ဝမ်းထဲ သွေးပါခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ ။ ။
hellosayarwon.com
|
2019-04-10


အားလုံး ဝမ်းမချုပ်ဘူးတဲ့သူ မရှိဘူးလို့ထင်ပါတယ်။

ဝမ်းချုပ် တဲ့ပြဿနာဟာ တကယ်ကို စိတ်ရှုပ်ရတဲ့ ပြဿနာတစ်ခုပါ။ ဝမ်းထဲသွေးပါရင် ပိုလို့တောင်အထိတ်တလန့် ဖြစ်ရပါသေးတယ်။ ဘာများဖြစ်နေပြီလဲ စိုးရိမ်ရလားဆိုပြီးတော့ပေါ့။ ဒါကြောင့် ဒီဆောင်းပါးလေးထဲမှာ ဝမ်းထဲ သွေးပါခြင်းကို ဖြစ်စေတဲ့အကြောင်းအရာတွေ ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ် ။ ။

ဝမ်းထဲသွေးပါတာ နှစ်မျိုးရှိပါတယ်။

လတ်လတ်ဆတ်ဆတ် သွေးအနီရောင်တွေ ဝမ်းထဲပါတာ၊

သွေးဝမ်း လို့ခေါ်ကြတဲ့ ဝမ်းမဲမဲတွေ ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီလို ၂ ခုကွဲသွားရခြင်းရဲ့ အကြောင်းအရင်းကတော့ ရောဂါ ဖြစ်တဲ့နေရာ မတူလို့ပဲ ဖြစ်ပါတယ်။

အူသိမ် အပေါ်ပိုင်းအစာခြေလမ်းကြောင်းကထွက်တဲ့ သွေးတွေဟာ

အစာအိမ် ထဲကအက်ဆစ်နဲ့ဓာတ်ပြုပြီး ဝမ်းမဲမဲတွေဖြစ် သွားလေ့ရှိပါတယ်။ သွေးအနီရောင် လတ်လတ်ဆတ်ဆတ်ကကျတော့အူသိမ်အောက်ပိုင်းအစာခြေစနစ်မှာ ပြဿနာတစ်ခုခုရှိနေတာကြောင့် ထွက်လာတဲ့ သွေးတွေပါ။ ဒီတော့ ဘယ်လို ပြဿာနာတွေဖြစ်နိုင်လဲ ။ ။

ဝမ်းထဲသွေးပါရခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ ။ ။


ဝမ်းထဲ သွေးနီနီရဲရဲပါရခြင်းအကြောင်းများ ။ ။


လိပ်ခေါင်းရောဂါ - ဝမ်းသွားပြီးနောက်ပိုင်း သွေးနီနီရဲရဲတွေ ဆင်းလာတာ၊ ဝမ်းချုပ်တာ၊ စအိုနားတစ်ဝိုက်တင်းပြီး ယားယံနေတာမျိုး၊ စမ်းလိုက်ရင်အလုံးလေးစမ်းမိတာမျိုးတွေ ရှိပြီဆို လိပ်ခေါင်းရောဂါဖြစ်နေပါပြီ။

စအိုဝကွဲြ ခင်း - သွေးစလေးတွေ ဝမ်းထဲကပ်ပါနေတာ၊ ဝမ်းသွားပြီး စအိုဝစပ်တာ၊ ဝမ်းချုပ်လို့အရမ်းညှစ်သွားရတာမျိုးတွေရှိရင် စအိုဝကွဲတာနေတာ ဖြစ်နိုင်ပါတယ်။ Diverticulitis (

