
ဖြစ်ဖူးကြမှာပါ။
ဆီးသွား
တဲ့အခါ ဆီးတွေပုံမှန်ထက်ပူနေတာ၊ ဆီးသွားရင် ကျင်တာ၊
ဆီးသွားရင်နာ
တာမျိုးအားလုံး ဖြစ်ဖူးကြမှာပါ။ ဆီးသွားရင် နာကျင်တာနဲ့ ပက်သက်တဲ့ ဆောင်းပါးတွေအများကြီးရေးထားပြီးဖြစ်လို့ ဆီးသွားလိုက်တိုင်း ဆီးတွေ ပူပူကြီးဖြစ်နေတဲ့အကြောင်း ဒီဆောင်းပါးထဲမှာ ပြောပြချင်ပါတယ်။ ။
ဆီးသွားလိုက်လို့ ဆီးပူတာနှစ်မျိုးရှိပါတယ်။
ဆီးအပူချိန်က ပုံမှန်ထက် ပိုနွေးတာကို ခံစားမိတာ နဲ့
ဆီးကပူလွန်းလို့ ဆီးသွားတဲ့အခါ နာကျင်တဲ့ ဝေဒနာလိုမျိုး ခံစားရတာဆိုပြီး နှစ်မျိုးရှိပါတယ်။ ပုံမှန်ဆို ဆီးအပူချိန်က ကိုယ်ခန္ဓာအပူချိန်လောက်ပဲရှိရမှာပါ။ ရေအသောက်နည်းတာတို့၊
ကိုယ်ပူပြီးဖျားေ
နတာတို့ ၊ ဆောင်းတွင်းတို့မှာဆို
ဆီးပူ
သလိုမျိုးခံစားရတတ်ပေမယ့် ဒါပုံမှန်ပါ။ ဆီးက ပူရုံတင်မဟုတ်ဘဲ ဆီးသွားတဲ့အခါ နာကျင်နေတယ်ဆိုရင်တော့ စိုးရိမ်စရာရှိလာပါပြီ ။
ဆီးသွားတဲ့အခါ ဆီးတွေ ပူနေသလိုမျိုး ခံစားရတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ။
အမျိုးသားရောအမျိုးသမီးရော နှစ်ဦးလုံးမှာ ဖြစ်နိုင်တဲ့ ဆီးပူရခြင်းအကြောင်းအရင်းတွေကတော့
၁ - ဆီးလမ်းကြောင်းပိုးဝင်ခြင်း ။ ။
ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ဆီးပူတာ၊ ဆီးသွားရင်နာကျင်တာကိုအများဆုံးဖြစ်စေတဲ့အကြောင်းအရင်းပါ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ဖြစ်စေတဲ့အဓိက တရားခံ ဘက်တီးရီးယားကတော့ E. coli ပဲ ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာတွေကတော့
ဆီးသွားရင်ကျင်တာ
ဆီးခဏခဏ သွားချ
င်နေတာ
ဆီးသွားတာ မဝ
သလိုခံစားရတာ နဲ့ ပိုဆိုးတဲ့ ကိစ္စတွေမှာတော့
ဆီးသွားရင် ပုပ်သလိုအနံ့ထွက်တာနဲ့
ဆီးထဲ သွေးပါ
တာတွေပဲ ဖြစ်ပါတယ်။ ပဋိဇီဝ ပိုးသတ်ဆေးတွေနဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသလို့ရတယ်ဆိုသော်လည်း ပေါ့ဆပြီးသေချာမကုသတဲ့လူတွေမှာ ပိုးက ကျောက်ကပ်အထိပျံ့သွားပြီး
ကျောက်ကပ်ပိုးဝင်
တာ ပါဖြစ်တတ်ပါတယ်။
၂ - လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါတွေကြောင့် ဆီးပူခြင်း
လိင်မှတစ်ဆင့် ကူးစက်
တတ်သော ရောဂါတွေက မျိုးပွားအဂါၤတွေနဲ့
ဆီးလမ်းကြောင်း
ကို ထိခိုက်စေလို့ဆီးသွားရင် ပူတာ ကျင်တာတွေ ဖြစ်စေတတ်ပါတယ်။ ဆီးပူတာနဲ့ ပက်သက်တဲ့ လိင်ဆက်ဆံရာမှ ကူးစက်တဲ့ ရောဂါတွေကတော့ ဆီးပူညောင်းကျရောဂါ နဲ့၊
Chlamydia
လို့ခေါ်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။
၃ - ဆီးအိမ်ရောင်ခြင်း
ကိုယ်ပေါ်က တစ်နေရာရာရောင်နေရင်အဲဒီနေရာကို ကိုင်ကြည့်တဲ့အခါ ပူနေတာမျိုး ခံစားရတယ်ဟုတ်။ ဒီလိုပဲ
