ကိုယ်ဝန်လည်း မရှိ နို့တိုက်နေတာလည်း မဟုတ်ဘဲနဲ့ သားမြတ်ကနေအရည်တွေ ဘာကြောင့် ထွက်နေရတာလဲ ။ ။
hellosayarwon.com
|
2019-03-22

ကိုယ်က ကလေးအမေတစ်ယောက်လည်း မဟုတ်ဘဲနဲ့ နို့သီးခေါင်းကို ညှစ်လိုက်တဲ့အခါတိုင်းအထဲကနေအရည်လိုမျိုးအဆီလိုမျိုးအဖတ်လေးတွေထွက်လာရင် လန့်သွားတတ်ကြတာထုံးစံပါ။

ရင်သားကင်ဆာ နဲ့ များဆက်စပ်နေလို့လားပေါ့။အဲလို

နို့သီးခေါင်း ထဲကနေအဆီလိုမျိုးအဖတ်လေးတွေ ထွက်လာတတ်တိုင်း စိတ်ပူရလား။ ပုံမှန်ဆိုရင်ရော ဒီလိုပဲ ထွက်တတ်လား ။ ။

ရင်သား ကင်ဆာနဲ့များ ဆက်စပ်မှုရှိလား ။

ဒါဆို ပုံမှန် ဖြစ်လေ့ရှိတဲ့ နို့သီးခေါင်းထဲကအရည်ထွက်တာနဲ့ ပုံမှန် မဟုတ်တာကို ဘယ်လိုခွဲခြားကြမလဲ ။ ။
ပုံမှန် - ညှစ်လိုက်တဲ့အချိန်တိုင်းမှာ နှစ်ဖက်လုံးကအရည်တူညီစွာထွက်လာရပါမယ်။ ထွက်လာတဲ့အရည်ကလည်းအကြည်ရောင်၊အဝါရောင်အပြင်အဆီလိုမျိုး ပျစ်ပျစ်လေးတွေလည်းထွက်လာနိုင်ပါတယ်။

ရင်သား မှာ နာကျင်တာ၊ ရောင်ရမ်းနေတာမျိုးလည်း ရှိမနေပါဘူး။ ပုံမှန်မဟုတ်သော - ညှစ်လိုက်တဲ့အချိန်မှာ တစ်ဖက်တည်းက ပဲအရည်တွေထွက်နေပြီးအခြားတစ်ဖက်က ထွက်ချင်မှ ထွက်မှာပါ။ ဒါ့အပြင်ရင်သားမှာအလုံးစမ်းမိတာဖြစ်ဖြစ်၊

ရင်သားရောင်ြ ပီး နာနေတာဖြစ်ဖြစ်၊ နှစ်ဖက်အရွယ်အစားမတူတော့တာမျိုးတွေဖြစ်လာခဲ့ရင် ပုံမှန် မဟုတ်ဘူးလို့ ယူဆလို့ရပါတယ်။ ထွက်လာတဲ့အရည်အရောင်ကိုကြည့်ပြီးတော့ ပုံမှန်နဲ့ ပုံမှန် မဟုတ်တာကို ခွဲခြားဖို့က ခက်ပါတယ်။ နှစ်ခုလုံးမှာ ထွက်နိုင်တဲ့ အရောင်တွေကအကြည်ရော၊အဝါရောင်ရော၊အစိမ်းရောင်ရောဖြစ်နေနိုင်လို့ပါ။ ထွက်လာတဲ့အရည်က သွေးဆိုရင်တော့ ပုံမှန် မဖြစ်နိုင်တာလုံးဝ ကို သေချာနေပါပြီ။

