အစာအိမ်အချဉ်ပေါက်ခြင်းကို သက်သာစေမည့် နည်းလမ်းများ
healthcare.com.mm
|
2019-04-25


ယခုလို သွားလာလှုပ်ရှားအချိန်လု ရုန်းကန်နေကြရတဲ့ ခေတ်ကြီးမှာအစာအိမ်အချဉ်ပေါက်ခြင်းဆိုတာ ဖြစ်နေကျဝေဒနာ တစ်ခုလိုတောင် ဖြစ်လို့နေပါပြီ။အစာအိမ်တွင်းမှာ ယင်းနှင့်သက်ဆိုင်သော ဂလင်းများမှအက်ဆစ်ဓာတ် များပြားစွာ ယိုစိမ့်ထွက် လာရာမှ ဖြစ်ပေါ်လာပါတယ်။ ခံစားရမဲ့ လက္ခဏာတွေကတော့ -အစာအိမ်အတွင်း ပူလောင်မှုခံစားရခြင်း။ -အစာစားချင်စိတ် လျှော့နည်းခြင်း၊ မရှိခြင်း။ - မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း။ - ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း။ -အစာအိမ်တွင်း နာကျဉ်ခြင်းနှင့် ရင်ပူရင်ဆာ ဖြစ်ခြင်းတို့ပဲ ဖြစ်ကြပါတယ်။အပူ၊အစပ်တို့ကို နဲနဲနှင့်အစပျိုးစားရင်းကနေအလွန်အကျွံစားသုံးခြင်း။ စားအသောက်ချိန် ပုံမှန်မရှိခြင်း၊ကော်ဖီ၊ လက်ဖက်ရည်၊အယ်ကိုဟောပါဝင်သည့်အရည်များကိုအလွန်အကျွံသောက်သုံးခြင်းတို့သည် ယင်းဝေဒနာကို ဖြစ်စေသောအကြောင်းအရာများ ဖြစ်ကြသည်။ ထိုဝေဒနာကို သက်သာစေနိုင်ရန် သဘာဝဆေးများကတော့အစားစားပြီးချိန်မှာ သကြားအညိုကို လက်ဖက်ရည်ဇွန်း ၂ဇွန်း စားသုံးခြင်းဖြင့်အက်ဆစ်ဓာတ်များ ထွက်ခြင်းကို ကာကွယ်ပေးသည်။ သကြားအညို မသုံးချင်သူတွေအတွက် နောက်နည်းလမ်းကတော့ ချင်း(ဂျင်း)အရည် လက်ဖက်ရည်ဇွန်း ၂ဇွန်း သံပရို၊ သံပရာ၊ ရှောက်သီးအရည် တစ်မျိုးမျိုး လက်ဖက်ရည်ဇွန်း ၂ဇွန်း ပျားရည် လက်ဖက်ရည်ဇွန်း ၂ဇွန်းတို့ကို ရောသမမွှေပြီး တစ်နေ့လျှင် ၄ ကြိမ် သောက်သုံးပါ။အစာအိမ်အချဉ်ပေါက်လို့ ရင်ပူရင်ဆာ ဖြစ်တယ်ဆိုရင် ငှက်ပျောသီး စားခြင်းဖြင့် သက်သာစေနိုင်သည်။ ခရမ်းချဉ်သီး ဖျော်ရည် တစ်ခွက်(240 ML) ခန့်ကို ချင်း(ဂျင်း) ရည်အနည်းငယ်နှင့် ပူဒီနာအရည်အနည်းငယ်ရော၍ သောက်သုံးပါ။ ပူဒီနာ သီးသန့်ကို လက်ဖက်ရည် ကဲ့သို့ ပြုလုပ်သောက်သုံးနိုင်သည်။ ဖရဲသီးကြိုက်သူများ ဖျော်ရည်ပြုလုပ် သောက်သုံးပါ။ သခွားသီးကို နေ့စဉ်စားသုံးသည့်အစားအသောက်နှင့် တွဲဖက် စားသုံးပါ။ နွားနို့ကြိုက်တတ်သူများ နေ့စဉ် တစ်ခွက်သောက်သုံးခြင်းဖြင့်အစာအိမ်အချဉ်ပေါက် ခြင်းကို သက်သာစေနိုင်သည်။ သို့မဟုတ်ပါက ကြက်သီးနွေး ရေတဖန်ခွက်ကို နေ့စဉ် သောက်ပါ။ ဇီယာစေ့ကို လက်မနှင့် လက်ညိုးညှပ်ပြီး ပါသလောက်ယူလိုက်ပါ။ ပြီးရင်အိုးကဲ့သို့သောအရာတစ်ခုခုထဲမှာ ထဲ့၍အပူပေးပါ။ ယင်းကို လိမ္မော်သီး တစ်လုံးမှ ညှစ်ထားသောအရည်နှင့်အတူသောက်ပါ။ပင်စိမ်းပင် စားနိုင်သူများအတွက်ကတော့ ပင်စိမ်းရွက် ၂ ရွက် လောက်ကို သေချာဝါးစားရင်အစာအိမ်အချဉ်ပေါက်တာသက်သာစေနိုင်ပါတယ်။ မစားနိုင်သူတွေကတော့ ပီကေဝါးခြင်းဖြင့် တံတွေးထွက်လာပြီးအစာပြွန်တလျှောက် ဖြတ်သန်းသွားကာ ရင်ပူရင်ဆာ ဖြစ်ခြင်းကို သက်သာစေနိုင်သည်။ ဗိုက်တာမင် စီဓာတ်အများအပြားပါဝင်သော ဆီးဖြူသီးကို စားခြင်းဖြင့်အစာအိမ်အချဉ်ပေါက်ခြင်းကို သက်သာစေသည့်အပြင်အစာအိမ်အနာကျက်ရန်အတွက်ပါအထောက်အကူပေးသည်။ ပဲနံ့သာစေ့ရနိုင်လျှင် ဟင်းခတ်ဇွန်း တစ်ဇွန်းကို ရေတစ်ညစိမ်ပါ။ နောက်တစ်နေ့ နံနက်အစာအိမ်တွင်း ဘာမှမရှိချိန်အစားမစားမှီလည်းကောင်း စိမ်ထားသော ရေကိုစစ်ပြီးသောက်ပါ။ ရေစိမ်လျှင် တစ်ဖန်ခွက် 240 ML ခန့် ပမာဏနှင့် စိမ်ပါ။ မနက်စာ၊ နေ့လည်စာနှင့် ညစာတို့ ကြားအချိန်များတွင်အစာအနည်းငယ် စားသုံးပါ။ လည်းကောင်းဝေဒနာ ခံစားရချိန်အတွင်း သနပ် (သရက်သီးသနပ်၊ သံပရာသီးသနပ်စသည်) တို့နှင့် ရှာလကာရည်စိမ်အသီးအရွက်များ စားသောက်ခြင်းကို ရှောင်ကျဉ်ပါ။ Ref: Winn Hlaing Oo ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..