လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေ
hellosayarwon.com
|
2019-03-27

လိင်တံ တွေရဲ့ ပုံစံအရွယ်အစား၊အရောင်တွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဒီတော့အမျိုးသားအများစုက သူတို့ရဲ့

လိင်တံအရွယ်အစား ၊ ပုံစံနဲ့ ပတ်သက်ပြီး စိုးရိမ်လေ့ရှိကြပါတယ်။ ဒီလို စိုးရိမ်တတ်စေတဲ့အကြောင်းရင်းတွေထဲမှာ လက်သည်အများကြီးပါဝင်ပြီး ဒီလို လိင်တံသေးတယ်လို့ ထင်စေတဲ့အကြောင်းရင်းတွေရဲ့ ပထမတစ်ချက်ကအမျိုးသားအများစုဟာ ပုံမှန်လိင်တံအရွယ်အစားက ဘယ်လိုလဲ ဆိုတာ မသိကြလို့ပါ။ နောက်တစ်ချက်ကတော့အပြာကားတွေက ပေးတဲ့အချက်အလက်အမှားတွေကြောင့် ဖြစ်ပါတယ်။

အပြာကား ထဲမှာ ပုံဖျက်ထားတဲ့ လိင်တံအရွယ်အစားတွေကြည့်ရင်း ယောက်ျားလေးအများစုက သူတို့ရဲ့ လိင်တံက သေးနေလွန်းတယ်လို့ ထင်တတ်ကြပါတယ်။ နောက်တစ်ချက်က စိတ်ပိုင်းဆိုင်ရာ ဖြစ်ပြီး သာမန်လိင်တံအရွယ်အစားရှိတဲ့

အမျိုးသား တွေက သူတို့တွေရဲ့ လိင်တံကအရမ်းသေးငယ်နေတယ်လို့ ထင်ကြတာ ဖြစ်ပါတယ်။ ဒါဟာ Penile dysmorphic disorder လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာ ဖြစ်ပြီးအမျိုးသားတွေအနေနဲ့ သူတို့ရဲ့ လိင်တံအရွယ်အစားကိုအလွန်အကျွံစိုးရိမ်နေကြတာ ဖြစ်ပါတယ်။ Penile dysmorphic disorder ကတော့ micropenis ဝေဒနာနဲ့ မတူဘဲ ပုံမှန်အရွယ်ရှိနေတဲ့ လိင်တံအရွယ်အစားကို စိုးရိမ်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လိင်တံကသေးလွန်းနေတယ်လိုထင်ရင် ဒီဆောင်းပါးမှာ ဖော်ပြသွားမယ့်အချက်တွေကို လေ့လာဖတ်ရှုနိုင်ပါတယ်။ ၁။ လိင်တံတစ်ခုရဲ့ ပျှမ်းမျှအရှည်နဲ့လုံးပတ်က ဘယ်လောက်ရှိသလဲ။ BJU International ဂျာနယ်မှာ ပုံနှိပ်ခဲ့တဲ့ လေ့လာချက်တစ်ခုအရတော့ ပျော့ခွေနေတဲ့အချိန် လိင်တံရဲ့ ပျှမ်းမျှအရှည်က ၃.၆ လက်မခန့်ရှိပြီး ဆွဲဆန့်ထားရင်တော့ ၅.၃ လက်မ ရှိပါတယ်။ ပျော့ခွေနေတဲ့အချိန် လိင်တံတစ်ခုရဲ့ လုံးပတ်ဟာ ၃.၇ လက်မခန့် ရှိတယ်လို့ဆိုထားပြီး ထောင်မတ်နေတဲ့အချိန်မှာတော့ လုံးပတ်ဟာ ၄.၆ လက်မခန့် ရှိတယ်လို့ဆိုထားပါတယ်။ ဒီလေ့လာချက်ကိုတော့ ဆရာဝန်တွေ လူနာတွေရဲ့ လိင်တံအရွယ်အစားအကြောင်း ဆွေးနွေးတဲ့အချိန်နဲ့ လိင်တံဆိုဒ်ကြောင့်

ကွန်ဒုံး ပေါက်ပြဲမှုတွေကြားဆွေးနွေးရာမှာအသုံးပြုခဲ့တာ ဖြစ်ပါတယ်။ လိင်တံအရွယ်အစားနဲ့ လုံးပတ်က ထင်နေကြသလောက်အိမ်ထောင်ဖက်အတွက် တကယ်အရေးပါရဲ့လား။ ဒီမေးခွန်းရဲ့အဖြေကတော့မှန်လည်းမှန်နိုင်သလို မှားလည်းမှားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာတစ်ယောက်နဲ့တစ်ယောက်အကြိုက်ခြင်းက ကွဲပြားနိုင်လို့ပါပဲ။ တစ်ချို့သူတွေကတော့ ရှည်ပြီး လုံးပတ်ကြီးတဲ့လိင်တံတွေကိုနှစ်သက်ကြသလို တစ်ချို့

