မဆင်မခြင် မထိကိုင်သင့်တဲ့ ခန္ဓာကိုယ်ပေါ်က နေရာ (၅) မျိုး
shwemom.com
|
2019-04-26

လူများစွာက သူတို့ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေကို တို့ထိရတာ၊ ကိုင်ရတာ၊ ဆွဲခွာရတာ ကြိုက်တတ်ကြပါတယ်။ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုအဲလိုတွေ လုပ်လို့ လုပ်နေမှန်းတောင် မသိတတ်ပါဘူး။ မျက်နှာပေါ်ကအဖုတွေကိုလည်း ထိတာ၊ တို့တာ၊ ကုတ်တာတွေကအဖုအပိမ့်တွေကို ပိုဆိုးစေတယ်ဆိုတာ သိထားကြပြီးဖြစ်မှာပါ။

ဒါဆို မျက်နှာတင်မက တခြား တို့ထိဆိတ်လို့ မသင့်တဲ့ နေရာတွေကရော ဘာတွေဖြစ်မလဲ။

ဆံပင်ဖြူ

elitereaders

ဆံပင်ဖြူတွေကို နုတ်ရင် ၁၀ ဆ ပိုပွားလာမှာမို့ ဆံပင်ဖြူတွေ မနုတ်ကြနဲ့ဆိုပြီး ရှေးလူကြီးတွေ ပြောခဲ့ကြတာ ရှိပါတယ်။ ဒါပေမယ့် ဒါဟာ ယုံတမ်းတစ်ခုသာ ဖြစ်ပါတယ်။ တကယ်တော့ ဆံပင်ဖြူ မနုတ်သင့်တဲ့အကြောင်းအရာက သက်သက်ရှိပါတယ်။ ဆံပင်နုတ်တဲ့အခါ ဦးရေပြားပေါ်က မွေးညင်းပေါက်တွေကို ပျက်စီးစေပြီး ပိုးဝင်စေနိုင်တာကြောင့်ပါ။

လက်ပန်းကုံး ကွာတာ

elitereaders

လက်သည်းဘေးနားတဝိုက်ကအရေပြားလေးတွေ လန်တဲ့အခါ ဘယ်လောက်နာကျင်ရလဲဆိုတာ သိကြမှာပါ။ ထိုအစလေးကို ကိုက်ဖြတ်တာတို့ ဆွဲခွာတာတို့ မလုပ်မိအောင် သတိထားပါ။ ပိုးဝင်နိုင်တဲ့အတွက်ပါ။ သန့်ရှင်းတဲ့ လက်သည်းညှပ်နဲ့သာ ဖယ်ရှားပေးပါ။

ဆားဝက်ခြံ

elitereaders

ကျွန်တော်တို့အားလုံး နှုတ်ခေါင်းတွေပေါ်မှာ ရှိတတ်တဲ့ ဆားဝက်ခြံတွေကို ညှစ်ပစ်ချင်ကြပါတယ်။ ဒါပေမယ့် ဒီလိုလုပ်တာဟာအသားအရေကို ပိုပျက်စီးစေပြီးအနာရွတ်တွေ ကျန်သွားစေနိုင်ပါတယ်။ ဒါကြောင့် ဆားဝက်ခြံပြဿနာကို ဖြေရှင်းဖို့အရေပြားအထူးကုဆီပဲ သွားဖို့အကြံပေးပါရစေ။

အရည်ကြည်ဖု

elitereaders

များသောအားဖြင့်အရည်ကြည်ဖုတွေက သူ့ဟာသူ ပျောက်သွားတတ်ကြတာများပါတယ်။ ဒါပေမယ့် ထိမိ ခိုက်မိမှာ ရှောင်လို့ မရတဲ့ နေရာတွေမှာအရည်ကြည်ဖုဖြစ်လာခဲ့ရင်တော့ ဖောက်ပေးလိုက်ဖို့ လိုပါတယ်။ ပိုးသတ်ထားတဲ့အပ်နဲ့ ဖောက်ပေးရပါမယ်။ မဖောက်ခင်အဖုနဲ့ လက်ကို သန့်စင်အောင်အရင်ဆေးကြောရပါမယ်။

ခြင်ကိုက်ဖု

elitereaders

ခြင်ကိုက်ဖုတွေ ယားယံလာရင်အရင်ဆုံးကုတ်ပဲ ကုတ်မိတတ်ကြတာပါ။ တကယ်တော့ ကုတ်တာဟာ ခြင်ကိုက်ဖုကနေအနာဖြစ်သွားစေနိုင်တာမို့ မကုတ်သင့်ပါဘူး။ မီးလောင်ပူဖြစ်ရင် လိမ်းတဲ့ ဆေးမျိုးကို လိမ်းထားလို့ရပါတယ်။ ဒါမှမဟုတ်ရင် ထုံးတို့ထားတာ၊အအေးထုပ်ကပ်ထားတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

Ref: Elite Readers




Some text some message..