
ကျွန်တော်အခု ဒီဆောင်းပါးရေးဖို့အများကြီး စဉ်းစားရပါတယ်။ သူများ စီးပွားရေးကို တိုက်ခိုက်သလို ဖြစ်မှာလည်း စိုးလို့ပါ။ ဒါပေမဲ့ ထုံးစံအတိုင်း လူအများစုဖြစ်တဲ့ လူနာတွေဘက်က ပြန်ကြည့်လိုက်တော့ ရေးသင့်တယ်ထင်လို့ ရေးလိုက်တာပါ။ ပြီးတော့လည်း ဒီရက်ပိုင်းအားဆေးတွေ ဈေးကြီးနေလို့ မသောက်နိုင်လို့ စိတ်ညစ်နေတဲ့ သူတွေ တွေ့နေရလို့လည်း ရေးဖြစ်တာပါ။ ပထမဆုံးအနေနဲ့ ပြောချင်တာကတော့အားဆေးမှာ ဗီတာမင် A.B.C.D.E စတာတွေနဲ့ သံဓာတ်၊ သတ္တုဓါတ် (Iron. Zinc. Magnesium. Selenium. Calcium. Etc) စတာတွေ ပါဝင်ပါတယ်။ ဒီဗီတာမင်နဲ့ သတ္တုဓာတ်အားလုံးက ကျွန်တော်တို့ တစ်နေ့တာ စားသောက်နေတဲ့အစားအစာတွေမှာ ပါဝင်ပြီးသားပါ။ အခုဈေးကွက်ထဲမှာ နည်းမျိုးစုံ ပြောနေကြတဲ့ နှလုံးရောဂါ ကာကွယ်ဖို့အတွက် တစ်မျိုး၊ မျက်စိရောဂါကာကွယ်တဲ့ ဆေးကတစ်မျိုး၊အရပ်ရှည်ဆေးက တစ်မျိုး နည်းမျိုးစုံနဲ့ စီးပွားရေးသမားတွေကလည်း ရောင်းလာကြပါတယ်။ တကယ်တော့ ပါဝင်ပစ္စည်းတွေက တစ်ခုနဲ့ တစ်ခု မကွာပါ။ နောက်တစ်ခုအားဆေးဟာ (zero ကယ်လိုရီ) ကယ်လိုရီ လုံးဝ မပါပါ။အားဆေးသောက်လို့အသားမဖြစ်လာသလိုအလေးချိန်လည်း မတက်လာပါဘူး။ ဒါကြောင့် ပိန်နေတဲ့ သူတွေအားဆေးသောက်တယ် ဆိုတာကလည်း လွဲမှားနေတဲ့အယူအဆတစ်ခုပါ။ ဝတယ် ပိန်တယ်ဆိုတာ စားလိုက်တဲ့ ကယ်လိုရီပမာဏပေါ်ပဲ မူတည်တဲ့အတွက်အားဆေးသောက်တာ ဝခြင်း၊ ပိန်ခြင်းအပေါ်အကျိုးသက်ရောက်မှု မရှိပါ။ တစ်နေ့တာ လိုအပ်တဲ့အသားဓာတ်၊ ထမင်းနဲ့အရောင်းငါးမျိုး စုံအောင်အသီးအရွက်စားပေးနေရင်အားဆေးဆိုတာ လုံးဝမလိုအပ်ပါ။ ထမင်းဆိုရင်လည်း ဖြစ်နိုင်ရင်အားဖြည့်ဆန်လိုမျိုးတွေကို စားပေးပါ။ စူပါမားကတ်တွေမှာ ဝယ်လို့ရပါတယ်။ ဈေးက ကျွန်တော်တို့ စားနေကျ ဆန်တွေနဲ့ မကွာပါ။ တကယ်အကျိုးရှိပါတယ်။ အခုတလော ကြုံတွေ့နေတာကအားဆေးတစ်ခုခုမှ မသောက်နေရင် လူက နုံးနေသလိုလိုအားပဲမရှိတော့သလို၊ နှလုံးရောဂါကာကွယ်ဆေး မသောက်ရင်ပဲ နှလုံးရောဂါ ဖြစ်တော့မလို လူအတော်များများ စိတ်ထဲမှာ ထင်နေတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ စိတ်ကသာ ဖြစ်နေတာပါ။ တကယ်တော့ ဒါဟာ စိတ်ကသာ ဖြစ်နေတာပါ။ စိတ်ကို ပိုင်းဖြတ်ပြီးအားဆေးမသောက်ဘဲအစားအစာသာအာဟာရပြည့်အောင် စားပေးဖို့ လိုတာပါ။ ကျွန်တော်လည်း နောက်ပိုင်း ဗီတာမင်ကြွယ်ဝတဲ့အစားအစာတွေကို တင်ပေးပါဦးမယ်။ မလိုအပ်ဘဲအားဆေးတွေ ညွှန်းတာတိုက်တာကလည်း လူနာတွေအတွက် ဆေးကုသစရိတ်ကို ပိုကုန်စေတယ်ဆိုတာကိုလည်း သတိပြုစေချင်ပါတယ်။ ဘယ်လိုလူမျိုးတွေအားဆေးသောက်သင့်လဲ၁။အသက် ၆၅ နှစ်အထက်မှာအစာအိမ်နဲ့အူလမ်းကြောင်း လုပ်ဆောင်ချက်တွေ မကောင်းတော့တဲ့အတွက် စားအစာကို ကောင်းကောင်းမချေဖျက်နိုင်တော့ပါဘူး။ ဒါပေမဲ့ ကောင်းကောင်းစားနေနိုင်သေးရင်တောင်အားဆေးက မလိုအပ်ပါ။၂။အစာအိမ်နဲ့အူလမ်းကြောင်း ရောဂါရှိတဲ့သူတွေ၃။အစာမစားနိုင်တဲ့ သူတွေပဲ လိုအပ်တာပါ။ နောက်တစ်ခုက ကျွန်တော် ဒီရက်ပိုင်း ကြားကြားနေရတာရယ်အရင်က GP ထိုင်တုန်းက ကြားကြားနေတဲ့အကြောင်းအရာလေးပါ။အဲ့ဒါကတော့ “ ဆရာအကြောဆေးအားဆေးလေး ထိုးပေးပါ ” ဆိုပြီး ရောက်ရောက်လာတာပါ။အဲဒါနဲ့ ဘယ်လိုခံစားရလို့လဲ မေးကြည့်တော့ ဒီတိုင်း နုံးနေလို့အားလေးရှိသွားအောင် ထိုးချင်လို့ပါလို့ ပြန်ဖြေပါတယ်။ ဒီနေရာမှာအဲ့ဒီအားဆေးလို့ ခေါ်တဲ့ ထိုးဆေးမှာ ပါဝင်တဲ့ ဆေးတွေ ကျွန်တော်ပြောပြချင်ပါတယ်။ ကျွန်တော်ကတော့အာဟာရပညာရပ်ကိုအထူးပြုထားတော့ ဒါနဲ့ ပတ်သက်ပြီးပဲ ပြောပြချင်ပါတယ်။ အများစုအားဆေးဆိုတာကတော့ ---၁။ ဗီတာမင် B1.6.12၂။ ဗီတာမင် C၃။ Glucose (သကြားဓာတ်)စတာတွေအဓိကပါ ပါတယ်။အခုကျွန်တော်ပြောပြထားတဲ့ ဗီတာမင်တွေဟာ သာမန်လူတစ်ယောက်အတွက် နေ့စဉ်စားနေတဲ့ ထမင်း၊အသားငါး၊အသီးအရွက်တွေ စားနေတာကနေ လုံလုံလောက်လောက် ရနိုင်ပါတယ်။ ဒီအပြင်အခုခေတ်မှာ ဆန်တွေကို ပိုပြီး ဗီတာမင် ပြည့်ဝအောင် လုံလောက်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ထည့်ထားတဲ့အားဖြည့်ဆန် (Fortified Rice) တွေကိုလည်း စားပေးလို့ ရပါတယ်။ ဈေးလည်း မကြီးပါ။ ကျွန်တော်တို့စားနေတဲ့ ဆန်ဈေးနဲ့ မကွာပါ။ ဒီလိုဆန်မျိုးကို စားပေးတာအကျိုးများလှပါတယ်။ ဒါကြောင့်အစားအစာကနေရတဲ့အာဟာရတွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုအသားအနာခံပြီး ဆေးထိုးမခံပါနဲ့။ တကယ် B1 ထိုးဖို့လိုတဲ့အခြေအနေတွေလည်း ရှိပါတယ်။ များသောအားဖြင့် ဒီအခြေအနေတွေက ကလေးတွေနှင့်အရက်အလွန်အကျွံသောက်တဲ့သူတွေမှာအဖြစ်များတာပါ။ ပုံမှန်အတွက်ကတော့ ဒီဗီတာမင်တွေဟာ ထိုးဆေးသွင်းဆေး ဆိုတာမျိုးက မလိုသလောက်ပါပဲ။ မလိုအပ်ဘဲ ဆေးထိုးရင် ဘာတွေဖြစ်လာမလဲ အဓိက ကျွန်တော်ပြောချင်တာက၁။ ဆေးကုသခွင့် လိုင်စင်မရှိဘဲ လက်တည့်စမ်းနေတဲ့ ရမ်းကုတွေဆီမှာသာ ဆေးထိုးရင် ဆေးထိုးအပ်ကကောအသစ် ဟုတ်ရဲ့လား။ သူများထိုးပြီးသားကော မဖြစ်နိုင်ဘူးလား။ (မလိုလားအပ်တဲ့ ရောဂါတွေ ကူးစက်နိုင်ပါတယ်။)၂။အကယ်၍ ဆေးထိုးမှားလို့ တစ်ခုခုအရေးပေါ်ဖြစ်ခဲ့ရင်ကော (ဆေးရှော့ခ်ဖြစ်ရင်အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ တကယ်တမ်း နစ်နာတာ လူနာတွေပါ။ ဒါကြောင့် လူနာတွေအနေနဲ့ မလိုအပ်ဘဲ ဆေးခန်းရောက်ရင် ဆေးထိုးခိုင်းတာမျိုး၊ ဆေးပညာဘွဲ့ မရထားဘဲ လျှောက်ကုနေတဲ့ ရမ်းကုတွေဆီမှာ သွားကုတာမျိုး၊ ဆရာဝန်က မလိုအပ်လို့ ဆေးမထိုးပေးရင် နောက်အဲ့ဒီဆရာဝန်ဆီ မပြတော့ဘဲ ဆေးထိုးပေးတဲ့သူဆီသွားတာမျိုးတွေဟာ လုံးဝ မလုပ်သင့်၊ မလိုအပ်တဲ့အရာပါ။ အထူးသဖြင့်အားဆေးထိုးတယ်အကြောဆေးထိုးတယ်ဆိုတာ ရောဂါကြီးကြီးမားမား မရှိဘဲ နုံးနေရုံ၊ မလန်းရုံနဲ့ ထိုးစရာမလိုပါဘူး။အစားအသောက်ပုံမှန် စနစ်တကျ စားပေးတာနဲ့တင် ပြည့်စုံပါတယ်။ ဒါဆိုရင် ဘာတွေ စားကြမလဲ အစာအုပ်စု သုံးအုပ်စုအပြင်အမျှင်ဓာတ်ကြွယ်ဝအောင် ပါဝင်ဖို့လည်း လိုအပ်ပါတယ်။ ဥပမာအနေနဲ့ ထမင်း၊အသားဟင်း (ဒါမှမဟုတ်) ပဲဟင်းတစ်မျိုးမျိုးအပြင်အရွက်ကြော် တစ်မျိုးမျိုးက မဖြစ်မနေ ပါဝင်သင့်ပါတယ်။ ဥပမာ ပြောရရင် - ဗီတာမင်စီအားဆေးတွေ ဝယ်သောက်မယ့်အစား မာလကာသီး တစ်လုံးဝယ်စားတာမျိုးက ပိုပြီး ကျန်းမာရေးအတွက် သင့်တော်ပါတယ်။ မာလကာသီး 