ဆီးအိမ်ရောင်
တဲ့အခါ ဆီးအိမ်တွင်းသိုလှောင်ထားတဲ့ ဆီးတွေ ပူနေတာကြောင့် ဆီးသွားတဲ့အခါ ပူတဲ့ ခံစားမှုမျိုးခံစားရမှာပါ။ ဒီစာတွေကို Hello ဆရာဝန် website မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည် ဆီးအိမ်ရောင်တာရဲ့ လက္ခဏာတွေကတော့ ကိုယ်ပူမယ်၊ ချမ်းတုန်ပြီးဖျားမယ်၊
ဗိုက်အောင့်
မယ် ၊ ဆီးပူမယ် စတာတွေပဲ ဖြစ်ပါတယ်။
အမျိုးသမီးတွေ မှာဖြစ်တတ်တဲ့ ဆီးပူရတဲ့အကြောင်းအရင်းတွေကတော့
၁ - ကလေးမွေးပြီးနောက်ပိုင်း
မိန်းမကိုယ်
ပတ်လည်ပြဲသွားပြီး မိန်းမကိုယ်နားမှာရှိတဲ့ ဆီးလမ်းကြောင်း ပါထိခိုက်ဒဏ်ရာ ရသွားတတ်ပါတယ်။ ဒီစာတွေကို Hello ဆရာဝန် website မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည် ။ဆီးမှာရှိတဲ့ pH ဟာအက်ဆစ်ဓာတ်ဖြစ်တာကြောင့် ဆီးနဲ့ ဒဏ်ရာနဲ့ သွားတွေ့တဲ့ခါ ဆီးသွားရင် ပူသလိုခံစားရတတ်ပါတယ်။ ၂ -
မိန်းမကိုယ်ထဲ ပိုးဝင်ြ
ခင်း - မိန်းမကိုယ်ထဲပိုးဝင်ပြီး ရောင်တဲ့အခါ မိန်းမကိုယ်ပတ်လည်မှာရှိတဲ့ ဆီးလမ်းကြောင်းပါ ထိခိုက်သွားပြီး ဆီးသွားတဲ့အခါ ပူပြီး နာကျင်တတ်ပါတယ်။
အမျိုးသားတွေ မှာဖြစ်တတ်တဲ့ဆီးပူရခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့
ဆီးကျိတ်ရောင်ြ
ခင်း - ဆီးကျိတ်ထဲ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဆီးကျိတ်ရောင်တဲ့အခါ ဆီးပူတာအပြင် ဆီးသွားရခက်တာ ဆီးသွားရင်နာတာမျိုးတွေ ပါခံစားရတတ်ပါတယ်။ သုတ်ပို့ပြွန်ရောင်ခြင်း - သုတ်ပို့ပြွန်ရောင်တဲ့အခါ သူ့ဘေးမှာရှိတဲ့ ဆီးပြွန်ပါရောင်သွားတဲ့အတွက် ဆီးသွားရင် ပူတာမျိုးခံစားတတ်ပါတယ်။ ဒီစာတွေကို Hello ဆရာဝန် website မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည် ။ သုတ်ပို့ပြွန်ရောင်တဲ့ လက္ခဏာတွေကတော့ ဝှေးစေ့နားမှာ ရောင်နေတာ၊ ကိုယ်ပူတာနဲ့ လိင်တံနာတာတွေ ဖြစ်တတ်ပါတယ်။ ဒီစာတွေကို Hello ဆရာဝန် website မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည် )
ဒါဆို ဒီလို ဆီးပူတာကို ဘယ်လိုကုသရမလဲ ။ ။
ဆီးပူတာကို ကုသတဲ့ နည်းကတော့ ဆီးပူရခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကို ရှာပြီး သူတို့ကိုအဓိက ကုသဖို့ပဲ ဖြစ်ပါတယ်။ ဒီစာတွေကို Hello ဆရာဝန် website မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည် ဆီးပူရတဲ့အကြောင်းအရင်းတွေအများကြီးရှိတဲ့အတွက်အနာနဲ့ ဆေးတွေ့ဖို့ ဆရာဝန်ဆီသွားပြီး ကုသမှုခံယူတာအကောင်းဆုံးပါ။ အဓိကအကျဆုံးအချက်ဖြစ်တဲ့
ရေများများသောက်
ဖို့ကိုလည်း မမေ့ပါနဲ့ ။ ။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။