ကုသမှုခံယူဖို့လိုအပ်ပါတယ် နှလုံးကြောင့်ဖြစ်တာလား- နှလုံးရဲ့ သွေးလည်ပတ်မှုမှာ သွေးခဲပိတ်သွားလို့ နှလုံးကြွက်သားတွေအောက်ဆီဂျင်လုံလုံလောက်လောက် မရတော့တဲ့အခါမျိုးမှာဖြစ်တတ်ပါတယ်- နှလုံးကို သွေးပို့ပေးတဲ့ သွေးကြောတွေထဲမှာအဆီတွေနဲ့ပြည့်လာလု့ိ သွေးကြောကျဉ်းလာတဲ့အခါ နှလုံးက လိုအပ်တဲ့သွေးပမာဏလုံလုံလောက်လောက်မရဘူးဖြစ်မယ်၊ ဒီအခါမှာလည်း ရင်ဘတ်အောင့်နိုင်တယ်-အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေနောက်တစ်ခုက နှလုံးရဲ့ ပင်မသွေးလွှတ်ကြောကြီးရဲ့အတွင်းလွှာ ကွဲထွက်ပြီး သွေးတွေအပြင်ထွက်လာတဲ့အခြေအနေဖြစ်ပါတယ်၊ နောက်ဆုံးဒီသွေးကြောကြီး လုံးဝပေါက်ထွက်သွားတဲ့အထိဖြစ်နိုင်ပါတယ်။- နှလုံးမှာသူ့ကို ကာထားတဲ့အလွှာတွေရှိပါတယ်။ ဒီအလွှာတွေရောင်ရမ်းတဲ့အခါမှာလည်း ရင်ဘတ်မှာ စူးခနဲ့အောင့်တာကို ခံစားရစေတယ်၊အသက်ရှုသွင်းလိုက်တဲ့အခါနဲ့အိပ်လိုက်တဲ့အခါတွေမှာပိုဆိုးတယ်။ အစာချေလမ်းကြောင်းမှာ ပြဿနာရှိလို့လား-အစာအိမ်ထဲကအစာချေအက်စစ်ဓာတ်တွေပြန်ထွက်လာတဲ့အခါမျိုးမှာဆို လူနာအနေနဲ့ ရင်ညွှန့်ရိုးနောက်ဖက်က ပူစပ်ပူလောင်ကြီးခံစားရစေပါတယ်-အစာမျိုလမ်းကြောင်းမှာ ပြဿနာတစ်ခုခုရှိနေရင်လည်း တံတွေးမျိုရခက်စေတယ်၊ ရင်ဘတ်အောင့်မယ်- သည်းခြေအိတ်ကျောက်တည်တာ၊ သည်းခြေအိတ်ရောင်တာ၊ မုန့်ချိုအိတ်ရောင်တာ စတဲ့ပြဿနာတွေကြောင့်လည်း ဗိုက်နာပြီး ဒီနာကျင်မှုက ရင်ဘတ်ကို ရွေ့သွားတာမျိုးဖြစ်တတ်တယ်။ ကြွက်သားနဲ့အရိုးမှာပြဿနာရှိလို့လားတစ်ခါတစ်လေ ရင်ဘတ်အောင့်တာက ထိခိုက်ဒဏ်ရာရတာကြောင့်လည်း ဖြစ်သွားတတ်ပါတယ်။ - နံရိုးအိတ်ကြားကအရွတ်တွေ၊အထူးသဖြင့် ရင်ညွှန့်ရိုးနဲ့ နံရိုးတွေဆက်သွယ်တဲ့နေရာကအရွတ်တွေရောင်ရမ်းရင်လည်း ရင်ဘတ်နာတတ်ပါတယ်- နာတာရှည်ကြွက်သားနာကျင်တဲ့ရောဂါရှိရင်လည်း ရင်ဘတ်အောင့်တတ်ပါတယ်- ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့် နံရိုးကျိုးတာမျိုးဖြစ်သွားရင်လည်း ရင်ဘတ်အောင့်တဲ့လက္ခဏာနဲ့ လာတတ်ပါတယ်။ အဆုတ်ကြောင့်ဖြစ်တာလားအဆုတ်ကြောင့်ဖြစ်နိုင်တာတွေကတော့-အဆုတ်ထဲက သွေးကြောတစ်ခုခုမှာ သွေးခဲပိတ်သွားရင် လိုအပ်တဲ့နေရာတွေကို သွေးမရောက်တော့ပဲ နာကျင်တတ်ပါတယ်-အဆုတ်ကိုအပြင်ကနေ ကာပေးထားတဲ့အလွှာ ၂ထပ်ရှိပါတယ်၊ ဒီအလွှာတွေရောင်ရမ်းနေရင် ချောင်းဆိုးတဲ့အခါ၊အသက်ရှုတဲ့အခါတွေမှာ ရင်ဘတ်အောင့်နိုင်ပါတယ်-အဆုတ်နဲ့ နံရိုးကြားနေရာမှာလေခိုရင် ဒီလေတွေကအဆုတ်ကိုအပြင်ကနေလာဖိထားသလိုဖြစ်လာစေတယ်။ ဒီလိုဖြစ်ရင် လူနာအနေနဲ့အသက်ရှုရခက်မယ်၊ ရင်ဘတ်အောင့်ပါမယ်။-အဆုတ်ထဲကို သွေးပို့ပေးတဲ့သွေးကြောတွေထဲမှာ သွေးပေါင်ချိန်တက်နေမယ်ဆိုရင်လည်း ရင်ဘတ်အောင့်တာနဲ့ လာနိုင်ပါတယ်။ တခြားဖြစ်တတ်သောအကြောင်းအရင်းများရင်ဘတ်အောင့်တာက - ရုတ်တရက် တစ်ခုခုကိုအကြီးအကျယ်ကြောက်ရွံ့သွားတဲ့အခါမျိုးမှာဆိုရင်ဘတ်အောင့်တာတင်မက နှလုံးခုန်မြန်တာ၊အသက်ရှုမြန်တာ၊ ချွေးတွေထွက်လာတာ၊အသက်ရှုမြန်လာတာ၊ ပျို့အန်ချင်တာ၊ ခေါင်းတွေမူးလာတာ၊ ဘာအန္တရာယ်မှာ ကြီးကြီးကျယ်ကျယ်ကြောက်စရာမရှိပဲ သေမှာကို ကြောက်လန့်နေတာ စတဲ့လက္ခဏာတွေနဲ့လာနိုင်ပါတယ်- ရေကြောက်ရောဂါဖြစ်ရင်လည်း လူနာအနေနဲ့ နောက်ကျောကနေ ရင်ဘတ်အထိအရည်ကြည်ဖုတွေပေါက်လာပြီး နာကျင်မှုလည်း ခံစားရပါမယ်။ ရောဂါရှာဖွေခြင်းရင်ဘတ်အောင့်တာနဲ့ နှလုံးကြောင့်လို့တော့ သေချာပေါက်ပြောလို့မရပါဘူး။ သို့ပေမဲ့ ရင်ဘတ်အောင့်လို့ ဆေးရုံရောက်ရင်တော့ နှလုံးကြောင့် ဟုတ်မဟုတ်သေချာအောင် သေချာစစ်ဆေးမှာဖြစ်တယ်။ဘာ့ကြောင့်လည်း ဆိုတော့ နှလုံးရောဂါကြောင့် ရင်ဘတ်အောင့်တာဆို လူနာအများစုအတွက်အသက်အန္တရာယ်စိုးရိမ်ရတာကြောင့်ဖြစ်ပါတယ်။ ဆေးရုံရောက်တာနဲ့ လုပ်မဲ့ စစ်ဆေးမှုတွေကတော့- နှလုံးစက်ဆွဲခြင်း (ECG) - နှလုံးစက်ဆွဲတဲ့အခါ လူနာရဲ့ရင်ဘတ်မှာ electrodes လို့ခေါ်တဲ့ခန္ဓာကိုယ်က လျှပ်စစ်ကြိမ်နှုန်းကို မှတ်တမ်းတင်နိုင်တဲ့ ကပ်ခွာလေးတွေတပ်ပြီး စမ်းသပ်စစ်ဆေးမှာဖြစ်တယ်။ ရောဂါတစ်ခုခုဖြစ်နေတဲ့ နှလုံးကြွက်သားက ပုံမှန်အတိုင်း လျှပ်စစ်ကြိမ်နှုန်းတွေမထုတ်လွှတ်နိုင်ပါဘူး။ ပုံမှန်အတိုင်းလျှပ်စစ်လှိုင်းထုတ်မထုတ်ကို ကြည့်ပြီး နှလုံးအခြေအနေကို မှန်းဆနိုင်ပါတယ်- သွေးစစ်ခြင်း - နှလုံးကြွက်သားတွေထိခိုက်တဲ့အခါ တချို့ ပရိုတင်းတွေ၊အင်ဇိုင်းတွေပိုထွက်လာလေ့ရှိပါတယ်။ သွေးစစ်တဲ့အခါ ဒီဓာတ်တွေ ပမာဏကို စစ်ဆေးပါတယ်- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း -အဆုတ်၊ နှလုံးအပါအဝင်အဓိကသွေးကြောကြီးတွေရဲ့အခြေအနေကို သိရအောင် ဓာတ်မှန်ရိုက်ပါမယ် ၊ တကယ်လို့အဆုတ်ရောင်တာ၊အဆုတ်လေခိုတာ စတဲ့ပြဿနာတွေရှိနေရင် ဓာတ်မှန်ရိုက်တဲ့အခါ တွေ့နိုင်ပါတယ်။- ကွန်ပြူတာဓာတ်မှန်ရိုက်လိုက်ရင်အဆုတ်ထဲမှာ သွေးခဲပိတ်တာ၊ နှလုံးသွေးကြောမကြီးနဲ့ ပတ်သတ်ပြီး ပြဿနာရှိမရှိ သိနိုင်ပါတယ်ဒီလိုအစပိုင်းစမ်းသပ်မှုရလဒ်တွေအပေါ်မူတည်ပြီးတော့အောက်ပါစမ်းသပ်မှုတွေ ဆက်လုပ်ဖို့လိုအပ်နိုင်ပါတယ်- နှလုံးအက်ကိုးခ် ရိုက်တာရှိပါမယ်၊ ဒီစမ်းသပ်မှုကအသံလှိုင်းတွေကိုသုံးပြီး နှလုံးကို ပုံဖော်ကြည့်ရှုတာဖြစ်တယ်- နှလုံးသွေးကြောမှာပိတ်နေတာမျိုးရှိမရှိပို သေချာအောင် ကွန်ပြူတာဓာတ်မှန်ထပ်ရိုက်ကြည့်နိုင်ပါတယ်- လူနာကို လမ်းလျှောက်စက်၊အပြေးလေ့ကျင့်စက်ပေါ်မှာ လေ့ကျင့်ခိုင်းပြီး နှလုံး၊ နှလုံးသွေးကြော၊အဆုတ်စတာတွေ ရဲ့ ပြန်တုန့်ပြန်ပုံကို လေ့လာပြီး ဘယ်နေရာက ပြဿနာရှိနေသလဲဆိုတာ ရှာဖွေနိုင်ပါတယ်။- နောက်တစ်နည်းအနေနဲ့ဆို နှလုံးသွေးကြောဓာတ်မှန်ရိုက်တာရှိပါမယ်၊ ရိုက်တဲ့အခါမှာ ပျော့ပျောင်းတဲ့ပြွန်တစ်ချောင်းကို သွေးလွှတ်ကြောတစ်ချောင်းကနေ နှလုံးသွေးကြောတွေအထိ ရောက်အောင် ဖြည်းဖြည်းခြင်း ထည့်သွင်းပါတယ်၊ လိုအပ်တဲ့နေရာရောက်ရင် ပြွန်ထဲကနေဆေးတစ်မျိုးထုတ်လွှတ်လိုက်ပြီးအပြင်ကနေ ဓာတ်မှန်ပြန်ရိုက်ပါတယ်၊ ဒီအခါမှာ သွေးကြောတွေအခြေအနေကို သေချာသိမြင်နိုင်ပါတယ်။ ကုသခြင်း ကုသတဲ့အခါမှာလည်း ဖြစ်တဲ့အောက်ခံအကြောင်းအရင်းပေါ်မူတည်ပြီးအမျိုးမျိုးကွဲပြားသွားပါတယ်။- နှလုံးသွေးကြောကျဉ်းတာတွေအတွက် သွေးကြောကိုပြန်ပြေလျှော့စေတဲ့ဆေးပေးလေ့ရှိတယ်- တကယ်လို့ သင့်ဆရာဝန်က လူနာရင်ဘတ်အောင့်ရတဲ့အကြောင်းအရင်းက နှလုံးနဲ့ပတ်သတ်နေတယ်လို့ ယူဆရင်အက်စပရင်ဆေးပြားတွေပေးနိုင်ပါတယ်- သွေးကြောထဲမှာ သွေးခဲပိတ်တာမျိုးအတွက် သွေးခဲပျော်ဆေးပေးနိုင်ပါတယ်၊ သွေးပျစ်တာအတွက် သွေးကျဲဆေးပေးပါမယ်- တကယ်လို့ ရင်ဘတ်အောင့်တာကအစာအိမ်ကြောင့်ဖြစ်တာဆိုအစာအိမ်အက်စစ်ဓာတ်ကိုလျှော့ချပေးတဲ့ ဆေးတွေပေးပါမယ်- ဒါတွေကြောင့်မဟုတ်ပဲ စိတ်ပိုင်းဆိုင်အရကြောင့်ဖြစ်မယ်၊ ဥပမာ ရုတ်တရက်ဆောက်တည်ရာမရပဲ ကြောက်လန့်လွန်တဲ့ရောဂါမျိုးကြောင့်ဆို