ရင်သားကနေအရည်ထွက်နိုင်တဲ့ ပုံမှန် ဖြစ်စဉ်တွေက ဘာတွေရှိမလဲ ။ ။


ကိုယ်ဝန်ဆောင် - ကိုယ့်ရင်သွေးလေးကို

နို့်ချိုတို က်ကျွေးဖို့ ကိုယ်ဝန်ဆောင်တွေမှာ နို့ရည်တွေထွက်လာရတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ နို့တိုက်တာရပ်လိုက်ရင်တောင် နို့တွေဆက်ပြီး စီးကျနေတာဖြစ်နိုင်ပါသေးတယ်။ တစ်ခုခုနှင့်ထိမိခြင်း - သင့်ရင်သားကို လှုံ့ဆော်မှုပေးတဲ့အခါအထူးသဖြင့် ညှစ်လိုက်တဲ့အခါမျိုးမှာအရည်တွေထွက်လေ့ရှိပါတယ်။ ဒါက ပုံမှန်ပါ။အတွင်းခံ ကြပ်ကြပ်တွေဝတ်တဲ့အခါ ၊လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါမျိုးမှာ လည်း ရင်သားကို ထိမိသလိုဖြစ်လို့အရည်တွေ ထွက်လာနိုင်ပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာ ရင်သားကနေထွက်တဲ့အရည်တွေက ပုံမှန် မဟုတ်တာပါလဲ။ ကင်ဆာကြောင့်ဖြစ်နိုင်ပါသလား။ ။
ရင်သားကနေအရည်ထွက်တိုင်း ကင်ဆာ ဟုတ်ချင်မှ ဟုတ်မှာပါ။

ကင်ဆာ မဟုတ်ဘဲအခြား ဆေးကုသမှုခံယူဖို့လိုအပ်တဲ့ ရင်သားကျန်းမာရေး ပြဿနာတွေ ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းအရာတွေကတော့ ရင်သားမှာ Fibrocystic breast changes တွေဖြစ်လာတာ- Fibrocystic breast changes ဆိုတာ  ပုံမှနိအဆီပြင်နဲ့ ဖွဲ့စည်းထားတဲ့ရင်သားမှာ  fibrous တစ်ရှူးတွေ ဆဲလ်တွေ ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒီလိုနဲ့ ရင်သားမှာ  အကျိတ်လေးတွေ စမ်းမိတာ ဖြစ်ပါတယ်။ ဒီလိုအလုံးတွေ စမ်းမိတိုင်း

ကင်ဆာဖြ စ်နေဆိုတာ တော့ မဟုတ်ပါဘူး။အလုံးက နေရာရွေ့လို့ရမယ်၊ မာခဲနေတာမျိုးလည်း မဟုတ်ဘူးဆိုရင် ကင်ဆာ မဖြစ်နိုင်ပါဘူး။ Galactorrhea – Galactorrhea ဆိုတာ

နို့တိုက်ေ ကျွးခြင်း မရှိဘဲနဲ့လည်း ရင်သားကနေ နို့ရည်တွေ ထွက်နေတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီ ဖြစ်စဉ်ဟာ ရောဂါတစ်ခု မဟုတ်ပါဘူး။  Galactorrhea ကိုဖြစ်စေတဲ့အကြောင်းအရင်းတွေအများကြီးရှိပါတယ် ။ သူတို့တွေကတော့
Pituitary gland ကင်ဆာ ဟော်မုန်းဆေးတွေနဲ့ စိတ်ရောဂါကုဆေးတွေ နဲ့

ဆေးခြောက် ကြောင့် Galactorrhea ဖြစ်နိုင်သလို
သိုင်းရွိုက်ဟော်မုန်း နည်းတဲ့ ပြဿနာတွေနဲ့
နတ်နတ်ပွင့်၊ စမုံစပါး စတဲ့ တိုင်းရင်းဆေးတွေကလည်း Galactorrhea ကို ဖြစ်စေတဲ့အကြောင်းအရင်းတွေပါပဲ ။

