ဘေဘီလေးတွေ
ရဲ့အရေပြားကအထိခိုက်မခံနိုင်တာကတော့ သိထားပြီးသားဖြစ်မှာပါ။
အရေပြား
မှာပြဿနာတွေဖြစ်တဲ့အခါမှာလည် လူကြီးတွေလိုမျိုး ဆေးတွေလူးပေးဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။
ကလေး
ကငယ်လေလေ ဘာလုပ်ပေးလို့လုပ်ပေးရမှန်းမသိလေလေပါပဲနော်။ ဒီတစ်ခေါက်တော့ ဘေဘီလေးမှာ နို့ပွေးပေါက်တာကြောင့် စိတ်ညစ်နေရတဲ့ မေမေတို့အတွက် သတင်းကောင်းလေးပါးချင်တာပါ။
နို့ပွေး (Baby face Ringworm) ဆိုတာကဘာလဲ
ကလေးငယ်လေးတွေမှာဖြစ်တတ်တဲ့ နို့ပွေးဆိုတာက မှိုပိုးကူးစက်မှုတစ်မျိုးဖြစ်ပါတယ်။ ခြေထောက်မှိုစွဲတာကိုဖြစ်စေတဲ့
မှိုပို
းကြောင့်ဖြစ်တာပါ။အဆိုပါမှိုပိုးကအရေပြားပွန်းပဲ့ရာတွေကနေတဆင့် ခန္ဓာကိုယ်အတွင်းပိုင်းကိုရောက်ရှိသွားပြီး
အရေပြာ
းပေါ်မှာဖြစ်ပေါ်တာဖြစ်ပါတယ်။ ကလေးငယ်မှာ ကုတ်ရာခြစ်ရာသေးသေးလေးပဲရှိတယ်ဆိုရင်တောင်မှအဆိုပါမှိုပိုးကူးစက်ခံရနိုင်ပါတယ်။ နို့ပွေးဆိုတာကအရေပြားပေါ်မှာ ပန်းရောင် (သို့)အနီရောင် ခပ်ဝိုင်းဝိုင်းသဏ္ဍန်လေးဖြစ်ပေါ်တာမျိုးဖြစ်ပါတယ်။ကလေးငယ်ရဲ့ ခန္ဓာကိုယ်အရေပြား (သို့) ဦးရေပြားတွေပေါ်မှာအဖြစ်များပါတယ်။ ခြေလက်တွေနဲ့
မျက်နှ
ာပေါ်မှာလည်း ဖြစ်တတ်ပါတယ်။မွေးကင်းစအရွယ်ကလေးငယ်တွေနဲ့အသက် ၁၀ နှစ်အရွယ်လောက်အထိကလေးငယ်တွေမှာဖြစ်တတ်ပါတယ်။
ဘယ်လိုကူးစက်နိုင်လဲ
ထိတွေ့မှုတွေကနေတဆင့်အဆိုပါမှိုပိုးက ကူးစက်တာဖြစ်ပါတယ်။အရုပ်တွေ၊ တဘက်တွေ၊အခင်းပြားတွေ၊ ခေါင်းဖြီးတဲ့ ဘရှက်စ်တွေ၊အဝတ်အစားတွေ နဲ့ ဦးထုပ်တွေကနေတဆင့်ကူးစက်နိုင်ပါတယ်။အိမ်မွေးတိရစ္ဆာန်တွေဆီကနေတဆင့်လည်းကူးစက်နိုင်သလို မှိုပိုးတွေရှိနေတဲ့ မြေကြီးနဲ့ထိတွေ့မှုကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ကလေးကို ဥယျာဉ်ထဲမှာပေးဆော့တာ၊ ပန်းခြံထဲမှာ ပေးဆော့တာမျိုးတွေမလုပ်ပါနဲ့။အများကူးတဲ့ရေကူးကန်တွေနဲ့အခြားလူအများနဲ့မျှသုံးရတဲ့နေရာတွေကနေတဆင့်လည်း ကလေးတွေကို မှိုပိုးကူးစက်တာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။
လက္ခဏာများ
နို့ပွေးက တခါတလေမှာအရေပြားပေါ်မှာအနီရောင်အကွက်တွေဖြစ်တာမျိုးတွေဖြစ်ပေါ်လေ့ရှိပါတယ်။ တစ်ခါတလေ တစ်ကွက်လောက်ပဲဖြစ်တာမျိုးရှိသလို တစ်ခါတလေအကွက်တွေအများကြီးထွက်တာမျိုးလည်းရှိပါတယ်။ တကယ်လို့များ နို့ပွေးကဦးရေပြားပေါ်မှာဖြစ်မယ်ဆိုရင်အရင်ဆုံးစဉ်စားရမှာက ကလေးက ဗောက်ထတာလား ဒါမှမဟုတ် (
cradle cap
) ကလေးဦးရေပြားမှာအဆီများတာကြောင့်အရေခွံကွာတာလားဆိုတာပဲဖြစ်ပါတယ်။ နို့ပွေးကဦးရေပြားပေါ်မှာဖြစ်မယ်ဆိုရင် ဆံပင်ကျွတ်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ နို့ပွေးက
မျက်နှ
ာပေါ်မှာလည်းဖြစ်တတ်ပါတယ်။ နို့ပွေးက ၁ လက်မကနေ ၂ လက်မလောက်ရှိတဲ့အဝိုင်းလေးဖြစ်ပါတယ်။အနားသတ်နေရာလေးမှာအနီရောင်အဖုခပ်ထူထူလေးတွေပေါက်နေတတ်ပြီအလယ်ဘက်မှာတော့ ဖုလေးတွေမရှိပါဘူး။ ကလေးတွေမှာအနီရောင်ဖုလေးတွေပေါက်ပြီး ယားယံနေတာမျိုးဖြစ်နေတာကို သတိထားမိနိုင်ပါတယ်။ နို့ပွေးက ကလေးငယ်ရဲ့ ပါးတွေ၊မေးစေ့တွေ၊မျက်လုံးတဝိုက်၊ နဖူး နဲ့ နှာခေါင်းတွေမှာဖြစ်တတ်ပါတယ်။
နို့ပွေးဖြစ်ရသည့်အကြောင်းရင်းခံများ
ကလေးငယ်လေးတွေက တစ်နေရာကနေတစ်နေရာ မရွှေ့ပြောင်းနိုင်ကြပါဘူး။ သူတို့ကအရာဝတ္ထုတွေကို ထိတွေ့နိုင်တာမျိုးလည်း မရှိပါဘဲနဲ့ ရောဂါဘယ်လိုကူးစက်ရတာလဲဆိုတဲ့အကြောင်းအရင်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။
အရေပြားချင်းထိတွေ့မှု
အရေပြားထိခိုက်မှုတွေ
အသုံးအဆောင်တွေကိုအတူတူသုံးစွဲတာ
အိမ်မွေးတိရစ္ဆာန်တွေကနေတဆင့် ကူးစက်တာ
ရာသီဥတု
ပူနွေးတာ
အာဟာရမပြည့်ဝတာ
ကိုယ်ခံအား
နည်းတာ
ရောဂါပိုးကူးစက်ခံရနိုင်တဲ့ မျိုးဗီဇရှိတာနဲ့
ပူနွေးစိုစွတ်တဲ့ရာသီဥတုအနေအထားကြောင့် ချွေးအလွန်အမင်းထွက်တာကလည်း ကလေးငယ်မှာ နို့ပွေးဖြစ်စေတဲ့အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။
ဘယ်လိုကုသမလဲ
ဆရာဝန်ညွှန်ကြားတဲ့ မှိုသတ်ဆေးကုထုံးတွေအတိုင်းလိုက်နာလုပ်ဆောင်ပေးပါ။ ဆေးမြီးတိုတွေနဲ့မကုပါနဲ့။ မှားယွင်းကုသမိတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ မလိုလားအပ်ဘဲရောဂါအခြေအနေဆိုးလာတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကလေးကိုဆရာဝန်ဆီသွားမပြနိုင်သေးခင်မှာ
အုန်းဆီ
စစ်စစ် ဒါမှမဟုတ် Baby Oil လေးလူးပေးလို့ရပါတယ်နော်။ ဦးရေပြားပေါ်မှာ နို့ပွေးဖြစ်မယ်ဆိုရင်အရှင်းပျောက်ဖို့က ၆ ပတ်ကနေ ၈ ပတ်လောက်အထိအချိန်ယူရမှာဖြစ်ပါတယ်။ ဆရာဝန်က ကလေးနဲ့သင့်တော်မယ့် မှိုသတ်ဆေး ခေါင်းလျှော်ရည် (သို့) ဆေးပြားလေးတွေကို ညွှန်းပေးပါလိမ့်မယ်။ ကလေးမှာ နောက်ဆက်တွဲရောဂါတွေမဖြစ်လာစေဖို့ နဲ့ ခန္ဓာကိုယ်ရဲ့အခြားနေရာတွေကို ရောဂါပိုးတွေမပြန့်နှံ့စေဖို့အတွက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်းအတိအကျလိုက်နာပေးဖို့လိုပါတယ်။
