ကိုယ်ဝန်ရလိုသူ ဇနီးမောင်နှံများဖတ်ရန် ကိုယ်ဝန်ရစေနည်းများ
healthcare.com.mm
|
2019-03-21

ကလေးလိုချင်တဲ့စုံတွဲတွေအနေနဲ့ ကလေး ယူဖို့ ပြင်ဆင်နေရတဲ့အချိန်ကာလတွေဟာ စိတ်လှုပ်ရှားစရာကောင်းပြီး မိခင်လောင်းနဲ့ ဖခင်လောင်းတွေဟာ တတ်နိုင်သမျှမြန်မြန်ကိုယ်ဝန်ရလိုကြပါတယ်။ ဒါပေမယ့်အမျိုး သမီး တစ်ယောက်ရဲ့ ကိုယ်ဝန်ရနိုင်ခြေကို လွှမ်းမိုးနေတဲ့အချက်တွေရှိပါတယ်။ တချို့ စုံတွဲတွေအနေနဲ့ ပထမအကြိမ် ကြိုးစားမှု မှာပဲ ကိုယ်ဝန်ရနိုင်သလို တချို့ စုံတွဲတွေကတော့ ကိုယ်ဝန်မရတာက လပေါင်းများစွာ ကြာနိုင်ပါတယ်။အောက်ပါအကြံပြုချက်တွေက လလေးလိုချင်တဲ့စုံတွဲတွေအနေနဲ့ ကိုယ်ဝန်ရနိုင်ခြေကို ပိုများအောင် လုပ်ဆောင်နိုင်တဲ့အချက်တွေဖြစ်ပါတယ်။ ပုံမှန်ဆက်ဆံမှုနဲ့ မှန်ကန်တဲ့အချိန် ဖြစ်ပါစေ။ ကလေးလိုချင်ပြီး မရတဲ့စုံတွဲအများစုဟာ ပုံမှန်လိင်ဆက်ဆံမှုရှိတာ ဒါမှမဟုတ် လတစ်လရဲ့ မှားယွင်းတဲ့အချိန်မှာသာ လိင်ဆက်ဆံမှု လုပ်တာကြောင့် ဖြစ်တတ်ပါတယ်။အမျိုးသမီးအနေနဲ့ ဘယ်ရက်တွေမှာ မျိုးဥကြွေနိုင်လဲဆိုတာကို သိထားဖို့ လိုပါတယ်။ ယေဘုယျအားဖြင့်တော့ မျိုးဥကြွေတာဟာ ဓမ္မတာ ရာသီစက်ဝန်းရဲ့အလယ်၊ ရာသီ စလာတဲ့ ရက်ကနေ စရေတွက်ရင် ၁၄ ရက်မြောက်နေ့ ဝန်းကျင်ရက်တွေမှာ လိင်ဆက်ဆံမှု ရှိရင် ကိုယ်ဝန်ရနိုင်ခြေကအများဆုံးပါပဲ။အရေးကြီးတဲ့ ဒီရက်တွေကိုအတိအကျသိချင်ရင်အမျိုးသမီးရဲ့ ဆီးထဲက ဟော်မုန်းအဆင့်ကို တိုင်းတာတဲ့နည်းတွေလည်း ရှိပါတယ်။ ဒီအတွက်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒါ့အပြင် လိင်ဆက်ဆံပြီးနောက်မှာအမျိုးသမီးဟာ ပက်လက်လဲလျောင်းပြီး တင်ပါးအောက်မှာ ခေါင်းအုံးတစ်လုံးခံထားရင် သားအိမ်ခေါင်းကို သုက်ရည်နဲ့ တတ်နိုင်သမျှ များများထိတွေ့စေတဲ့အတွက် ကိုယ်ဝန်ရနိုင်ခြေကို များစေပါတယ်။ ကိုယ်အလေးချိန်လျှော့ပြီး မျှတတဲ့အစာအာဟာရတွေ စားပါ။အဝလွန်တဲ့အမျိုးသမီးတွေ ဒါမှမဟုတ်ပိန်လွန်းတဲ့အမျိုးသမီးတွေဟာ ကိုယ်ဝန် ရနိုင်ခြေနည်းတယ်လို့ သားဖွားမီးယပ်အထူးကုဆရာဝန်က ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်အလေးချိန်နည်းလွန်းခြင်း ဒါမှမဟုတ် များလွန်းခြင်းဟာ ဓမ္မတာရာသီ စက်ဝန်းရဲ့ မှန်ကန်မှုနဲ့ မျိုးဥကြွေမှုကိုအနှောင့်အယှက်ဖြစ်စေတာကြောင့်ပါ။ သာမန်ရှိသင့်တဲ့ကိုယ်အလေးချိန်ဆိုတာက