ကြွက်မလေးနှစ်ကောင် မျိုးစပ်ပြီး ကြွက်ငယ်ကလေးတွေ မွေးဖွား
yoyarlay.com
|
2018-10-18



ဒီ မျိုးပွားနည်းပညာကတော့ သဘာဝ သားဖောက် မျိုးပွားခြင်း နိယာမတွေကို ချိုးဖောက်နေပါပြီ။ သိပ္ပံပညာရှင်တွေက ”Bimaternal” (မိခင် ၂ ဦး) (ကြွက်မလေး ၂ ကောင်ကို ဆိုလိုသည်) ဟာ ကျန်းမာစွာ ရှိနေပြီးတော့ သူတို့ရဲ့ ကလေးတွေကို မွေးဖွားခဲ့ပါပြီ လို့ပြောပါတယ်။

ကံဆိုးစွာနဲ့ပဲအထီးကလေး ၂ ကောင်စပ်ပြီး မွေးလာတဲ့ ကြွက်ကလေးတွေကတော့ ရက်အနည်းငယ်အတွင်းမှာပဲ သေဆုံးသွားခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေက ကျွန်တော်တို့ဟာ လိင်ဆက်ဆံဖို့ လိုအပ်လိမ့်ဦးမလား ဆိုတဲ့မေးခွန်းကို ဖြေဆိုဖို့ ကြိုးစားနေကြပါပြီ။ ကျွန်တော်တို့ လူသားတွေအပါအဝင် နို့တိုက်သတ္တဝါတွေဟာအမရဲ့ မျိုးဥနဲ့အဖိုရဲ့ သုက်ပိုးတို့ ပေါင်းစပ်မျိုးအောင်ပြီး မျိုးပွားကြရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ (အချို့သောအမ သတ္တဝါတွေ ဖြစ်တဲ့) ငါး၊ ကုန်းနေရေနေသတ္တဝါတွေ ဖြစ်တဲ့ လိပ်၊ ပုတ်သင်ညို၊ မြွေ၊ မိချောင်း စတာတွေ၊အချို့သော ဖားမျိုးစိတ်တွေ၊ ငှက်တွေဟာအမ တစ်မျိုးတည်းကနေ မျိုးပွားနိုင်ကြပါတယ်။ (အချို့သော လို့ပြောတာကြောင့်အကုန်လုံးကို မဆိုလိုပါဘူး။ ငှက်မျိုးစိတ်တချို့၊ ပုတ်သင်ညို မျိုးစိတ်တချို့သာ ဖြစ်ပါတယ်)။ တစ်ဦးတည်း မိသားစုထူထောင်နိုင်တဲ့ (အနည်းငယ်လည်း ကို့ရို့ကားယားနိုင်တဲ့) ဒီအဖြစ်ကို ပါသန်နိုဂျိနီးစစ် (Parthenogenesis) လို့အမည်ပေးထားပါတယ်။







လေ့လာသူတွေ သိလိုတာက ဒီကြွက်မလေး ၂ ကောင်ကနေ ဘယ်ပုံဘယ်နည်းနဲ့ မျိုးပွားနိုင်လိမ့်မယ် ဆိုတာဖြစ်ပါတယ်။ သူတို့ဟာ ကြွက်မလေး ၁ ကောင်ဆီက မျိုးဥကို ရယူပြီး ကျန်တဲ့ တစ်ကောင် ဆီကနေ (Haploid embryonic stem cell) (ဆေးပညာဆိုင်ရာအခေါ်အဝေါ်တွေမို့ သီးခြားအဓိပ္ပါယ်မရှိပါ။ ဆဲလ်ထဲမှာ ပါဝင်နေတဲ့အထီးဟော်မုန်းလိုဟာမျိုး) ကိုရယူပြီး ပေါင်းစပ်ခဲ့ကြတာပါ။ ဒါဟာ DNA တစ်ခုဖြစ်ပေါ်လာဖို့ လိုအပ်တဲ့အရာတွေဖြစ်ပါတယ်။အဖို ၂ ကောင်နဲ့ မျိုးပွားရာမှာတော့အနည်းငယ် ရှုပ်ထွေးပါတယ်။အဖိုရဲ့ သုက်ရည်၊အဖိုဟော်မုန်း၊ မျိုးဥ တွေကို သိပ္ပံနည်းကျ ပေါင်းစပ်ရတာမျိုးဖြစ်ပါတယ်။




