စားလို့ကောင်းတဲ့ ငချိတ်က ကျန်းမာရေးအတွက်လည်းကောင်းပါတယ်နော်
hellosayarwon.com
|
2019-04-07


ငချိတ်ပေါင်းကိုအုန်းသီးလေးဖြူး နှမ်းထောင်းလေးနဲ့တို့လို့

မနက်ခင် းစောစောလေးစားလိုက်ရတဲ့အရသာကတော်တေ်ာလေး ပြီးပြည့်စုံတယ်နော်။ ကောက်ညှင်းဆန်ညိုညိုလေးကစားလိုက်ရင် ဖောက်ဖောက်နဲ့တော်တေ်ာ စားလို့ကောင်းတာပါ။ ဒီစားကောင်းတဲ့ ငချိတ်ပေါင်းလေးက

ကျန်းမာရေး အတွက်လည်းအကျိုးကျေးဇူးတွေများသားနော်။

ငချိတ်ဆန်မှာပါတဲ့အာဟာရဓာတ်တွေက
ငချိတ်မှာပါဝင်တဲ့ ကယ်လ်လိုရီပမာဏက ရိုးရိုးဆန်နဲ့ ဆန်လုံးညိုတို့မှာပါဝင်တဲ့

ကယ်လ်လိုရီ ပမာဏနဲ့အတူတူပဲဆိုပေမယ့် ပရိုတင်းနဲအမျှင်ဓာတ်က ပိုပါတယ်။ ပရိုတင်း အမျှင်ဓာတ်နဲ့ ပရိုတင်းကြွယ်ဝစွာပါဝင်နေပြီး

ခန္ဓာကိုယ် ကြီးထွားစေဖို့နဲ့ ပျက်စီးသွားတဲ့

တစ်ရှုးတွေ ကိုအသစ်ပြန်လည်ဖြစ်ပေးစေပါတယ်။ ကျန်းမာရေးကောင်းစေဖို့လည်းအထောက်အပံ့ပေးပါတယ်။  ခန္ဓာကိုယ်က ဆဲလ်တွေ၊ တစ်ရှုးတွေကို ကျန်းမာစေပြီး ဇီဝတွင်းဖြစ်စဉ်တွေကို  ကောင်းမွန်စွာလည်ပတ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ပရိုတင်းပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးပါတယ်။ အမျှင်ဓာတ် အမျှင်ဓာတ်က

နှလုံးရောဂါြ ဖစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပြီး

ကိုယ်အလေးချိန် ကျစေဖို့လည်းအထောက်အကူပြုပေးပါတယ်။အစာခြေစနစ်အတွက်အရေးပါသလို ဝမ်းမချုပ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

အူမကြီးကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ သံဓာတ် သွေးနီဥဆဲလ်တွေဖြစ်စေဖို့ လိုအပ်တဲ့ ဓာတ်တစ်ခုပါ။ သံဓာတ်နည်းတဲ့အခါ

သွေးအားနည်းရောဂါြ ဖစ်နိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖလေဗာနွိုက် ပါဝင်နေသလို ငချိတ်ဆန်မှာ ဆီးချိုရောဂါ၊

အဝလွန်တာ ၊ နှလုံးရောဂါတွေဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်တဲ့ anthocyanin လည်းပါဝင်ပါတယ်။ ကင်ဆာကာကွယ်ပေးနိုင်တဲ့အာနိသင်လည်းရှိပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးတွေက
စားလို့ကောင်းတဲ့ ငချိတ်ပေါင်းလေးစားရင်း ရရှိမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

သွေးတွင်းကိုလက်စထရော ကိုကျဆင်းစေနိုင်ပါတယ်။
အကျိုးပြု ကိုလက်စထရောပမာစကိုတိုးစေနိုင်တယ်။
နှလုံးကျန်းမာစေတယ်။
free radicals တွေကို တိုက်ထုတ်နိုင်တာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။
အမျှင်ဓာတ်ပါဝင်တာကြောင့်အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။
ဝမ်းမှန်စေနိုင်ပါတယ်။
အူမကြီးကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တာကြောင့်အသည်းကျန်းမာစေနိုင်ပါတယ်။

အရက်ေ ကြာင့်အသည်းပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ စားလို့လည်းကောင်းအာဟာရဓာတ်တွေလည်း ပြည့်ဝစွာပါဝင်နေပြီး ကျန်းမာရေးအတွက်လည်းအကျိုးပြုတယ်ဆိုမှာတော့ င..... ငချိတ်ပေါင်းစားလို့ကောင်းဆိုတာ တကယ်ပဲ မှန်တာပေါ့နော်။ Hello ဆရာဝန်ရဲ့ ပရိသတ်ကြီးထဲက ငချိတ်ပေါင်းကြိုက်သူတွေအနေနဲ့လည်း မနက်စာကို ငချိတ်ပေါင်းလေးစားလို့အပေါ်မှာပြောခဲ့တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရယူလိုက်ပါနော်။

Hello Health Group  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။




Some text some message..