ဒံပေါက်ကိုအမြဲစားနေရင် ကျန်းမာရေးထိခိုက်လာနိုင်လား။
hellosayarwon.com
|
2019-03-20

ဒံပေါက်ဆိုတဲ့အသံကြားတာနဲ့ လူတော်တော်များများ ပါးစပ်ကနေ သွားရည်တွေ ကျလာတာ တွေ့ဖူးကြမှာပါ။အိန္ဒိယ ရိုးရာအစားအစာတစ်မျိုးဖြစ်ပြီး

အနံ ့ရော၊အရသာနဲ့အရောင်အဆင်းအနေနဲ့ပါ လူတိုင်းကို စားချင်လာအောင် ဆွဲဆောင်နိုင်တယ်။ ဒံပေါက်ကိုအိန္ဒိယလူမျိုးတွေအပြင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရော တစ်ကမ္ဘာလုံးက လူတွေကပါ ကြိုက်နှစ်သက်ကြပါတယ်။ ဒီတော့ ဒံပေါက်ဆိုတာ ကျန်းမာရေးအတွက် ကောင်းတဲ့အစားအစာဟုတ်သလား၊ ဒီလိုနွေရာသီမျိုးမှာရော ဒံပေါက်စားပေးသင့်လား၊အမြဲစားရင် ကျန်းမာရေးထိခိုက်နိုင်လား ဆိုပြီး မေးစရာမေးခွန်းတွေ ဖြစ်လာပါတယ်။ ကိုယ်တိုင်က ဒံပေါက်ကိုအရမ်းကြိုက်တတ်တဲ့သူတစ်ယောက်ဆိုုရင် ဒီဆောင်းပါးလေးက သင့်အတွက် ဗဟုသုတရစေမှာပါ။

ဒံပေါက်မှာ ဘာတွေ ပါဝင်လဲ။ ဘယ်လိုအာဟာရဓာတ်တွေ ရနိုင်လဲ။
အဓိကပါဝင်ပစ္စည်းတွေကတော့ ထမင်းနဲ့

ကြက်သားြ ဖစ်ပြီး ဆီ၊

ကြက်သွန်ဖြူ ၊ ဂျင်း၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်၊ နနွင်းမှုန့်၊ ဇီရာစေ့၊ ခရမ်းချဉ်သီး၊ ဒိန်ချဉ်၊ ဒံပေါက်မဆလာ၊ ဖာလာစေ့၊ နာနတ်ပွင့်၊ သစ်ဂျပိုးခေါက်၊ ကရဝေးရွက်၊အာလူး၊ သီဟိုရ်စေ့၊ ကြက်သွန်နီအစရှိသဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ဖြစ်စေတဲ့အရာတွေကို ပေါင်းစပ်ချက်လုပ်ထားတာ ဖြစ်ပါတယ်။ ဒံပေါက်ကို ထမင်း၊ ကြက်သားနဲ့အဓိကချက်ထားတာဖြစ်တဲ့အတွက် ပရိုတင်းဓာတ်၊ ကစီဓာတ်ပေါကြွယ်ဝတယ်။ ကုန်ဆုံးသွားတဲ့အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးတယ်။

အမျှင်ဓာတ် လည်း ပါဝင်လို့အစာကြေလွယ်စေပြီး

ဝမ်းချုပ် တာတွေ မဖြစ်စေပါဘူး။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်။

ကိုယ်ခံအားစနစ် ကို ကောင်းမွန်စေတယ်။ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်အသားဓာတ်အပြင် ဗီတာမင် ဘီ-၃၊အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတဲ့ ဆလီနီယမ် (Selenium)တွေလည်း ပါဝင်ပါတယ်။

ဒါဆိုရင် ဒံပေါက်ဟာ ကျန်းမာရေးနဲ့ ညီညွတ်လား။
ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိစေတဲ့အရာတွေကို ပေါင်းစပ်ပြီး ဒံပေါက်ကို ချက်ထားတာဖြစ်ပေမဲ့ ချက်ပုံချက်နည်း၊ ပါဝင်ပစ္စည်းနဲ့ သန့်ရှင်းသပ်ရပ်မှုပေါ်မူတည်ပြီး ဒံပေါက်ဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။အပြင်မှာ ရောင်းတဲ့ဆိုင်တွေ တော်တော်များများက မသန့်ရှင်းတဲ့ ဆီတွေကိုအသုံးပြုတာ၊

