ရေသောက်ပြီး ဝိတ်လျှော့ကြမယ်
hellosayarwon.com
|
2019-04-03

ဝိတ်ချနေကြတဲ့ Hello ဆရာဝန်ပရိသတ်ကြီးတို့ရေ…

ဝိတ်ချေ နပေမယ့် ဝိတ်မကျဘူးဖြစ်နေလား။အစားတွေလည်းလျှော့၊ လေ့ကျင့်ခန်းတွေလုပ်နေပင်မယ့် ထင်သလောက်ဝိတ်မကျဘူးဖြစ်နေလား။ ဒါဆိုရင်တော့ ကိုယ်ရဲ့ဝိတ်ချတဲ့နည်းက တစ်ခုခုမှားနေပြီဆိုတာ သေချာနေပြီနော်။ ဝိတ်လျှော့နေတဲ့သူတွေအများဆုံးမှားလေ့ရှိတဲ့အမှားကတော့ ရေလုံလောက်စွာမသောက်ခြင်းပဲဖြစ်ပါတယ်။ ရေကအမြဲသောက်နေတာပဲ၊ ဘယ်လိုလုပ်အကျိုးကျေးဇူးပေးနိုင်မှာမို့လို့လဲဆိုပြီးတော့အထင်မသေးလိုက်ပါနဲ့။

ရေ ဆိုတာကအဆီချဝိတ်လျှော့တဲ့နေရာ၊

အသားအရေ လှစေတဲ့နေရာ သဘာဝတရားက လက်ဆောင်ပေးတဲ့ လက်နက်ပုန်းတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ကယ်လ်လိုရီမပါ၊ သကြားမပါ၊အဆီတက်စေတဲ့ဓာတ်တွေမပါတဲ့ တစ်ခုတည်းသောအရည်ဖြစ်မို့လို့ပါ။ ဒါကြောင့်မို့လို့ ရေသောက်ပြီး ဝိတ်ချဖို့အတွက် တစ်နေ့ကို ရေများများသောက်ဖြစ်အောင် ဘယ်လိုတွေလုပ်ဆောင်ရမလဲဆိုတဲ့လျို့ဝှက်ချက်တွေ မျှဝေပေးပါရစေနော်။ ပထမဆုံးအနေနဲ့ ရေသောက်ဖို့အတွက် ကိုယ်ရေဆာတဲ့အချိန်ကို စောင့်စရာမလိုပါဘူး။ သဘာဝအတိုင်းရေဆာဖို့ဆိုတာ

နွေရာသီ ကလွဲရင် ကျန်တဲ့ရာသီဥတုတွေမှာ ရေဆာဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။ ဘယ်သွားသွား ရေဘူးဆောင်ပါ။ ရေသောက်ပြီး

ဝိတ်ချမယ် လို့ဆုံးဖြတ်လိုက်ပါပြီရဲ့….ရေဘူးက ကိုယ့်အနားမှာမရှိရင် ဘယ်လိုလုပ်ရေသောက်ဖြစ်မလဲ။အဲ့တာကြောင့်မို့လို့ ရေဘူးကို ကိုယ့်အနားမှာထားပြီး ရေဘူးကိုမြင်တိုင်း ရေသောက်ဖို့သတိရမှာပေါ့နော်။ ရေအစားထိုး

ရေနွေးကြမ် းသောက်ပါ။ ရေကိုသောက်နေကျမဟုတ်ရင် မသောက်ချင်တော့ဘဲနဲ့ မုန်းနေတာမျိုးတွေ၊ ရေသောက်လိုက်တိုင်း ပျို့အန်တာမျိုးတွေကြုံဖူးတဲ့သူတချို့ရှိမှာပေါ့နော်။ ဒါဆိုရင်တော့ ရေအစားထိုး

သစ်သီးဖျော်ရည်တွေ ၊ လီမွန်တီး (ခေါ်) သံပုရာရေနွေးကြမ်း လိုမျိုးသောက်လို့ရပါတယ်။ ဒီလိုသောက်တဲ့အခါမှာလည်း ကယ်လိုရီမပါတဲ့ သဘာဝဖျော်ရည်မျိုးကို ဦးစားပေးပြီး သောက်သုံးသင့်ပါတယ်။ ရေဆာတိုင်း ရေသောက်ပါ။ တစ်ခါတစ်လေကျရင် "ရေဆာလိုက်တာ…ရေဆာပြေအအေးလေးသောက်လိုက်ဦးမယ်" ဆိုတာမျိုးတွေးဖူး၊ ဖြစ်ဖူးလား။အဲ့လိုအချိန်မှာအအေးမသောက်ပါနဲ့နော်။ ရေဆာတဲ့အချိန်မှာ ရေသောက်ပါ။ ခန္ဓာကိုယ်ထဲကို မလိုလားအပ်တဲ့

