Dry socket (alveolar osteitis)- (သွားအခေါင်းပေါက်ရောင်ရမ်းနာကျင်ခြင်:)
healthcare.com.mm
|
2019-03-27

အကျဉ်းရှင်းလင်းချက် Dry socket (alveolar osteitis)သည် သွားနှုတ်ပြီးချိန်တွင်ဖြစ်သည့် သွားအခေါင်းပေါက်ရောင်ရမ်းနာကျင်ခြင်းဖြစ်သည်။ပုံမှန်ဖြစ်စဉ်တွင် သွားနှုတ်ပြီးသည့်သွားအခေါင်းပေါက်တွင် သွေးခဲဖြစ်ပေါ်လာသည်။ထိုသွေးခဲသည် သွားဖုံးနှင့်အာရုံကြောအလွှာကို ကာကွယ်ပေးထားခြင်း၊အသစ်ဖြစ်လာမည့်သွားကို သွေးထောက်ပံ့ပေးခြင်းများကို ပြုလုပ်ပေးသည်။ Dry socket ဖြစ်လာသည့်အခါတွင်အဆိုပါသွေးခဲမဖြစ်လာသည့်အတွက် စားသောက်လိုက်သည့်အစာများ၊ စားကြွင်းစားကျန်များသည် သွားဖုံးနှင့်အာရုံကြောများကို ပွတ်တိုက်ခြင်းဖြစ်လာသည်။ထိုအခါ သွားနှုတ်ထားသည့်အခေါင်းပေါက်မှာ ရောင်ရမ်းနာကျင်ခြင်းဖြစ်ပေါ်လာသည်။အံဆုံးနှုတ်ပြီးသည့်အချိန်တွင်အဖြစ်များသည်။လက္ခဏာများ-သွားနှုတ်ထားသည့်အခေါင်းပေါက်တွင်ပြင်းထန်စွာနာကျင်ခြင်း-သွေးခဲဖြစ်ပေါ်လာခြင်းမရှိသည့်အတွက် ထိုနှုတ်ထားသည့်နေရာတွင် လွတ်နေသကဲ့သို့ခံစားရခြင်း-ထိုအခေါင်းပေါက်တွင်အောက်ခံအရိုးကိုမြင်နေရခြင်း-နှုတ်ထားသည့်ဘက်မှ နား၊မျက်စိ၊နားထင်ရိုးနှင့် မေးရိုးများပါနာကျင်ခြင်း-ခံတွင်းနံ့နံခြင်း-ခံတွင်းပျက်ခြင်းဖြစ်ပွားရသောအကြောင်းရင်းများ သွားနှုတ်ထားသည့်နေရာတွင် သွေးခဲမဖြစ်လာရသည့် တိကျတဲ့အကြောင်းရင်းကို ရှာဖွေနေဆဲဖြစ်သည်။-သွားနှုတ်ထားသည့်အခေါင်းပေါက်အတွင်းကို ဘက်တီးရီးယားပိုးဝင်ခြင်း-အတွင်းစိုက်ဝင်နေသည့်အံဆုံးများကိုနှုတ်ရသည့်အခါမျိုးတွင် ခက်ခက်ခဲခဲနှုတ်ရသည့်အခါ ထိခိုက်ဒဏ်ရာရသွားနိုင်ခြင်း တို့ကြောင့်လည်းဖြစ်နိုင်သည်ဟု ပညာရှင်များကယူဆကြပါသည်။ဖြစ်နိုင်ချေများသူများ-ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲသူများ (၎င်းတို့တွင်ပါဝင်သောဓာတုပစ္စည်းများသည်အနာကျက်ခြင်းကို နှောင့်နှေးစေခြင်း၊အနာအရွယ်အစားကို ပို၍ကြီးစေခြင်းများဖြစ်နိုင်ပါတယ်။ဆေးလိပ်ကိုစုပ်သောက်သည့်အတွက် သွေးခဲပြုတ်ထွက်ခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။)-သန္ဓေတားဆေးသောက်နေရသူများ (ထိုဆေးများတွင်ပါဝင်သောအီစထရိုဂျင်သည်အနာကျက်ခြင်းကိုနှေးစေခြင်းနှင့် Dry socket ဖြစ်စေနိုင်ပါတယ်)-သွားနှုတ်ပြီးသည့်နောက်အိမ်တွင် သွားနှင့်ခံတွင်းသန့်ရှင်းရေးကို သေချာစွာမလုပ်ခြင်း-အရင်ကလည်း dry socket ဖြစ်ဖူးခြင်း-သွားနှင့်သွားဖုံးရောဂါပိုးဝင်ခြင်း နောက်ဆက်တွဲ ပြဿနာများ-အနာကျက်နှေးခြင်း-အရိုးတွင်း