လေ့လာမှုတွေမှာ ပါဝင်ခဲ့တဲ့ ဒေါက်တာ ဝေလီ (Dr.Wei Li) က” ဒီလေ့လာမှုကနေ ကျွန်မတို့ကို ဘာတွေက ဖြစ်နိုင်ချေရှိသလဲဆိုတာ ပြနေပါတယ်။ တချို့ နို့တိုက်သတ္တဝါတွေလိုမျိုးပဲ ကျန်တဲ့မျိုးစိတ်တွေလည်း ဒီနည်းလမ်းတွေနဲ့ မျိုးပွားနိုင်လာလိမ့်မယ်လို့ ယူဆရပါတယ်။ ရေရှည်မှာအလားအလာရှိတဲ့ နည်းပညာဖြစ်ပြီး ဒါဟာ လိင်တူချစ်သူတွေအတွက် မိသားစုထူထောင်နိုင်ဖို့နဲ့ ကိုယ်ပိုင်သားသမီးရယူဖို့အခွင့်အလမ်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သင့်လျော်တဲ့ လူကျင့်ဝတ်တွေနဲ့ စိတ်ချသေချာရမှုတွေကတော့အတော်လေး တိုးတက်လာဖို့ လိုပါသေးတယ်” လို့ပြောခဲ့ပါတယ်။

မွေးဖွားလာမယ့်ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာကော၊ ရုပ်ပိုင်းဆိုင်ရာပါ ပုံမှန် ကြီးထွားတိုးတက်မှု ရှိလာလိမ့်မလား ဆိုတာကို သိပ္ပံပညာရှင်တွေကအတည်ပြု မပေးနိုင်သေးသရွေ့ ဒီနည်းလမ်းကကို လူသားနဲ့စမ်းသပ်ဖို့ ခွင့်ပြုပေးမှာ မဟုတ်ပါဘူး။ လူအချို့ကတော့ မွေးလာတဲ့ ကြွက်ကလေးတွေအဆင်ပြေလိမ့်မလားလို့ သံသယ ရှိနေကြပါတယ်။




ဒေါက်တာ လိုဗဲလ် ဘက်ဂ်ျ (Dr.Lovell Badge) ကတော့ “မိခင်ကြွက်မလေး ၂ ကောင်တောင်မှအဆင်ပြေလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။ ဒီနည်းလမ်းဟာအောင်မြင်ဖို့ ရာနှုန်းလည်းအတော်နည်းပါတယ်။ ပြီးတော့ ဒါဟာ ကျွန်တော် မျှော်လင့်ထားတဲ့ ပြီးပြည့်စုံတဲ့အခြေအနေလည်း မဟုတ်ပါဘူး။ တစ်ခါတလေမှာ သဘာဝကို ဆန့်ကျင်ရတာ တော်တော်လေးအဆင်မပြေပါဘူး။ နောက်ပြီးတော့ လိင်ဆက်ဆံစရာမလိုတော့ဘူးလားလို့တော့ မမေးပါနဲ့။ ခင်ဗျားတို့ လိင်ဆက်ဆံနေကြတာ မျိုးပွားဖို့တစ်ခုတည်းမှ မဟုတ်တာပဲ” လို့ပြောခဲ့ပါတယ်။

Ref: BBC ”Same-sex mice have babies”

Zuluu (ရိုးရာလေး)




Some text some message..