အူမကြီး လမ်းကြောင်းတစ်လျှောက်အိတ်ကလေးများ ဖြစ်ခြင်း) – Diverticulosis လို့ခေါ်တဲ့အိတ်ထဲက သွေးကြောမျှင်လေးတွေ ဖောင်းပြီး ပေါက်သွားရာမှ ဝမ်းထဲသွေးပါခြင်းဖြစ်နိုင်ပါတယ်။
Inflammatory Bowel Disease (အူလမ်းကြောင်းရောင်ရမ်းခြင်း ) – IBD ထဲမှာ ulcerative colitis နဲ့ Crohn’s Disease ဆိုပြီး နှစ်မျိုးပါပါတယ်။အဲဒီအထဲမှာ ulcerative colitis ကအူမကြီးကိုထိတာဖြစ်ပြီး Crohn’s Disease ကတော့အူလမ်းကြောင်းတစ်လျှောက် ကြိုက်တဲ့နေရာမှာ ဖြစ်နိုင်ပါတယ်။ ဒီ ၂ မျိုးလုံးဟာအူမကြီးကို သွားထိစေတတ်တာကြောင့် ဝမ်းထဲသွေးပါခြင်းကိုဖြစ်စေတတ်ပါတယ်။

အူမကြီးကင်ဆာ -အူမကြီးကင်ဆာကြောင့် ဝမ်းထဲသွေးပါတာမျိုးဖြစ်တတ်ပါတယ်။ သူ့ရဲ့လက္ခဏာတွေကတော့အရင်တုန်းက ဝမ်းချုပ်ပေမယ့် ခုကျတော့ မနက်ပိုင်း သွေးဝမ်းပျော့ပျော့တွေသွားတာ၊ ဝမ်းသွားပြီး ဝမ်းကျန်သလိုခံစားနေရတာနဲ့၊ ကိုယ်အလေးချိန် သိသိသာသာကျဆင်းတာတွေ ပဲ ဖြစ်ပါတယ်။

ဝမ်းမဲမဲသွားရခြင်းအကြောင်းအရင်းများ ။ ။
ဝမ်းမဲမဲသွားရခြင်းဟာအူသိမ်အပေါ်ပိုင်းအစာခြေစနစ်မှာ ဖြစ်နေတဲ့ ပြဿနာတွေ ကြောင့်ဆိုတာအပေါ်မှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒီတော့ ဝမ်းမဲမဲသွားစေတဲ့အကြောင်းအရင်းတွေက ဘာများလဲ ။ ။

အစာအိမ်အနာ မှ သွေးယိုခြင်း-အစာအိမ်ရောင်တဲ့အဆင့်တင်မဟုတ်ဘဲအနာပါဖြစ်သွားတဲ့အခါကျအစာတစ်ခါဝင်တိုင်းအနာကို ပွတ်မိပြီး သွေးထွက်တတ်ပါတယ်။ ဒီသွေးတွေကအစာအိမ်ထဲကအက်ဆစ်နဲ့ ဓာတ်ပြုတဲ့အခါကျအနံ့နံတဲ့ ဝမ်းမဲမဲတွေအဖြစ် ဆင်းလာပါတော့တယ်။

အစာရေမြိုပြွန် မှ သွေးကြောထုံးများ -

အသည်းရောဂါ ရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့အစာရေမြိုပြွန်မှ သွေးကြောထုံးတွေပေါက်သွားရာမှ တစ်ဆင့် ဝမ်းမဲမဲတွေ သွားတတ်ပါတယ်။

အကိုက်အခဲပျောက်ဆေး များကြောင့်

အစာအိမ်သွေးယိုြ ခင်း -အကိုက်အခဲ ပျောက်ဆေးအပြင်းစားကိုအစာမစားဘဲ သောက်လိုက်တဲ့အခါအစာအိမ်နံရံ သွေးယိုပြီး ဝမ်းမဲမဲတွေ သွားတတ်ပါတယ်။ ဒါတွေကတော့ ဝမ်းထဲသွေးပါခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ပဲ ဖြစ်ပါတယ်။ ဝမ်းထဲ သွေးပါတယ်ဆိုတာကအချိန်ကြာလာရင် သွေးအားနည်းပြီး သေချာဆေးကုသမှု မခံယူရင် ပိုဆိုးလာတတ်တာကြောင့်  မပေါ့ဆဘဲ ဆရာဝန်ဆီသွားတာအကောင်းဆုံးပါ။

Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။    




Some text some message..