စားအုန်းဆီ လို ပြည့်ဝဆီတွေနဲ့ ဒံပေါက်ထမင်းချက်တာ၊ ချက်ပြီးသားဆီကိုအကြိမ်ကြိမ် ပြန်အသုံးပြုတာကြောင့်အမြဲစားပေးနေရင်တော့ ကျန်းမာရေးကို ထိခိုက်လာစေမှာအသေအချာပါပဲ။ ဒါကြောင့် ကိုယ်က ဒံပေါက်ကြိုက်တဲ့သူဆိုရင် ကိုယ့်အိမ်မှာ ဆီကောင်းဆီသန့်နဲ့ သေချ

ာသန့်ရှင်းလတ်ဆတ် စွာ ချက်ပြီး ပူပူနွေးနွေးစားတာအကောင်းဆုံးပါပဲ။

နွေရာသီမှာ ဒံပေါက်စားပေးသင့်လား။
ဒံပေါက်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်တွေအပြင် ကစီဓာတ်၊အဆီဓာတ်တွေအများအပြားပါဝင်လို့ နွေရာသီလို ရာသီဥတုပူပြင်းတဲ့အချိန်မှာ စားရင်တော့ ခေါင်းမူးခေါင်းကိုက်ပြီး ကိုယ်လက်မအီမသာဖြစ်တာ၊ ပျို့အန်ချင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဆီများလွန်းတာ၊ မသန့်ရှင်းတဲ့ ဆီတွေ သုံးထားရင်လည်း

သွေးတိုးရောဂါ ၊ နှလုံးရောဂါ ရှိတဲ့သူတွေအနေနဲ့တော့ များများစားလိုက်ရင် သွေးတက်တာ၊ ဦးနှောက်နဲ့ နှလုံးသွေးကြောထိခိုက်နိုင်ပါတယ်။

ကယ်လိုရီ ပါဝင်မှုများတဲ့အတွက်အသည်းအဆီဖုံးတာ၊ ကိုယ်အလေးချိန်တက်ပြီးအဝလွန်တာတွေပါ ဖြစ်လာနိုင်ပါတယ်။

ဒံပေါက်ကို ဘယ်လိုဆင်ခြင်ပြီး စားနိုင်ရင်အကောင်းဆုံးလဲ။
အစားအစာတိုင်းမှာတော့ တန်ဆေး၊ လွန်ဘေးဆိုတာ ရှိပါတယ်။ ဒါကြောင့် ကိုယ်ကအစားအစာတစ်မျိုးကို ဘယ်လောက်ပဲ ကြိုက်ကြိုက် ဒါပဲအမြဲစားနေမယ်ဆိုရင်တော့ ကျန်းမာရေးမှာ ပြဿနာဖြစ်လာမှာပါ။ ဒါကြောင့် ဒံပေါက်ကိုလည်းအမြဲစားတာထက် တစ်လ ၂ကြိမ်၊ ၃ကြိမ်လောက်ပဲ စားပေးမယ်ဆိုရင်အဆင်ပြေပါတယ်။ ဒံပေါက်ထဲမှာ ပါဝင်တဲ့ ကိုလက်စထရောတွေနဲ့ မကောင်းတဲ့အဆီတွေကို ဖယ်ရှားပေးဖိုု့အစာစားပြီးတိုင်း ရေနွေးကြမ်းဖြစ်ဖြစ်၊ ရေနွေးနွေးလေး ဖြစ်ဖြစ် သောက်ပေးသင့်ပါတယ်။ ဒံပေါက်ချက်လုပ်ရမှာ သမားရိုးကျအတိုင်း ချက်တာထက် မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်းပွင့်၊ ကန်စွန်းရွက်အစရှိတဲ့အရွက်လေးတွေ ရောပြီးအသစ်အဆန်းပုံစံမျိုး ချက်ပေးနိုင်ရင်လည်း ပိုကောင်းပါတယ်။ သတိထားရမှာကတော့ စားအုန်းဆီကိုအမြဲရှောင်ဖို့ပါပဲ။ ဒီလို မသန့်ရှင်းတဲ့ ဆီတွေအစား ကိုယ်ခန္ဓာအတွက်အန္တရာယ်မဖြစ်စေတဲ့ မပြည့်ဝဆီ (သံလွင်ဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ ဟင်းသီးဟင်းရွက်ဆီ) တို့ကိုအသုံးပြုပြီး ချက်ပေးပါ။ ချက်ပြီးသားဆီတွေကို ပြန်ပြီးအသုံးပြုတာမျိုးလည်း မလုပ်သင့်ပါဘူး။အကောင်းဆုံးက ဆိုင်တွေမှာ ဝယ်စားတာထက် ကိုယ့်အိမ်မှာ ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပြီး ဆီကောင်းဆီသန့်ကိုပဲအသုံးပြုပေးတာ ပိုကောင်းပါတယ်။  

Hello Health Group  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..