အဖော် တွေကတော့ တိုပြီး လုံးပတ်သေးတဲ့ လိင်တံကို ပိုသဘောကြပါတယ်။ တကယ်အရေးကြီးဆုံးကတော့ ကိုယ်ရဲ့လိင်တံအရွယ်အစားကို ကိုယ်ကျေနပ်ဖို့ပါပဲ။ ကိုယ်လိင်တံရဲ့အရွယ်အစားနဲ့ ပုံစံအပေါ် ကျေနပ်မှုရှိတတ်မယ်ဆိုရင် ဒီလိုအခိုက်အတန့်မှာ ယုံကြည်မှု ရှိပြီး

စွမ်းဆောင်မှု ပိုကောင်းလာစေမှာ ဖြစ်ပါတယ်။ လိင်မှုဘဝကို ပိုတိုးတက်အောင် ဘယ်လို လုပ်ကြမလဲ။ ပုံစံအနေအထားနဲ့

လိင်ဆက်ဆံမှု ပုံစံက လိင်စိတ်ခံစားနိုင်စွမ်းနဲ့ သာယာမှုအပေါ် သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ပုံစံအနေအထားအမျိုးမျိုးပြောင်းလဲခြင်းက သင့်နဲ့ သင့်အဖော်ဖြစ်သူရဲ့

လိင်မှုဘဝ အပေါ် ကျေနပ်စွမ်းကို တိုးတက်စေနိုင်ပါတယ်။ လိင်တံကြီးချင်ရင် လေစုပ်စက်တွေ၊ ဆေးတွေ၊ လေ့ကျင့်ခန်းတွေ၊ ခွဲစိတ်မှုတွေလုပ်သင့်သလား။ အမျိုးသားတိုင်း သူတို့ရဲ့ လိင်တံကို တစ်လက်မ၊ နှစ်လက်မလောက်တော့အနည်းငယ်ပိုကြီးစေချင်ကြတာပါပဲ။ ဒီအတွက်ကြောင့်လည်း တစ်ကမ္ဘာလုံးမှာသာမက မြန်မာနိုင်ငံမှာပါ လိင်တံကို ပိုကြီးစေတယ်ဆိုတဲ့ ဆေးနည်းတွေ၊ နည်းလမ်းတွေ ပေါင်းစုံရှိနေကြပါတယ်။ ဒါပေမဲ့ ပြဿနာက လိင်တံကြီးစေတယ်ဆိုတဲ့ နည်းလမ်းတွေအားလုံးနီးပါးက တကယ်အလုပ်မဖြစ်ပါဘူး။ ပုံမှန်အားဖြင့် ထောင်မတ်နေတဲ့ လိင်တံရဲ့ ပျှမ်းမျှအရှည်ဟာ ၅ လက်မကနေ ၆ လက်မ ကြားရှိပြီး လုံးပတ်ကတော့ ၄ လက်မ ကနေ ၅ လက်မကြားရှိပါတယ်။ ပျော့ခွေနေတဲ့အချိန်မှာတော့

