ကိုယ်ဝန်ဆောင်အပြီး ဗိုက်ပူလာတာကို ကာကွယ်နိုင်ဖို့
healthcare.com.mm
|
2019-04-27


ကိုယ်ဝန်ဆောင်အပြီးမှာ ခါးပတ်လည်မှာအဆီတွေစုလာတာ ဗိုက်ပူလာတာဟာအမျိုးသမီးတွေအဖို့ မလိုလားပေမယ့်အဖြစ်များနေတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ ရေခဲသေတ္တာထဲမှာ သိုလှောင်ထားတာတွေထက် လတ်ဆတ်တဲ့အစားအစာတွေကို စားသုံးပေးဖို့ သုတေသီတွေကအကြံပြုထားပါတယ်။ ဒီသုတေသနမှာတော့အိန္ဒိယနိုင်ငံ၊အပြည်ပြည်ဆိုင်ရာ Fertility စင်တာမှ သားဖွားမီးယပ်အထူးကု ဆရာဝန် Dr. Rita Bakshi က ကလေးမွေးဖွားပြီးတဲ့အမျိုးသမီးတွေကို ပေးထားတဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုပါတယ်။ လတ်ဆတ်သော သစ်သီးများကို စားသုံးပေးပါ။ ကလေးနို့ဖြတ်ခါနီးအထိ ရေခဲသေတ္တာထဲမှာအေးခဲထားတဲ့အစားအစာတွကို ရှောင်ကျဉ်သင့်ပါတယ်။ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသုံးပါ။အစားအစာတွေကို ကြာရှည်အောင်ပြုလုပ်ထားတဲ့ ကျပ်တိုက်စာ၊အကင်များနဲ့ ဆိုးဆေးတွေပါဝင်တဲ့အသား၊ ငါးတွေ၊ စည်သွတ်အစားအစာတွေအစားဈေးက လတ်လတ်ဆတ်ဆတ် ဝယ်ယူလာတဲ့ သားငါးတွေကို ချက်ပြုတ်စားသောက်သင့်ပါတယ်။ ရာသီစာ ဟင်းသီးဟင်းရွက်တွေဟာ မီးဖွားပြီးစ ကိုယ်ခန္ဓာတွေအတွက် သင့်တော်ပါတယ်။ ဒါပေမယ့် တစ်မျိုးတည်းကို နေ့စဉ်စားသောက်တာမျိုးအလွန်အကျွံစားသုံးတာမျိုးကတော့ မသင့်တော်ပါဘူး။ ကလေးဝေယျာဝစ္စလုပ်ငန်းတွေကနေအားလပ်တဲ့အချိန်မျိုးမှာ ပင်ပန်းတကြီးမလုပ်ရတဲ့ ယောဂလို၊အေရိုးဗစ်လို လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးသင့်ပါတယ်။ ယောဂထဲမှာမှ asanas နဲ့ pranayama ကတော့ မီးဖွားပြီးတဲ့ ကိုယ်ခန္ဓာအတွက်အထူးသင့်တော်ပြီး ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ဖြစ်ပေါ်စေပါတယ်။ Ref: Thithtoolwinသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..