အမျိုးသမီးကွန်ဒုံးအကြောင်း
healthcare.com.mm
|
2019-04-15


အမျိုးသမီးကွန်ဒုံးဆိုသည်မှာအမျိုးသမီးလိင်အင်္ဂါအတွင်းသို့ ထည့်သွင်းထားပြီး လိင်ဆက်ဆံနိုင်သောအိတ်ငယ်တစ်ခုပင် ဖြစ်ပါတယ်။အိတ်အနားကို ရုန်းပြန်နိုင်သော ကွင်းတစ်ခု (အပြင်ကွင်း) ဖြင့် ပူးတွဲ၍အနားသတ်ထားပြီးအိတ်အတွင်းဝယ် ကွင်းတစ်ခုထည့်ထားသေးတယ်။အတွင်းကွင်းသည်အမျိုးသမီးသားအိမ်ဝအပေါ်၌အထိုင်ကျ၍အပြင်ကွင်းသည်အမျိုးသမီးလိင်အင်္ဂါအပြင်ဘက်နှုတ်ခမ်းသားပေါ်၌အထိုင်အကျစေသော်အမျိုးသမီးကွန်ဒုံးသည် မိန်းမကိုယ်အတွင်း၌ နေသားတကျအထိုင်ကျနေပေါ့မယ်။ မြန်မာနိုင်ငံဈေးကွက်တွင်အင်ဂျီအိုတစ်ခုဖြစ်သော PSI က တင်သွင်းပါတယ်။အတွင်းကွင်းကို ထုတ်လိုက်ပါက စအိုဝ၌လည်း သုံးနိုင်ပါတယ်။အမျိုးသားကွန်ဒုံးကိုသုံး၍ စအိုတွင်း၌ ကွန်ဒုံးကျွတ်ကျန် နေပါသည်ဆိုသော မိန်းမလျာများ၏ စအိုနှင့် သင့်တော်သလို ကွန်ဒုံးမသုံးနိုင်ဘူးဟု ငြင်းသောအမျိုးသားဖောက်သည်များ၏ ပြည်တန်ဆာများ၌ သုံးနိုင်ပါတယ်။  အမျိုးသားကွန်ဒုံးကတော့ ကွန်ဒုံးအတွက်အထူးချောဆီသာ သုံးရသော်လည်းအမျိုးသမီးကွန်ဒုံးကတော့အခြားချောဆီများလည်း သုံးနိုင်ပါတယ်။အမျိုးသမီးကွန်ဒုံးသည် တစ်ခါသုံးသာ ဖြစ်ပါတယ်။ သက်တမ်းကုန်နေသော ကွန်ဒုံးကို မသုံးရသလိုအမျိုးသားကွန်ဒုံးနှင့်တွဲ၍အမျိုးသမီးကွန်ဒုံးကို မသုံးရပါ။ လိင်ဆက်ဆံပြီးသော် သုက်ရည်များ ထွက်မကျစေရန်အပြင်ကွင်းအား တစ်ချက်လိမ်၍ ဖြည်းညင်းစွာ ဆွဲထုတ်ပြီး စက္ကူ၊ ပလတ်စတစ်အိတ်တို့ဖြင့် သေချာစွာထုပ်၍အမှိုက်ပုံးထဲ ထည့်ရပါ့မယ်။ ရေလောင်းအိမ်သာထဲ ထည့်ပါကအိမ်သာကျင်း ပိတ်တတ်ပါတယ်။ PSI မှ တင်သွင်းသော ကွန်ဒုံးပါကင်ဘူးထဲ၌ ကွန်ဒုံးသုံးစွဲနည်းကို သရုပ်ဆောင်ပုံနှင့်တကွ ရှင်းလင်းသည့်အပြင် ဆောင်ရန်၊ ရှောင်ရန်များလည်း ရေးသားထားပါတယ်။  Credit : ဒေါက်တာထွန်းဝင်းသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  





Some text some message..