100 gram မှာ ကယ်လိုရီ - 68 ဗီတာမင် စီ ဗီတာမင် B6 ဗီတာမင် Aမဂ္ဂနီစီယမ် အမျှင်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ပိုတက်စီယမ်များတဲ့အတွက် ကျောက်ကပ်ရောဂါ ဝေဒနာရှင်တွေ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။အလယ်ကအစေ့ပါတဲ့အပိုင်းကတော့ မစားသင့်ပါ။ အလုံးကြီးတစ်လုံးမှာအစေ့မပါပါက ခန့်မှန်းခြေ ၃၀၀-၄၀၀ gram ရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် လိုအပ်တဲ့ Vitamin နဲ့ Mineral တွေအတွက် ကောင်းကောင်းစားနေနိုင်သေးရင်တော့အစားအသောက်ကိုသာအလေးပေးပြီး စနစ်တကျ စားပေးဖို့ လိုပါတယ်။ ဥပမာ - အသားဟင်း စားတဲ့နေရာမှာလည်း လက်နှစ်ဆစ်အရွယ်အသားနှစ်တုံးတော့အနည်းဆုံးစားသင့်ပါတယ်။ ဒါမှမဟုတ်အသားဟင်း မပါရင်လည်း ကြက်ဥနှစ်လုံး (အနှစ်ကို တစ်လုံးသာစားရန်) ဒါမှမဟုတ် ပဲဟင်းချို တစ်မျိုးမျိုး စားပေးဖို့ လိုပါတယ်။ နောက်တစ်မျိုးကတော့ နို့နဲ့ နို့ထွက်ပစ္စည်း တစ်မျိုးမျိုးစားပေးဖို့လည်း လိုပါတယ်။ ဥပမာ ရုံးမှာ နေ့လယ်နေ့ခင်း နွားနို့ ပဲနို့သောက်တာမျိုး၊ ဒိန်ချဉ်သောက်တာမျိုးလေးတွေ လုပ်ပေးသင့်ပါတယ်။ ကင်ဆာရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာတွေကို ကာကွယ်ဖို့အတွက်အောက်ဖော်ပြပါအရောင်ငါးမျိုးပါတဲ့အသီးအရွက် များကို နေ့စဉ် စားသုံးပေးဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို တရုတ်ထမင်း ပန်းကန်လုံး ၄-၆ လုံးစားပေးဖို့ လိုပါတယ်။ အရောင်ငါးမျိုး ဆိုတာကတော့ ၁။အနီရောင်ပါတဲ့အသီးအရွက်တွေ ၂။ ခရမ်းရောင်၊အပြာရောင်ပါတဲ့အသီးအရွက်တွေ ၃။ လိမ္မော်ရောင်၊အဝါရောင်ပါတဲ့အသီးအရွက် ၄။အစိမ်းရောင်ပါတဲ့အသီးအရွက်များ ဒီအရောင်ငါးမျိုးကိုအနည်းဆုံး သုံးမျိုးလောက်တော့ တစ်နေ့ကို ပုံမှန် စားပေးသင့်ပါတယ်။ ဒါမှလည်း ကင်ဆာရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတို့ကို ကာကွယ်ပေးနိုင်ပြီးအသက်ရှည် ကျန်းမာစွာနေထိုင်နိုင်မှာ ဖြစ်ပါတယ်။ Credit : ဒေါက်တာ ညီညီ