ဘယ်လိုကာကွယ်မလဲ
နို့ပွေးနောက်မဖြစ်အောင် လုပ်ဆောင်နိုင်မယ့်အကောင်းဆုံးသောနည်းလမ်းတစ်ရပ်က
တစ်ကိုယ်ရေသန့်ရှင်းမှု
ပဲဖြစ်ပါတယ်။ ကလေးအရေပြားမှာ ကုတ်ရာ၊ခြစ်ရာတွေမဖြစ်စေဖို့ မေမေတို့
လက်သည်းတွေ
ကိုအတိုညှပ်ပါ။
ကလေးကိုလည်း သူ့ဘာသာကုတ်ခြစ်မိတာမျိုးမဖြစ်အောင် လက်သည်းလေးတွေညှပ်ပေးပါ။ ကလေးငယ်က သူ့ဘာသာကုတ်ခြစ်မိရာကနေလည်း
ဘက်တီးရီးယားတွေ
ကူးစက်နိုင်တာကြောင့် ကလေးအိပ်နေတဲ့အချိန်မှာ လက်ကိုအဝတ်လက်အိတ်လေးစွတ်ထားပေးပါ။
နို့ပွေးဖြစ်နေတဲ့နေရာကို ညင်ညင်သာသာသန့်စင်ပေးပြီး ခြောက်သွေ့အောင်ထားပါ။
ကလေးကို မထိတွေ့ခင် လက်ကိုသန့်ရှင်းစင်ကြယ်အောင်အရင်လုပ်ပါ။ ခရင်မ်တွေ ခေါင်းလျှော်ရည်တွေနဲ့ထိတွေ့ပြီးရင်လည်း လက်ကိုသေသေချာချာဆေးကြောပေးပါ။ မိသားစုဝင်အားလုံးလည်း တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ။
အိမ်မှာအိမ်မွေးတိရစ္ဆာန်လေးတွေမွေးထားတယ်ဆိုရင်လည်းအိမ်မွေးတိရစ္ဆာန်လေးတွေကို ပုံမှန် ကျန်းမာရေးစစ်ဆေးမှုလုပ်ဆောင်ပေးပါ။ သူတို့လေးတွေရဲ့ ခန္ဓာကိုယ်မှာ ယားယံနေတာ၊အမွှေးတွေကွက်နေတာမျိုးတွေဖြစ်နေလားဆိုတာကို ကြည့်ရှု့ပေးပါ။
ကလေးရဲ့အရုပ်တွေအပါအဝင်အသုံးအဆောင်တွေကို မကြာခဏဆိုသလို သန့်ရှင်းရေးလုပ်ပေးပါ။ ကလေးအသုံးအဆောင်တွေကိုအခြားသူတွေကို ပေးမသုံးပါနဲ့။
ကလေးကို ချည်သားအဝတ်အစားလေးတွေ လုံလုံခြုံခြုံဝတ်ပေးပါ။ လက်လေးတွေ ခြေထောက်လေးတွေပါ လုံခြုံနေအောင်ထားပေးပါ။ မလိုအပ်ဘဲချွေးထွက်တာမျိုးမဖြစ်အောင် ကလေးကိုမလိုအပ်ဘဲအင်္ကျီအထူတွေမဝတ်ပေးပါနဲ့။
ကလေးကလမ်းလျှောက်တတ်စအရွယ်ရောက်နေပြီ ဆိုပါက ကလေးကို ဖိနပ်စီးပေးဖို့မေမေ့ပါနဲ့။ ကဲ ကလေးမှာဖြစ်တဲ့နို့ပွေးကို ကာကွယ်ပေးလို့ရတဲ့နည်းတွေကိုသုံးပြီး ကာကွယ်ပေးပါ။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်တာကိုး။ ဖြစ်လာပြီဆိုရင်လဲ သေချာလေးဂရုစိုက်ပေးပါနော်။အရေပြားပြဿနာကင်းပြီး ကလေးငယ်လေးတွေ နေ့တိုင်းပျော်ရွှင်နိုင်ကြပါစေကြောင်း.........
Hello Health Group
သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။