ခြေဖဝါးမှာ ပူသလို ဘာလို့ခံစားရတာလဲ
hellosayarwon.com
|
2019-03-26




ခြေဖဝါးထဲက ပူသလိုခံစားချက်မျိုး ဖြစ်နေတာက

အာရုံကြောထိခိုက်မ ှုကြောင့် (ဆီးချိုကြောင့်လည်းဖြစ်နိုင်)အဖြစ်များဆုံးပါ။ ဒီလိုဖြစ်တာမျိုးက မကြာမကြာလည်းဖြစ်တတ်တယ်၊ ဆက်တိုက်လည်းဖြစ်တတ်တယ် ဒါမှမဟုတ် ပြင်းရင်လည်းပြင်းထန်တတ်တယ်၊အမျိုးမျိုးပါပဲ။  ခြေဖဝါးထဲမှာ ပူတာ၊ ထုံတာ၊ ကျဉ်တာ၊အကောင်လေးတွေကိုက်နေသလို တစစ်စစ်ထိုးနေတာတွေခံစားရနိုင်ပါတယ်။ ညဘက်မှာ နာကျင်မှုပိုခံစားရတတ်ပါတယ်။ သူ့ကိုကုသတဲ့နည်းလမ်းတွေကတော့အကြောင်းရင်းကိုမူတည်ပြီး ကွဲပြားကြတာမို့ ဖြစ်နိုင်ခြေရှိတဲ့အကြောင်းရင်းတွေကို လေ့လာကြည့်ရအောင် -

ဆီးချို
သွေးတွင်းသကြားဓာတ်နဲ့အဆီတွေ ပုံမှန်ထက်များနေရင် ကြာလာတဲ့အခါ လက်နဲ့ခြေထောက်အာရုံကြောတွေမှာ ထိခိုက်လာစေပြီး တာရှည် သို့မဟုတ် မကြာခဏ ပူလောင်တဲ့ခံစားချက်မျိုး ဖြစ်စေနိုင်ပါတယ်။ ခြေချောင်း၊လက်ချောင်းတွေမှာ ထုံတာ၊ကျဉ်တာလိုမျိုး လက္ခဏာစသတိထားမိတာနဲ့ ဆီးချိုစစ်ကြည့်တာအကောင်းဆုံးပါပဲ။




အာရုံကြောရောဂါ
လက်မောင်း၊ခြေထောက်၊ခြေဖဝါးတို့နဲ့ ကျောရိုးမကြီးကို ချိတ်ဆက်ပေးတဲ့အာရုံကြောတွေကို ထိခိုက်တဲ့အခြေအနေပါ။ ဆီးချိုကြောင့်အဖြစ်များပေမယ့် ကင်ဆာဆေးတွေ၊ ကျောက်ကပ်ပျက်စီးခြင်း၊ လေးဖက်နာအဆစ်ရောင်ရောဂါ၊အဆိပ်အတောက်ဓာတ်ပစ္စည်းတွေ၊ ရောဂါပိုးနဲ့အာဟာရဆိုင်ရာပြဿနာတွေ စတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။




အရက်သောက်များခြင်း
အရက်အလွန်အကျွံသောက်ခြင်းက ကျန်းမာရေးပြဿနာအများကြီးကိုဖြစ်စေနိုင်ပါတယ်။ နှစ်နဲ့ချီပြိးအရက်သောက်ခြင်းက ခြေထောက်အာရုံကြောတွေကို ထိခိုက်စေပါတယ်။အရက်သောက်ရင်အာရုံကြောကျန်းမာရေးအတွက်အကျိုးပြုမယ့်အာဟာရဓာတ်တွေလည်း လျော့နည်းစေနိုင်တယ်။ နှစ်ရှည်လများအရက်သောက်နေတတ်ရင်တော့ ဒါတွေခံရမှာမလွဲပါဘူး။




ဗီတာမင် B12 ချို့တဲ့ခြင်း

အာရုံကြောတွေကျန်းမာဖို့အရေးပါတဲ့ ဗီတာမင် B12 ကိုအလုံအလောက်မရရှိတဲ့အခါအခုလိုခံစားရတတ်ပါတယ်။ ညီညွတ်မျှတအောင်မစားတဲ့အခါ၊အသက်ကြီးလာတဲ့အခါ၊အရက်စွဲတဲ့အခါ B12၊ folate၊ thiamine နဲ့ တခြား ဗီတာမင် Bအုပ်စုဝင်တွေ ချို့တဲ့တတ်ပါတယ်။




နာတာရှည်ကျောက်ကပ်ရောဂါ
ကျောက်ကပ်ပျက်စီးခြင်းက ဆီးချို သို့မဟုတ် သွေးတိုးကြောင့်အဖြစ်များပါတယ်။ ကျောက်ကပ်ပုံမှန်အလုပ်မလုပ်တော့တဲ့အတွက် စွန့်ထုတ်ရမယ့်အရည်တွေက  ခန္ဓာကိုယ်ထဲမှာ စုပုံပြီးအာရုံကြောတွေကို ထိခိုက်စေနိုင်ပါတယ်။




သိုင်းရွိုက်ဟော်မုန်းနည်းခြင်း
သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုကျဆင်းတဲ့အခါ ပင်ပန်းလွယ်မယ်၊အအေးဒဏ်မခံနိုင်၊ မေ့တတ်မယ်၊ လိင်ကိစ္စစိတ်မဝင်စားဘူး စတဲ့ လက္ခဏာတွေဖြစ်နိုင်တယ်။ ခြေဖဝါးမှာပူတာလည်း ခံစားရနိုင်တယ်။ ကြာလာရင်အရည်တွေစုလာပြီးအာရုံကြောတွေကို ဖိမိစေနိုင်တယ်။




ဓာတုဓာတ်မတည့်ခြင်း



ချေးချွတ်ဓာတ်ပစ္စည်း၊ ဆပ်ပြာ၊ ဖယောင်း၊ ဒါမှမဟုတ် တခြား

ဓာတုပစ္စည် းတွေကြောင့်အရေပြားဓာတ်မတည့်မှုတွေဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းတွေ၊ ဆံပင်အလှပြင်ဆိုင်ဝန်ဆောင်မှုပေးသူတွေ၊ စက်ပြင်ပညာရှင်တွေနဲ့ သန့်ရှင်းရေးဝန်ထမ်းတွေမှာ ပိုအဖြစ်များပါတယ်။ ဓာတ်ပစ္စည်းတွေနဲ့ထိတွေ့ရတဲ့အချိန်ပိုများတာမို့အရေပြားရဲ့အပေါ်ယံအကာအကွယ်အလွှာကို ပျက်စီးစေပါတယ်။ ဒီထဲက ကိုယ်နဲ့ကိုက်ညီတာတွေ့ခဲ့ရင် သင့်တော်သလို နေထိုင်ကုသဖို့ပိုလွယ်ကူမှာပါ။

Hello Health Group  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..