စိတ်ကျန်းမာရေးအထူးကုဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ကြည့်ဖို့လိုပြီး စိတ်ကျရောဂါမှာသောက်ရတဲ့ဆေးမျိုးပေးမှာဖြစ်တယ်။သောက်ဆေးပေးတာအပြင် ခွဲစိတ်ကုသတဲ့နည်းလမ်းတွေ၊ တခြားနည်းလမ်းတွေနဲ့လည်း ကုသပါသေးတယ်- တကယ်လို့ ရင်ဘတ်အောင့်တာက နှလုံးကသွေးလွှတ်ကြောတစ်ခုခုပိတ်နေလို့ဆိုရင် လူနာရဲ့ ပေါင် ဒါမှမဟုတ် လည်ပင်းက သွေးကြောကြီးတစ်ခုကနေ ပျော့ပျောင်းတဲ့ ပြွန်အသေးစားတစ်ခုကိုထည့်လိုက်ပြီး ဒီပြွန်လေးထဲကနေတစ်ဆင့် ပိတ်နေတဲ့သွေးကြောကို ပြန်ကျယ်လာအောင် stent တစ်ခုထည့်သွင်းပါတယ်၊ သွေးပုံမှန်ပြန်လျှောက်နိုင်အောင် stent ကို ကျဉ်းနေတဲ့သွေးကြောနေရာမှာ ထည့်ထားခဲ့လိုက်ပါတယ်။- သွေးကြောပိတ်နေတဲ့နေရာကို ပတ်ပြီး သွေးတွေစီးဆင်းအောင်ကုသလို့လည်း ရပါတယ်၊ ဒါကို bypass surgery လို့ခေါ်ပါတယ်၊ ခန္ဓာကိုယ်ရဲ့ တခြားနေရာက သွေးကြောတစ်စိတ်တစ်ပိုင်းကို ယူပြီး ကုသပါတယ်။- တကယ်လို့ နှလုံးသွေးကြောမကြီး ကွဲထွက်လို့ဖြစ်တာဆိုရင်တော့အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့အခြေအနေမို့ ချက်ခြင်းခွဲစိတ်ကုသဖို့လိုအပ်ပါတယ်။- တကယ်လို့အဆုတ်ထဲလေဝင်လို့ဖြစ်တာမျိုးဆိုရင်အဆုတ်ထဲကို ပြွန်တစ်ခုထည့်သွင်းပြီး လေထွက်သွားအောင် လုပ်ပေးရပါမယ်။ရင်ဘတ်အောင့်တယ်ဆိုတာ ဖြစ်နိုင်တဲ့အကြောင်းတွေအများကြီးရှိပါတယ်။ နှလုံးကြောင့်၊အဆုတ်ကြောင့် စသည်ဖြင့် ဖြစ်နိုင်တဲ့အချက်တွေများသလိုအသက်အန္တရာယ်အထိစိုးရိမ်ရတဲ့အကြောင်းတွေလည်း ပါဝင်တာကြောင့် ဘယ်အချိန်မှာပဲဖြစ်ဖြစ် ရင်ဘတ်အောင့်တာမျိုးဖြစ်ရင် နီးစပ်ရာဆရာဝန်တစ်ယောက်ယောက်နဲ့ သွားရောက်ပြသကြည့်သင့်ပါတယ်။ နောက်ပြီး ဆရာဝန်ဆီရောက်တဲ့ခါမှာလည်း ကိုယ်လက်ရှိခံစားနေရတဲ့ ဝေဒနာအသေးစိတ်ကိုသော်လည်းကောင်း၊အရင်တုန်းကလည်း ဖြစ်ဖူးမဖြစ်ဖူး၊ မိသားစုထဲမှာလည်းအလားတူဝေဒနာဖြစ်ဖူးတဲ့သူရှိမရှိ၊ လူနာအနေနဲ့ စွဲသောက်နေတဲ့ဆေးတစ်ခုခု ရှိလားစတဲ့အချက်တွေကိုအသေးစိတ်ပြောပြပေးခြင်းအားဖြင့် ဆရာဝန်အနေနဲ့ ရောဂါကိုအဖြေထုတ်ကုသရာမှာ ပိုပြီးအထောက်အကူဖြစ်နိုင်ပါတယ်။ Ref: Dr Oliverသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။