ခန္ဓာကိုယ် ဒြပ်ထုညွှန်းကိန်း (BMI) ၁၈ ဒဿမ ၅ နဲ့ ၂၄ ဒဿမ ၉အတွင်း ဖြစ်ပါတယ်။ မိခင်လောင်းအနေနဲ့ ကိုယ်ဝန်ရနိုင်ခြေ ပိုများစေဖို့အတွက် ရှိသင့်တဲ့ BMIအတွင်းမှာရှိအောင် လေ့ကျင့်ခန်းလုပ်ပြီး မျှတတဲ့အစာအာဟာရတွေ စားဖို့လိုပါတယ်။ မိခင်လောင်းရော၊ ဖခင်လောင်းပါ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေအများအပြားပါတဲ့အစာအာဟာရတွေကို စားပြီး လိုအပ်ရင်အားဖြည့်ဆေး သောက်ပါ။ ကဖင်းဓာတ်သောက်သုံးမှုကို လျှော့ပါ။ ကဖင်းဓာတ်အများအပြားသောက်သုံးရင် ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှုကိုလျော့နည်း စေပြီး ပြင်းထန်တဲ့ ကိုယ်ဝန်ဆောင်ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။အမျိုးသားရော၊အမျိုးသမီးပါ ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာတွေကို လျှော့သောက်ဖို့ လိုပါတယ်။ ကဖင်းပါတဲ့အရည်တွေ မသောက်ဘဲ နွားနို့နဲ့ ဒိန်ချဉ်ကို များများသောက်ပေးရင် ကယ်လ်စီယမ်ရရှိမှုများစေပြီး ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက်လည်းအထောက်အကူ ဖြစ်ပါတယ်။ ဆေးလိပ်၊အရက်နဲ့ မူးယစ်ဆေး သုံးစွဲမှု ရှောင်ကြဉ်ပါ။ ဒီအချက်သုံးချက်က ကိုယ်ဝန်နိုင်ခြေကို ကန့်သတ်ထားနိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်းနဲ့ လမစေ့ကလေး မွေးဖွားခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာအမျိုးသမီးရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေပြီးအမျိုးသား မှာလည်း သုက်ပိုးအရေအတွက်ကို ကျဆင်းစေပါတယ်။ ဒါ့အပြင် ဆေးလိပ် သောက်ခြင်းဟာ ခန္ဓာကိုယ်က ဇင့်ဓာတ်နဲ့ ဗီတာမင်စီလိုမျိုးအရေးကြီးအာဟာရဓာတ်တွေ စုပ်ယူမှုကို တားဆီးထားပြီး သွေးထဲမှာ ကဒ်မီယမ်နဲ့ ခဲလိုမျိုးအဆိပ်အတောက်တွေရဲ့အဆင့်ကို ပိုများစေပါတယ်။ သုတေသနတွေက တစ်ပတ်မှာအယ်လ်ကိုဟော ငါးယူနစ်အောက် နည်းပြီးသောက်တဲ့အမျိုးသမီးဟာ ၁ဝ ယူနစ် ဒါမှ မဟုတ် ဒီထက်ပိုသောက်တဲ့အမျိုးသမီးတွေထက် ခြောက်လကြာပြီးနောက် သန္ဓေအောင်နိုင်ခြေ နှစ်ဆပိုများတယ်လို့ ဆိုပါတယ်။ ဖောလစ်အက်စစ်အားဆေးသောက်ပါ။ ဖောလစ်အက်စစ်ဟာ ကလေးရဲ့ ဦးနှောက်နဲ့အာရုံကြောစနစ်ကို ထိခိုက်စေတဲ့ မွေးရာပါ ချို့ယွင်းမှုတွေ ဖြစ်ပွားမှုကို