ခြေဆီလက်ဆီထွက်တာကို ဒီလိုသဘာဝနည်းလမ်းတွေနဲ့ ဖြေရှင်းကြမယ်
trend.com.mm
|
2019-03-29

လက်ဆီ၊ခြေဆီထွက်တာဟာ ရှက်စရာမဟုတ်ပေမဲ့ တခြားသူတွေနဲ့လက်ဆွဲနှုတ်ဆက်တဲ့အခါ၊အိမ်လည်သွားတဲ့အခါမှာတော့အနေရခက်စေမှာပါ။အများအားဖြင့် ခြေဆီထွက်တာဟာ သင့်ရဲ့ခန္ဓာကိုယ်ထဲကအပူချိန်အပြောင်းအလဲကြောင့်၊စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ပါတယ်။ ဆေးပညာအရ Hyperhidrosis လို့ခေါ်ပြီး ခန္ဓာကိုုယ်ရဲ့ဘယ်အစိတ်အပိုင်းမှာမဆိုဖြစ်တတ်ပါတယ်။ဒါပေမဲ့လက်နဲ့ခြေထောက်မှာသာအဖြစ်များကြပါတယ်။အခုလက်ဆီ၊ခြေဆီထွက်တာကို လျော့နည်းစေမယ့် သဘာဝနည်းလမ်းကောင်းလေးတွေကိုပြောပြပေးချင်ပါတယ်။

ပန်းသီးရှာလကာရည်

ညအိပ်ရာမဝင်ခင် ပထမဆုံးလက်ကိုရေနွေးနဲ့စင်ကြယ်အောင်ဆေးပါ။ပြီးရင်ဂွမ်းလုံးကိုသုံးပြီး ပန်းသီးရှာလကာရည်ကိုစွတ်ပါ။လက်နဲ့ခြေထောက်ကို သုတ်ပြီး တစ်ညလုံးထားပါ။မနက်မိုးလင်းတဲ့အခါကလေးပေါင်ဒါမှုန့်အနည်းငယ်သုံးပြီးလက်ကိုဆေးပါ။ ထိခိုက်လွယ်တဲ့အသားအရည်မျိုးဖြစ်တယ်ဆိုရင်ပန်းသီးရှာလကာရည်နဲ့ရေနည်းနည်းရောပြီးမှသုံးပေးပါ။ ပန်းသီးရှာလကာရည်နဲ့ပျားရည်အနည်းငယ်ရောထားတဲ့ရေနွေးကိုလည်းတစ်နေ့ကိုနှစ်ကြိမ်သောက်သုံးပေးသင့်ပါတယ်။








ဘလက်ခ်ကော်ဖီ
နံနက်ပိုင်းမှာဘလက်ခ်ကော်ဖီကိုသောက်ပေးတာကလည်း လက်ဆီ၊ခြေဆီထွက်တာကိုသက်သာလျော့နည်းစေပါတယ်။ကော်ဖီထည့်တဲ့အိတ်လေးတွေနဲ့ထုတ်ထားတဲ့ဘလက်ကော်ဖီကိုရေနွေးလေးနဲ့ဖျော်ပြီးလက်တွေနဲ့ခြေထောက်ကိုနာရီဝက်လောက်စိမ်ပေးနိုင်ပါတယ်။တစ်နေ့ကိုနှစ်ကြိမ်လုပ်ပေးလို့ရပါတယ်။








လက်ဖက်ဆီ
Teatree Oilကလည်း လက်ဆီ၊ခြေဆီထွက်တတ်တဲ့သူတွေအတွက်ကောင်းမွန်စေပါတယ်။ ရေနွေးထဲမှာလက်ဖက်ဆီလေးငါးစက်လောက်ထည့်ပါ။ ပြီးရင် ဂွမ်းကိုသုံးပြီးလက်နဲ့ခြေဖဝါးကိုပွတ်တိုက်ပေးပါ။ တစ်ရက်ကို၂ကြိမ်မှ ၃ကြိမ်အထိလုပ်ပေးနိုင်ပါတယ်။


ရေခဲရေ
လက်နဲ့ခြေဖဝါးကိုရေခဲရေအေးအေးထဲမှာ၄၅မိနစ်လောက်စိမ်ပေးထားတာကလည်း လက်ဆီနဲ့ခြေဆီထွက်တာကိုအချိန်တော်တော်ကြာမထွက်အောင်ထိန်းပေးထားနိုင်ပါတယ်။








ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကိုအရည်ညှစ်ပြီး လက်နဲ့ခြေဖဝါးကိုသုတ်လိမ်းပါ။၁၅မိနစ်လောက်စောင့်ပြီးရင်ရေနွေးနဲ့ဆေးချပါ။ တစ်နေ့ကိုတစ်ကြိမ်လုပ်ပေးပါ။ခရမ်းချဉ်သီးဖျော်ရည်ဖန်ခွက်တစ်ခွက်ကိုလည်းတစ်ပတ်ကိုတစ်ကြိမ်သောက်ပေးပါ။ နောက်အပတ်တွေကျရင်တော့တဖြည်းဖြည်းနဲ့လျှော့ပြီးသောက်ပေးနိုင်ပါတယ်။


သံပုရာရည်
သံပုရာသီးတစ်လုံးကိုအရည်ညှစ်ပြီး မုန့်ဖုတ်ဆိုဒါနဲ့ရောမွှေပါ။ပျစ်သွားတဲ့အခါလက်နဲ့ခြေဖဝါးကိုသုတ်ပေးပါ။ ၁၀မိနစ်လောက်စောင့်ပြီးရင် ရေဆေးချပါ။ပုံမှန်တစ်နေ့ကိုတစ်ကြိမ်လုပ်ပေးပါ။ ခြေဆီထွက်တာအရင်ကထက်သိသိသာသာနည်းလာပါလိမ့်မယ်။ညအိပ်ရာမဝင်ခင်လုပ်ပေးရင်အကောင်းဆုံးပါ။








ခြေအိတ်
နာက်ဆုံးနည်းလမ်းကတော့ ခြေဆီအရမ်းထွက်လို့ ခြေအိတ်စွပ်ထားမယ်ဆိုရင်မကြာခဏပြန်ချွတ်ထားပေးပါ။အဲ့ဒါမှလေရပြီးခြေဆီထွက်တာကိုသက်သာစေမှာပါ။အရမ်းပူအိုက်တဲ့နေရာတွေကိုလည်းမသွားပါနဲ့။အပြင်ထွက်ရင်အမိုးအကာတစ်ခုခုယူပြီးမှသွားပေးပါ။








Some text some message..