သကြားဓာတ်တွေ ၊ ကယ်လ်လိိုုရီတွေဝင်သွားမှာစိုးလို့ပါ။ Alarm ပေးထားပါ။ သင်တို့ကိုယ်တိုင် ရေသောက်ဖို့သတိမရဘူးဆိုရင်တောင် သင့်ဖုန်းက သတိရနေမှာပါနော်။ သင်တို့ရဲ့ဖုန်းကို ၂ နာရီတစ်ခါ alarm ပေးလိုက်မယ်ဆိုရင် သင့်ကို ရေ၈ခွက်ထက်မနည်းသောက်သုံးဖြစ်ဖို့ သေချာသလောက်ဖြစ်နေပါပြီ။ နောက်ဆိုရင် alarm မြည်အောင်စောင့်စရာမလိုပဲနဲ့ ရေသောက်တတ်တဲ့အကျင့်က စွဲသွားပါလိမ့်မယ်နော်။

အစားအစာ နဲ့ ရေဓာတ်ဖြည့်ပါ။ ရေမသောက်ချင်ဘူးဆိုရင် တခြားရွေးချယ်စရာတွေရှိပါသေးတယ်။အဲ့ဒါကတော့ ရေဓာတ်ပြည့်ဝတဲ့အစားအစာတွေ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေ စားသုံးပေးဖို့ပါပဲ။ ဥပမာ

ဖရဲသီ းလိုအသီးအနှံမျိုးတွေစားသုံးပေးရင် ရေဓာတ်ပြည့်ဝစေပါတယ်။ ထမင်းမစားခင် ရေသောက်ပါ။ အစားမစားခင် ရေသောက်လိုက်လို့ ဗိုက်ပြည့်တယ်ဆိုတဲ့အသိစိတ်က သင့်ကိုအစားစားချင်စိတ်ကို လျော့နည်းစေတဲ့အပြင် ကယ်လ်လိုရီအများကြီးမစားမိအောင် ထိန်းပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့အစားမစားခင်အချိန်ရယ်၊အစားစားနေစဉ်အချိန်၊အစာစားပြီးအချိန်မှာရေသောက်ပေးတာက

အစာခြေစနစ် ကိုအထောက်အကူပေးတဲ့အပြင်အစားအစာမှာပါတဲ့အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူပေးပါတယ်။ အားကစားလုပ်နေချိန်၊

ရာသီဥတု ပူနေချိန်မှာ ရေပိုသောက်ပါ။ ပြင်းထန်တဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုလုပ်နေတဲ့အချိန်၊အပြင်သွားလို့ ရာသီဥတုပူနေတဲ့အချိန်မှာ ရေကိုပိုသောက်ပေးသင့်ပါတယ်။အားကစားပြုလုပ်နေချိန်မှာ ရေသောက်ရတဲ့အခြေခံစည်းမျဉ်းရှိပါတယ်။အဲ့တာကတော့ ရေ ၂၅၀ မီလီကို မိနစ်၂၀ တိုင်း ၁ခါသောက်သုံးပေးရတာမျိုးပါ။ ဒါပင်မယ့်အရမ်းမောနေချိန်မှာတော့ ရေကို မသောက်သင့်ပါဘူး။အမောပြေမှသာ ရေသောက်ဖိို့ တိုက်တွန်းချင်ပါတယ်။ Detox water သောက်ပါ။ ယခုု ဝိတ်လျှော့တဲ့သူတွေကြားထဲမှာ နာမည်ကြီးလာတာကတော့

Detox water ပဲဖြစ်ပါတယ်။ detox water  ဆိုတာကတော့ ရေထဲမှာ ဟင်းသီးဟင်းရွက်တွေကို စိမ်ထားပြီး သောက်ရတာပါ။ ဥပမာအားဖြင့် သခွားသီး၊ သခွားမွှေး၊ စတော်ဘယ်ရီ၊ ပူစီနံနဲ့ တခြားဆေးဖက်ဝင်အရွက်တွေကို ရောစိမ်ပြီး သောက်ပေးခြင်းက ကိုယ်အလေးချိန်ကျဆင်းဖို့အတွက်အထောက်အကူဖြစ်စေပါတယ်။ ကိုယ့်ရဲ့ဆီးအရောင်ကို သတိထားကြည့်ပါ။ နောက်ဆုံးအဆင့်အနေနဲ့ ကိုယ့်ရဲ့ဆီးအရောင်ကို သတိထားကြည့်ပေးပါ။ ဆီးအဝါရင့်ရောင်ဆိုရင်တော့ ရေသောက်ဖို့လိုနေပါသေးတယ်။ ဆီးအဝါဖျော့ရောင်ဆိုရင်တော့ ရေကို ပြည့်ပြည့်ဝဝသောက်ပြီးပြီဆိုတဲ့အဓိပ္ပာယ်ပါပဲ။ ဒါဆိုရင်တော့အပေါ်ကအချက်လေးတွေကိုဖတ်ကြည့်ပြီး ခန္ဓာကိုယ်ပိန်သွယ်ပြီး လှချင်တဲ့ကိုကို မမတွေအတွက် ရေသောက်ပြီး ဘယ်လိုပိန်အောင်လုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကိုဖတ်ကြည့်ပြီး လက်တွေ့လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလို ဝိတ်လျှော့တဲ့အခါမှာလည်းအလွန်အကျွံမလျှော့ကြဖို့နဲ့အစာအာဟာရလုံလောက်စွာစားသုံးပေးဖို့လည်း သတိပြုစေချင်ပါတယ်နော်။  ။

Hello Health Group  သည်  ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။






Some text some message..