လျော့နည်းစေတာကြောင့် ကလေးယူဖို့ပြင်ဆင်နေချိန်မှာ ဖောလစ်အက်စစ် သောက်သင့်ပါတယ်။အစားအသောက်ကနေ ဖောလစ်အက်စစ် လုံလောက်အောင် ရရှိဖို့ မလွယ်တာကြောင့် ဖောလစ်အက်စစ်အားဆေးသောက်ပါ။ စိတ်ဖိစီးမှုလျှော့ပါ။အမျိုးသမီးတွေမှာ စိတ်ဖိစီးမှုခံစားရရင် Prolactin ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထုတ်လုပ်မှုကို များစေပါတယ်။ ဒီဟော်မုန်းက မျိုးဥကြွေတာကိုအနှောင့်အယှက်ဖြစ်စေပြီး ကိုယ်ဝန် ရနိုင် ခြေကို နည်းစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးနေတဲ့လူမှာ ရတဲ့စွမ်းအင်အများစုကို ခန္ဓာ ကိုယ်တွင်း စနစ်တွေ ထိန်းသိမ်းမှုနဲ့ ပြုပြင်မှုအတွက် သုံးနေရတဲ့အတွက် ကိုယ်ဝန် ရနိုင် ခြေက နည်းသွားနိုင်ပါတယ်။အမျိုးသားရော၊အမျိုးသမီးပါ ကလေးလိုချင်ရင် စိတ်ဖိစီးမှု လျော့နည်းစေဖို့အလုပ်တွေလျှော့တာနဲ့ ယောဂကျင့်တာလိုမျိုး ဖြေလျှော့တာတွေ လုပ်ဆောင် သင့်ပါတယ်။ ဖခင်ဖြစ်လိုသူများအတွက်အကြံပြုချက်များ ကလေးလိုချင်တဲ့ ဖခင်လောင်းတွေကလည်း ဇနီးမှာအောင်မြင်တဲ့ ကိုယ်ဝန် ဆောင်နိုင်ဖို့အတွက် လုပ်ဆောင်သင့်တဲ့အချက်တွေ ရှိပါတယ်။ ရေပူချိုးတာ၊ တင်းကျပ်လွန်တဲ့အောက်ခံ ဘောင်းဘီနဲ့အပြင်ဝတ် ဘောင်းဘီကျပ်ကျပ်တွေ ဝတ်ဆင်တာ၊ Laptop ကွန်ပျူတာကို ပေါင်ပေါ်မှာ တင်ထားပြီး သုံးတာတွေကို ရှောင်ပါ။ဒီအချက်တွေက ဝှေးစေ့ကအပူချိန်ကိုများစေပြီး သုက်ပိုးအရေအတွက်ကို ကျဆင်းစေပါတယ်။ ဒါ့အပြင်အမျိုးသားတွေဟာသန္ဓေအောင်နိုင်စွမ်းတိုးစေနိုင်ဖို့အတွက် ဆေးလိပ်၊အရက်နဲ့ မူးယစ်ဆေးသုံးစွဲမှုတွေကို ရှောင်ကြဉ်ပါ။ ကဖင်းဓာတ် သောက်သုံးမှု ကိုလည်း လျှော့ပါ။အရေးကြီးအာဟာရဓာတ်တွေကို လုံလောက်အောင်ရရှိဖို့အတွက် အားဆေးနေ့စဉ်သောက်ပါ။သုတေသနတွေက စုံတွဲအနည်းစုသာ ပထမအကြိမ်ကြိုးစားမှုမှာအောင်မြင်စွာ ကိုယ်ဝန် ရကြတယ်လို့ ဆိုပါတယ်။ တကယ်တော့ ကျန်းမာတဲ့ စုံတွဲတွေဖြစ်ပေမယ့်လည်း တစ်လမှာ ကိုယ်ဝန်ရနိုင်ခြေက ၂ဝ-၂၅ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုပါတယ်။ ကလေးလိုချင်တဲ့ စုံတွဲ တွေဟာ ၁၂ လကျော်ကြာတဲ့အထိ ကလေးမရနိုင်ရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်ကို တိုင်ပင်ပြီးအကူအညီရယူဖို့ လိုအပ်ပါတယ်။ Ref: Good Healthသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..