ခွေးကိုက်ခံရရင် ရှေးဦးသူနာပြုနည်းနဲ့အိမ်တွင်းကုထုံးနည်း
healthcare.com.mm
|
2019-03-25

ခွေးကိုက်ခံရပြီဆိုတာနဲ့ ခွေးဟာ ကောင်းသည်၊ ရူးသည် ခွဲမနေနိုင်တော့ပဲ ခွေးရူးရောဂါ မကူးစက်ရအောင်ကူးစက်ရောဂါ၊ မေးခိုင်ရောဂါ ဝင်မလာရအောင်သောက်ဆေး၊ လိမ်းဆေး၊ ထိုးဆေးတွေနဲ့ ကာကွယ်ကြရမှာကိုလဲအများစုသိရှိကြပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် မမျှော်လင့်ပဲ ခွေးကိုက်ခံရရင် ချက်ချင်း လုပ်ဆောင်သင့်တဲ့ ရှေးဦးသူနာပြုနည်းနဲ့အိမ်တွင်းကုထုံးကို တင်ဆက်ပေးလိုက်ပါတယ်။ (၁) ခွေးကိုက်ခံလိုက်ရပြီဆိုရင် အကိုက်ခံရတဲ့နေရာကို ချက်ချင်းပဲရေ၊ ဆပ်ပြာတို့နဲ့ ဆေးကြောရပါမယ်။ ခွေးရဲ့တံတွေး၊ သွားရည်တွေ ပြောင်စင်သွားဖို့အတွက် ၅ မိနစ်လောက်ကိုအချိန်ယူ ဆေးကြောသန့်စင်နိုင်ရင်တော့ ကောင်းပါတယ်။ သွေးထွက်နေရင်လဲ သွေးတိတ်ဖို့အတွက် ရေအေးအေးသန့်သန့်နဲ့ သေချာဆေးကြောပေးပါ။ (၂) ဒဏ်ရာပေါ်မှာ ဂေါ့ဇ်၊ ပတ်တီးစ ထူထူသန့်သန့်လေး တင်ထားပါ။ ဒဏ်ရာက သွေးမတိတ်သေးဘူးဆိုရင် ခွေးကိုက်ခံရတဲ့နေရာကို မြှောက်ထားပေးပါ။ (၃) ခွေးကိုက်ဒဏ်ရာကနေ ကူးစက်ရောဂါ မဝင်အောင် သင့်တော်တဲ့ ဆေးဝါးတွေကို နေ့စဉ်သောက်သုံးပေးရပါမယ်။ ဒဏ်ရာကို မှန်မှန် ဆေးကြောပေးခြင်းနဲ့ ပတ်တီးစတွေကို လဲလှယ်ပေးခြင်းတွေ လုပ်ဆောင်ပေးရင်အနာကျက်မြန်သလို ကူးစက်ရောဂါတွေ မဝင်နိုင်အောင်လဲ ကာကွယ်ပေးပါတယ်။ (၄)အနာမြန်မြန်ကျက်အောင် ဗစ်တာမင်စီကိုလဲ နေ့စဉ်သောက်ပေးရပါမယ်။ ဗစ်တာမင်စီဟာ ကူးစက်ရောဂါ မဝင်နိုင်အောင် ဟန့်တားပေးနိုင်တဲ့ ကိုယ်ခံအားကိုလဲ မြင့်တက်စေပါတယ်။ (၅) Vitamin B-Complex ဆေးပြားတွေ သောက်သုံးပေးခြင်းကလဲ ခွေးကိုက်ခံရတဲ့ဒဏ်ရာကြောင့် ကူးစက်ရောဂါတွေဖြစ်စေတဲ့ မိုက်ခရိုအော်ဂန်နစ်ဇင်မ်ကို တိုက်ဖျက်ပေးမယ့် ပဋိပစ္စည်းတွေကို သွေးထဲကနေ ထုတ်လုပ်ပေးနိုင်ပါတယ်။ (၆) ခွေးကိုက်ခံရရင်တော့ Goldenseal သို့မဟုတ် လိမ္မော်မြစ် လို့ခေါ်တဲ့အရွက်ကို ရေနွေးကြမ်းလုပ်သောက်လိုက်တာက သက်သာစေတယ်လို့ လူအတော်များများ ပြောကြပေမယ့် ကိုယ်ဝန်ဆောင်တွေတော့ မသောက်သင့်ပါဘူး။ ဒါပေမယ့်အဲဒီအရွက်ကိုအနာပေါ် တိုက်ရိုက်ကပ်တာမျိုးတော့ လုပ်လို့ ရပါတယ်။ (၇)အသားပြဲစုတ်သွားအောင်အကိုက်ခံထားရရင်တော့ ဒဏ်ရာကိုချုပ်ဖို့ လိုအပ်တာကြောင့် ဆေးရုံကိုအမြန်ပို့ဆောင်ပြီး ဆရာဝန်ရဲ့ တိုက်ရိုက်ညွှန်ကြားကုသမှုကို ခံယူသင့်ပါတယ်။ ဒါက ခွေးအကိုက်ခံ ခံရချုင်းမှာ ချက်ချင်းလုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေပါ။ ကိုက်လိုက်တဲ့ခွေးဟာ စနစ်တကျ ကာကွယ်ဆေးတွေ ထိုးထားတဲ့အိမ်မွေးခွေးပဲဖြစ်ဖြစ် လမ်းပေါ်ကျက်စားနေတဲ့ လမ်းဘေးခွေးပဲဖြစ်ဖြစ်အကိုက်ခံရသူဟာ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးထားသင့်ပါတယ်။အားလုံးပဲဘေးရန်ကင်းကြပါစေ။ Ref : မြန်မာတို့အတွက် မြန်မာ့ဆေးမြီးတိုများ သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..