ပိုးဝင်ခြင်းများ-သွေးတွင်းပိုးဆိပ်ပျံ့နှံ့ခြင်းများဖြစ်နိုင်ပါတယ်။ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များ-သွားနှုတ်ပြီးသည့်နောက်ပိုင်း သွားဆရာဝန်ပေးထားသည့်ဆေးများကို ပုံမှန်သောက်သော်လည်း ပို၍နာကျင်လာသည့်အခါတွင် ဆရာဝန်နှင့်သွားရောက်ပြသင့်ပါတယ်။စစ်ဆေးမှုများ-ဆရာဝန်မှ ရောဂါရာဇဝင်မေးခြင်းနှင့် သွားနှုတ်ထားသည့်နေရာကို ကြည့်ရှုစစ်ဆေးခြင်း-အရိုးတွင်းပိုးဝင်ခြင်းရှိသည်ဟု ခန့်မှန်းမိလျှင် ဓာတ်မှန်ရိုက်ကြည့်ခြင်းကုသခြင်း-သွားနှုတ်ထားသည့်အခေါင်းပေါက်အတွင်းရှိအစာအကြွင်းအကျန်များကို ဆေးထုတ်ခြင်း-အနာဆေးထည့်ခြင်း-အကိုက်အခဲပျောက်ဆေးများ၊ပိုးသတ်ဆေးများပေး၍ ကုသခြင်း-ခံတွင်းသန့်ရှင်းရေးကိုနည်းလမ်းမှန်စွာပြုလုပ်ခြင်း(အနာကိုကပ်ပေးထားသည့်အစကိုခွာပြီး ပုံမှန်လဲပေးရန်လိုအပ်ပါသည်။နောက်တစ်ခုမကပ်ခင် ရေသန့်၊ခံတွင်းသန့်စင်ဆေးရည် သို့မဟုတ် ဆားကျက်ရည်ကို ဆေးထိုးပြွန်ဖြင့်စုပ်၍အစာအကြွင်းအကျန်များကုန်အောင် ဆေးပေးပါ)ကာကွယ်ခြင်းသွားမနှုတ်ခင်တွင်--အတွေ့အကြုံရှိသည့်သွားဆရာဝန်နှင့်ပြသပါ။-ဆေးလိပ်နှင့်ဆေးရွက်ကြီးများ ဖြတ်ဖို့ကြိုးစားပါ။-သွားဆရာဝန်နှင့်ပြသည့်အခါ မိမိသောက်နေသည့်ဆေးများကို ဆရာဝန်အားပြောပြပါ။သွားနှုတ်ပြီးသည့်အခါတွင်--နားနားနေနေနေပါ။ ပြင်းထန်သောလှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။-ဆရာဝန်ပေးထားသည့်ဆေးများကို ညွှန်ကြားချက်များအတိုင်းသောက်ပါ။-သွားနှုတ်ပြီးပြီးချင်းပထမနေ့တွင် ပါးကို ရေအေးဝတ်ကပ်ပါ။နောက်နေ့တွင်ရေနွေးဝတ်ကပ်ပါ။-ရေများများသောက်ပါ။အရက်၊ကဖင်းဓာတ်ပါသောဖျော်ရည်များ၊ပူသောအဖျော်ရမကာများကို ရှောင်ကြဉ်ပါ။ပိုက်ဖြင့်စုပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။စုပ်သောက်ခြင်းသည် သွေးခဲကိုပြုတ်ထွက်စေပါတယ်။-သွားနှုတ်ပြီးပြီးချင်းပထမနေ့တွင်အစာပျော့ပျော့စားပါ(ဆန်ပြုတ်၊ ဒိန်ချဉ်သောက်နိုင်ပါတယ်)။ပုံမှန်အစာများကို တဖြည်းဖြည်းစားပါ။သွားနှုတ်ထားသည့်ဘက်ဖြင့် မဝါးပါနှင့်။-သွားတိုက်ခြင်း၊ပလုပ်ကျင်းခြင်းကို ညင်သာစွာပြုလုပ်ပါ။နှုတ်ထားသည့်နေရာကို ၂၄နာရီအတွင်း မတိုက်ပါနှင့်။နောက်တစ်နေ့ရောက်မှ ဆားကျက်ရည်ဖြင့် ညင်သာစွာပလုတ်ကျင်းပါ။-ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲခြင်းကို ၂ရက်အတွင်း လုံးဝမပြုလုပ်ပါနှင့်။(အနာကျက်နှေးခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုုးများကို ပို၍ဖြစ်စေနိုင်ပါတယ်)Credit : Mayoclinic





Some text some message..