လိင်တံတွေအရွယ်အစား က ပိုသေးနိုင်ပါတယ်။ ဒါပေမဲ့ တစ်ချို့အမျိုးသားတွေကျတော့ ဆေးပညာအရ "micropenis" လို့ခေါ်တဲ့ လိင်တံတွေ ရှိကြပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်ဟာအင်မတန် ရှားပါးပြီးအမျိုးသား ဝ.၆ ရာခိုင်နှုန်းမှာသာ "micropenis" ဝေဒနာ ရှိကြပါတယ်။ "micropenis" ဟုတ်၊ မဟုတ်ဆိုတာ ဘယ်လိုသတ်မှတ်မလဲဆိုတော့ ဆန့်ပြီးတိုင်းတာရတဲ့ လိင်တံအရှည် ၃. ၆၆ လက်မနဲ့အောက် ရှိနေရင် "micropenis" လို့ သတ်မှတ်လို့ရပါတယ်။ "micropenis" ဝေဒနာဟာ ငယ်စဉ်က မျိုးရိုးဗီဇနဲ့ ဟော်မုန်း ပြဿနာတွေကြောင့် ဖြစ်ရတာ ဖြစ်ပြီးအသက်ကြီးလာတဲ့အချိန် ပရောစတိတ်ကင်ဆာ ခွဲစိတ်မှုနဲ့ Peyronie's disease လို့ခေါ်တဲ့ လိင်တံအတွင်းအမာရွတ်တစ်ရှုးတွေ ဖြစ်ပေါ်မှုကြောင့် ဖြစ်တဲ့အမျိုးသားလိင်တံရောဂါ တို့ကြောင့်လည်း လိင်တံသေးနိုင်ပါတယ်။ ဒါပေမဲ့ လေ့လာချက်တွေအရ လိင်တံကြီးချင်နေတဲ့အမျိုးသားတွေရဲ့ လိင်တံဟာ သာမန်အရွယ်အစားတွေ ဖြစ်ပြီး သူတို့တွေဟာ လိင်တံသေးနေတယ်လို့ ထင်နေကြတာ ဖြစ်ပါတယ်။အောက်မှာတော့ လိင်တံကြီးစေတယ်ဆိုပြီး ဆိုထားတဲ့ နည်းလမ်းတွေအကြောင်းအသေးစိတ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ၁။ လေစုပ်စက် (vacuum pump) ဒီ Pump ကတော့ လေစုပ်ထုတ်ပေးတဲ့ ပစ္စည်း ဖြစ်ပြီး ဒီပစ္စည်းကို လိင်တံထဲကို စွပ်လိုက်ရင် လေဟာနယ်ကြောင့် သွေးတွေ လိင်တံတွင်းပိုဝင်လာပြီး ထောင်မတ်လာစေကာအနည်းငယ်ပိုကြီးလာစေတဲ့ ပစ္စည်း ဖြစ်ပါတယ်။အဲ့နောက်မှာတော့ လိင်တံကို သွေးထိန်းစည်း (tourniquet) တစ်ခုနဲ့ လိင်တံတွင်းက သွေးတွေ ပြန်မထွက်အောင် စည်းထားရပါတယ်။ ဒါပေမဲ့ ဒီပစ္စည်းကြောင့် လိင်တံထောင်မတ်ပြီး ကြီးလာတာဟာ လိင်တံကို သွေးထိန်းစည်း (tourniquet) စွပ်ထားတဲ့အချိန်မှာသာ ထောင်မတ်နေမှာ ဖြစ်ပြီး ဒီပစ္စည်းကို မိနစ် ၂၀ ကနေ ၃၀အထိ စွပ်ထားရင် တစ်ရှုးတွေကို ထိခိုက်နိုင်ပါတယ်။ ဒီပစ္စည်းဟာအမှန် ပန်းသေ၊ ပန်းညှိုးခြင်းအတွက် သုံးရတဲ့ပစ္စည်းဖြစ်ပြီး လိင်တံအရွယ်အစားကို တကယ်မကြီးလာစေနိုင်ပါဘူး။ ၂။အလေးချိန်များနဲ့ လိင်တံကို ဆွဲထားခြင်း။ လိင်တံက ကြွက်သားမဟုတ်တဲ့အတွက်အလေးချိန်တွေနဲ့ ဆွဲထားခြင်းက သိသိသာသာ ကြီးလာစေမှာ မဟုတ်ပါဘူး။အလေးနဲ့ ပျော့ခွေနေတဲ့ လိင်တံကိုဆွဲထားခြင်းကအနည်းငယ်တော့ ရှည်လာစေနိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းကို လုပ်ဖို့က စိတ်ရှည်ဖို့ လိုပါတယ်။ ဒီနည်းလမ်းသုံးမယ်ဆိုရင် တစ်နေ့ ၈ နာရီလောက် ၆ လခန့်ဆက်တိုက်အလေးဆွဲထားမယ်ဆိုရင်တော့ လက်မဝက်လောက်ရှည်လာရင်တောင် ဒီနည်းလမ်းကအလုပ်ဖြစ်တယ်လို့ပြောလို့ရပါတယ်။ ဒါပေမဲ့ ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကတော့ တစ်ရှုးတွေ ပေါက်ပြဲခြင်း၊ သွေးကြောတွေ ပေါက်ပြဲခြင်းနဲ့ တစ်ခြား ပြဿနာတွေ ဖြစ်ပွားနိုင်ပါတယ်။ ၃။ လိင်တံကြီးစေတယ်ဆိုတဲ့ ဆေးတွေ၊အားဖြည့်စာတွေ၊ လိမ်းဆေးတွေနဲ့ ခရမ်တွေ။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် Beverly Hills မြို့ရှိ ဆီးလမ်းကြောင်းနဲ့ မျိုးပွားအင်္ဂါအထူးကု ဆရာဝန် Jennifer Berman ကတော့ “လိင်တံကြီးစေတယ်ဆိုတဲ့ ဆေးတွေ၊အားဖြည့်စာတွေ၊ လိမ်းဆေးတွေနဲ့ ခရမ်တွေဟာအလုပ်မဖြစ်ပါဘူး။ ကျွန်မအနေနဲ့ ဒီပစ္စည်းတွေကအဓိပ္ပါယ်မရှိဘူးလို့ကို စိတ်ချလက်ချပြောနိုင်ပါတယ် ” လို့ဆိုပါတယ်။ ၄။

