လူတိုင်းေ
ချွးထွက်
တတ်ကြပါတယ်။အဆိုးနေရာကတော့
ချိုင်
းပေါ့။ နည်းနည်းလေး မပူလိုက်နဲ့သူ ကချွေးထွက်တာအရင်။ ပြီးတော့လက်မြောက်လိုက်ရင်အင်္ကျီမျာ ချွေးတွေအကွက်လိုက်ပေပြီး ရုပ်ဆိုးစေသေးတယ်။ သေချာများ မလျှော်မိလိုက်လို့ကတော့ နောက်တစ်ခါ ပြန်ဝတ်တဲ့အခါ ချွေးလေးစို့လာတာနဲ့
ချိုင်းချွေးနံ
့နံတာ လူကြားထဲမသွားရဲလောက်အောင်ကို စိတ်ဆင်းရဲနေရတဲ့ Hello ပရိသတ်ကြီးရှိလား ။ ဒါဆိုရင်တော့ ဒီဆောင်းပါးကို လက်လွှတ်မခံသင့်ဘူးနော် ။
ချိုင်းချွေးနံ့ကို သဘာဝအတိုင်း ပျောက်အောင်လုပ်ပေးမယ့် နည်းလမ်းများ ။ ။
( ၁ )မုန့်ဖုတ်ဆော်ဒါ ။ ။
အနံ့အသက်ဆိုးတွေကို စုပ်ယူပေးတဲ့နေရာမှာ
မုန့်ဖုတ်ဆော်ဒ
ါလောက် ကောင်းတဲ့အရာတွေမရှိတော့ပါဘူး။ ဒါ့အပြင်
မုန့်ဖုတ်ဆိုဒါ
ဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုနဲ့အရေပြား pH ကိုလည်း ထိန်းညှိပေးတာကြောင့် ချိုင်းချွေးနံ့ နံနေတဲ့သူတွေအဖို့ မုန့်ဖုတ်ဆော်ဒါကအားကိုးစရာဖြစ်မှာပါ။ လုပ်နည်း - မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း၂ ဇွန်းလောက်ကို ရေနဲ့ရောဖျော်ပြီး
သံပရာသီ
းတစ်ခြမ်းလောက်ညှစ်ချလိုက်ပါ။ ဒီအရောအစပ်ကို ချိုင်းကြားထဲ သုတ်လိမ်းပြီး ၁၅ မိနစ် ခန့်ထားလိုက်ပါ။ ပြီးရင်ရေပြန်ဆေးချပါ။
( ၂ )ပန်းသီးရှာလကာရည် ။ ။
ဒီအက်ဆစ်ဓာတ်ရှိတဲ့
ပန်းသီးရှာလကာရည်
ဟာအရေပြားရဲ့ pH ကိုအပြောင်းအလဲဖြစ်စေပြီး ဘက်တီးရီးယားတွေနေလို့ မရအောင် လုပ်လိုက်တာကြောင့် ချိုင်းနံ့ဆိုးတွေကို ကင်းဝေးစေမှာပါ။ လုပ်နည်း - ပန်းသီးရှာလကာရည်ကို ရေနဲ့ရောလိုက်ပါ။ ဒါမှအက်ဆစ်ပြင်းအားလျော့သွားပါလိမ့်မယ်။ ရှာလကာရည်အနံ့စူးစူးက ပြင်းတာကြောင့် ရေချိုးခါနီး ၁၅ မိနစ်လောက်အလိုမှ
ာ ချိုင်းအောက်
မှာ သုတ်လိမ်းထားပါ။ပြီးမှ ရေချိုးပါ။
( ၃ )အရက်ပြန်။ ။
အရက်ပြ
န်ဟာ ဘက်တီးရီးယားပိုးတွေကိုသေစေပြီးေ
ချွးပေါက်
ကိုကျဉ်းစေတဲ့အာနိသင်ရှိတာကြောင့် ချိုင်းချွေးထွက်များခြင်းနဲ့ ချွေးနံ့နံခြင်းကို သက်သာစေမှာပါ။ ဒါ့ကြောင့် ချိုင်းကိုအရက်ပြန်လေးသုတ်လိမ်းပေးလည်းရပါတယ်။
( ၄ ) သံပရာသီး ။
သံပရာသီး
ရဲ့အချဉ်အက်ဆစ်ဓာတ်က
ဘက်တီးရီးယား
ပိုးတွေကိုသေစေပြီး သူ့ရဲ့ မွှေးပျံ့တဲ့အနံ့က ချိုင်းချွေးနံ့ နံတာကို သက်သာစေဦးမှာပါ။ ဒါ့အပြင်
သံပရာသီ
းရဲ့အစွန်းအထင်းတွေကို ချွတ်ပေးနိုင်တဲ့အာနိသင်ကြောင့် ချိုင်းကြားမဲနေတာလည်း သက်သာစေဦးမှာပါ။ လုပ်နည်း - လှီးထားတဲ့ သံပရာသီး တစ်ဝက်ကို ချိုင်းမှာ ပွတ်တိုက်ပေးပါ။ ၁၅ မိနစ်လောက်ထား ပြီးရင် ရေပြန်ဆေးချပါ။
( ၅ ) ချိုင်းမွှေးတွေကို ဖယ်ရှားပေးပါ ။
ချိုင်းမွှေ
းတွေအများကြီးရှိနေရင် ဘက်တီးရီးယားပိုးတွေပိုခိုအောင်လို့ကောင်းပြီး ချွေးထွက်လည်းများစေတတ်လို့ ချိုင်းချွေးနံ့ကို ပိုပြင်းစေပါတယ်။ ဒါ့ကြောင့် ချိုင်းမွှေးတွေကို မှန်မှန်ဖယ်ရှားပေးဖို့လိုတာပါ ။ ။ ကဲ ဒီလိုအကုန်အကျလည်းသက်သာအာနိသင်လည်းစွမ်းတဲ့ သဘာဝနည်းတွေအတိုင်း လိုက်လုပ်ကြည့်မယ်ဆိုရင်တော့အပြင်သွားခါနီးတိုင်း ချွေးထွက်မှာစိုးရိမ်နေရတဲ့ သောကတွေက ကင်းဝေးသွားမှာအသေအချာပါ ။ ။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။