လေဖြန်းခြင်း (Transient ischaemic attack)
healthcare.com.mm
|
2019-04-07


လေဖြန်းခြင်းဆိုသည်မှာ ရုတ်တရတ် ဦးနှောက်သို့ ခဏတာသွေးမရောက်သောကြောင့် ကိုယ်တခြမ်းမလှုပ်နိုင်ခြင်း၊စကားမပြောနိုင်ခြင်း စသည်ဖြင့် လေဖြတ်ခြင်း၏ ရောဂါလက္ခဏာနှင့်တူသော်လည်း ဦးနှောက်ကိုအမြဲပျက်စီးစေခြင်း မရှိပဲ ယာယီသာဖြစ်သည်။ရောဂါလက္ခဏာမှာ ၂၄ နာရီထက်ကျော်ကြာခဲ့လျှင် လေဖြတ်သည်ဟုသတ်မှတ်နိုင်ပြီး မိနစ်ပိုင်း နာရီပိုင်းအတွင်းသာကြာခဲ့လျှင် လေဖြန်းသည်ဟုသတ်မှတ်နိုင်သည်။လေဖြန်းခြင်းသည် လေဖြတ်ခြင်း၏အကြိုလက္ခဏာရပ်တစ်ရပ်ဖြစ်ပီး လေဖြန်းဖူးသူသည်အချိန်မရွေးလေဖြတ်နိုင်ပါသည်။လက္ခဏာများ- မျက်နှာနှင့်ခြေလက် ကြွက်သားများအားနည်းခြင်း- မျက်နှာတစ်ခြမ်း ရွဲ့ခြင်း- ကိုယ်တစ်ခြမ်း မလှုပ်နိုင်ခြင်း- စကားပီသစွာ မပြောနိုင်ခြင်း၊စကား နားလည်ရန် ခက်ခဲခြင်း- မျက်စိတစ်ဖက် သို့မဟုတ် နှစ်ဖက်မမြင်ရခြင်း၊ပုံရိပ်နှစ်ထပ်မြင်ခြင်း- ခေါင်းမူးခေါင်းဝေဖြစ်ခြင်း- ကြယ်သီးမတပ်နိုင်ခြင်းနှင့်ခဏတာအသိအာရုံချို့ယွင်းခြင်းများ ဖြစ်နိုင်ပါသည်။ဖြစ်ပွားရသောအကြောင်းရင်းများ- ဦးနှောက်သိုု့သွားရာသွေးကြောထဲတွင် သွေးခဲပိတ်ခြင်း- နှလုံး သို့မဟုတ် ခြေထောက်မှပြုတ်ထွက်လာသော သွေးခဲသည် ဦးနှောက်သွေးကြောထဲတွင် ပိတ်ဆို့ခြင်း- သွေးတွင်း ကိုလက်စ်ထရောအဆီ တက်သောကြောင့် ဦးနှောက်သို့သွားရာသွေးကြောတွင်အဆီစု၍ပိတ်ခြင်းတို့ကြောင့်ဖြစ်နိုင်ပါသည်။ဖြစ်နိုင်ချေများသူများ- လေဖြန်းခြင်း၊လေဖြတ်ခြင်း မျိုးရိုုးရှိသူများ-အသက် ၅၅ နှစ်ကျော်သူများ-အရင် လေဖျန်းဖူးသူများ- သွေးတိုး၊ဆီးချိုနှင့်နှလုံး ရောဂါအခံရှိသူများ- သွေးတွင်း (homocysteine) ဟုခေါ်သော ဓါတ်တမျိုးများနေသူများ-အဝလွန်သူများ- ဆေးလိပ်သောက်သူများ-အရက်သောက်သူများ- ကိုယ်လက်လှုပ်ရှားမှု နည်းသူများ-အဆီအဆိမ့်နှင့်အငန်များအလွန်အကျွံစားသုံးသူများ - (sickle cell disease) စသောသွေးနီဥ ပုံမှန်မဟုတ်သော ရောဂါရှိသူများ- စိတ်ကြွဆေးသုံးသူများ- ကိုယ်ဝန်တားဆေးသုံးသူများ- ယောကျ်ားတွင်ပို၍အဖြစ်များသောရောဂါဖြစ်သည်။နောက်ဆက်တွဲ ပြဿနာများ-လေဖြန်းဖူူးသူ သုံးပုံတစ်ပုံသည် လေဖြတ်နိုင်ချေများသည်။ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များအထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါကအချိန်မဆွဲဘဲ သက်ဆိုင်ရာဆရာဝန်နှင့်အမြန်ဆုံး ပြသသင့်ပါသည်။စစ်ဆေးမှုများ- သွေးစစ်ခြင်း- လည်ပင်းအထက်တွင် Ultrasound ထောက်၍သွေးကြောပိတ်မပိတ်အဖြေရှာခြင်း- ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း- သံလိုက်ဓါတ်မှန်ရိုက်ခြင်း- သွေးကြောကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း- နှလုံးဓါတ်မှန်ရိုက်ခြင်း- သွေးကြောဓါတ်မှန်ရိုက်ခြင်း- သွေးတွင်းအဆီဓါတ်၊သွေးတွင်းသကြားဓါတ်များစစ်ဆေးခြင်း တို့ပြုလုပ်နိုင်ပါသည်။ကုသခြင်း- ဆေးဝါးဖြင့်ကုသခြင်း- ခွဲစိတ်ကုုသခြင်း (သွေးကြောကိုဖွင့်၍အထဲမှပိတ်နေသောသွေးခဲ (သို့)အဆီကိုဖယ်ရှားခြင်း)- သွေးကြောတွင်းသို့ ပြွန်ချောင်း( stent )ထည့်၍လမ်းကြောင်းချဲ့ခြင်းများဖြင့်ကုသနိုင်ပါသည်။ကာကွယ်ခြင်း- ဆေးလိပ်ဖြတ်ခြင်း-အရက်ဖြတ်ခြင်း-အဆီအဆိမ့်နှင့်အငန်များ လျှော့စားခြင်း-အသီးအနှံနှင့်အရွက်များများစားသုံးခြင်း- လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ခြင်း- ဝသောသူများ ကိုယ်အလေးချိန် လျှော့ချခြင်း- ဆီးချို၊သွေးတိုး ရောဂါများရှိပါက ဆေးမှန်မှန်သောက်၍ထိန်းခြင်း- စိတ်ကြွဆေးသုံးစွဲမူှများရှောင်ကြဉ်ခြင်းတို့ဖြင့်ကာကွယ်နိုင်ပါသည်။Credit :  Mayo Clinics





Some text some message..