လိင်တံကြီးစေနိုင်တဲ့ ခွဲစိတ်မှုများ ပုံမှန်အားဖြင့် လိင်တံကို ကြီးစေနိုင်တဲ့ ခွဲစိတ်မှု (၂) မျိုးရှိပါတယ်။ ပထမတစ်ခုကတော့ လိင်တံကို ရှည်စေတဲ့ ခွဲစိတ်မှု ဖြစ်ပြီး လိင်တံကို ဆီးခုံရိုးနဲ့ ချိတ်ပေးထားတဲ့အရွတ်ကို ဖြတ်ပေးတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ ဒီနည်းလမ်းက လိင်တံကို တစ်လက်မအောက်တော့ရှည်လာပါတယ်။ ဒါပေမဲ့ ဒီခွဲစိတ်မှုဟာ လိင်တံကို တကယ်ရှည်စေတာ မဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းက လိင်တံကိုအပြင်ထုတ်တဲ့နည်းသာ ဖြစ်ပါတယ်။ လိင်တံ လုံးပတ်ကို ပိုကြီးစေတဲ့ ခွဲစိတ်မှု။ လိင်တံသေးနေတယ်လို့ ထင်တဲ့အမျိုးသားတွေအတွက်ကတော့ လိင်တံအတွင်းအဆီ၊

ဆီလီကွန် နဲ့ တစ်ရှုးတွေကို ထည့်သွင်းတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာကအမေရိကန် ဆီးလမ်းကြောင်းကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းက ဒီနည်းလမ်းတွေဟာ စိတ်မချရဘဲ လိင်တံရဲ့အရှည်နဲ့ လုံးပတ်ကိုထိထိရောက်ရောက် မကြီးစေနိုင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဘယ်အဓိကကျန်းမာရေးအဖွဲ့အစည်းမှ ဒီခွဲစိတ်မှုတွေကို ခွင့်မပြုထားဘဲ ဒီခွဲစိတ်မှုတွေဟာ ကူးစက်ရောဂါတွေ၊ နာဗ်ကြောထိခိုက်မှုတွေ၊ လိင်ခံစားမှု လျော့ကျသွားတာတွေနဲ့ လိင်တံ မထောင်မတ်နိုင်တော့တာမျိုးတွေအထိ ဖြစ်စေနိုင်ပြီး ပိုဆိုးတာက ခွဲစိတ်မှုကြောင့်အမာရွတ်ဖြစ်သွားပြီး ရှိရင်းစွဲ လိင်တံအရှည်ထက်တောင် ပိုသေးသွားတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ လိင်တံလုံးပတ်ကို ကြီးစေနိုင်တဲ့ ခွဲစိတ်မှုတွေက ပိုအန္တရာယ်များပြီး လိင်တံတွင်းအဖုအထစ်တွေကို ဖြစ်စေနိုင်ပါတယ်။ လေ့လာချက်တွေအရလည်း ဒီလိုခွဲစိတ်မှုတွေကို လုပ်ခဲ့တဲ့အမျိုးသား ၄၂ ယောက်မှာ ၃၅ ယောက်သာ ရလာဒ်ကို ကျေနပ်တယ်လို့ ဆိုပြီး တစ်ဝက်ခန့်ကတော့ ခွဲစိတ်မှု ထပ်လုပ်ကြတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်

ကိုယ့်လိင်တံအရွယ်အစား နဲ့ ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဒီနည်းလမ်းတွေ စမ်းကြည့်မယ့်အစား ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖြစ်ပွားနိုင်တဲ့အန္တရာယ်တွေနဲ့ တကယ်ထိရောက်မှု ရှိရဲ့လားဆိုတာကိုအရင်တိုင်ပင်သင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..