ရင်သားပိုးဝင်ြ ခင်း - ရင်သားကနေထွက်လာတဲ့အရည်တွေထဲမှာ ပြည်တွေပါပါနေပြီဆိုရင်တော့ ဒါရင်သားပိုးဝင်တာဖြစ်နိုင်ပါတယ်။ ပြည်တွေနဲ့အတူ ရင်သားက ရောင်ရမ်းနာကျင်နေမယ်ဆိုရင်တော့ ဒါရင်သားမှာ ပိုးဝင်ပြီးအနာဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ နို့တိုက်နေတဲမိခင်ရောအပျိုတွေမှာရော ဖြစ်တတ်ပါတယ်။ Mammary duct ectasia - ပုံမှန် မဟုတ်တဲ့ ရင်သားကနေအရည်ထွက်ခြင်းကို ဖြစ်စေတဲ့ ဒုတိယအဖြစ်အများဆုံးအကြောင်းအရင်းပါ။ သွေးဆုံးခါနီးတဲ့အမျိုးသမီးတွေ မှာအဖြစ်များပြီး နို့ချောင်းတွေ ပိတ်ရာကနေ ပိုးတွေဝင်ပြီးအစိမ်းရောင်အရည်တွေ ထွက်လာတတ်ပါတယ်။ Intraductal papilloma - ကင်ဆာကြောင့် မဟုတ်ဘဲ ရင်သားမှာ နို့ချောင်းတွေ ပွားလာတာဖြစ်ပါတယ်။ ပွားတာများပြီး ရောင်ရမ်းလာတဲ့ နို့ချောင်းတွေကနေ သွေးလိုမျိုးအရည်တွေကို ထွက်စေပါတယ်။

နို့သီးခေါင်းကနေအရည်တွေထွက်တဲ့ ပြဿာနာနဲ့ ရင်သားကင်ဆာ ဆက်စပ်မှုရှိလား ။ ။
ရင်သားကနေအရည်တွေထွက်တဲ့ ပြဿနာအများစုဟာ ကင်ဆာ ကြောင့် မဟုတ်တဲ့အကြောင်းအရာတွေ များပါတယ်။ ဒါပေမယ့်အရည်လည်းထွက်တယ်၊ ရင်သားမှာ မာခဲခဲအကျိတ်လေးလည်း စမ်းမိတယ်၊ နေရာရွေ့လို့လည်း မရဘူး၊

ရင်သားဓာတ်မှန် ရိုက်ကြည့်တဲ့အခါမှာလည်းပုံမှန် မဟုတ်တဲ့ ဆဲလ်တွေကို တွေ့ရပြီဆိုရင်တော့ ဒီထွက်တဲ့အရည်တွေဟာ ရင်သားကင်ဆာကြောင့် ဖြစ်နိုင်ပါတယ်။

ရင်သားကင်ဆာနေရာပေါ်မူတည်ပြီး နို့သီးခေါင်းကနေအရည်တွေထွက်နိုင်တဲ့ ပြဿနာတွေကတော့
intraductal 

carcinoma - နို့ချောင်းထဲမှာ ကင်ဆာဆဲလ်တွေ ပွားနေခြင်း
Paget's disease - ရှားပါးတဲ့ ရင်သားကင်ဆာတစ်မျိုးဖြစ်ပြီး ရင်သားနဲ့ နို့သားခေါင်းပတ်လည်ကနေ သွေးလိုမျိုးအရည်တွေကို စိမ့်ထွက်စေတတ်တဲ့ ကင်ဆာ တစ်ခုပါ။ ဒီလို နို့သီးခေါင်းကနေအရည်တွေထွက်လာတိုင်း စိတ်ပူရမယ်လို့တော့ မဆိုလိုပါဘူး။အကောင်းဆုံးကတော့ ဒီလို ပုံမှန် မဟုတ်တာတွေ ဖြစ်လာပြီ၊ စိုးရိမ်စိတ်တွေလည်း များလာပြီ ဆိုတာနဲ့ ဆရာဝန်ဆီ သွားပြတာသာအကောင်းဆုံးပါ။ ဖြစ်ရတဲ့အကြောင်းအရင်းကို စောစောသိသွားတော့အချိန်မီ ကုသမှုခံယူလိုက်ရင် ပိုပြီး ဆိုးဝါးတဲ့အခြေအနေမျိုးတွေ မကြုံတွေ့ရတော့ဘူးပေါ့။ ရင်သားကင်ဆာဆိုတာလည်း ဆေးကုသမှုအချိန်မီ ခံယူရင် လုံးဝကို ကုသလို့ ပျောက်ကင်းတဲ့ ကင်ဆာတစ်ခုထဲမှာ ပါတယ်နော် ။ ။

Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။              




Some text some message..