အကြောပြတ်ရာတွေကို လုံးဝပျောက်ကင်းသွားစေမယ့် နည်းလမ်း (၄)မျိုး
shwemom.com
|
2019-05-03

ပျိုမေတို့မှာအကြောပြတ်ရာတွေအစင်းကြောင်းကြီးတွေရှိနေလို့ စိတ်မညစ်ပါနဲ့။အခုဖော်ပြပေးမယ့် နည်းလ မ်းလေးတွေကို ပုံမှန်လေးလုပ်ပေးရင် တစ်လအတွင်း ထူးခြားသိသာတဲ့ ရလဒ်ကို ရရှိမှာဖြစ်ပါတယ်။

(၁) Vitamin E




Vitamin E မှာ antioxidant ကြွယ်ဝစွာပါဝင်တာကြောင့် ဆဲလ်အသစ်ဖြစ်ပေါ်မှုကိုအားပေးတဲ့အပြင်အသားအ ရည်ကိုလည်း တင်းရင်းစေပါတယ်။ Vitamin E ကိုအကြောပြတ်တဲ့နေရာတွေမှာ နေ့စဉ်ပုံမှန်လိမ်းပေးခြင်းဖြင့် တစ်လအတွင်း သက်သာပျောက်ကင်းတာကို တွေ့ရမှာ ဖြစ်ပါတယ်။

(၂) သံပုရာရည်နဲ့ သခွားသီး
သံပုရာရည်နဲ့ သခွားသီးကို ရောစပ်ခြင်းကအကြောပြတ်ရာတွေ၊အစင်းကြောင်းတွေအတွက် တကယ်ကို ထိရော က်တဲ့ ဆေးစွမ်းတစ်လက်ဖြစ်ပါတယ်။ သခွားသီးကိုကြိတ်ပြီးအရည်ညှစ်ပါ။ ရလာတဲ့အရည်နဲ့ သံပုရာရည်နဲ့ကို ဆတူရောစပ်ပြီးအကြောပြတ်တဲ့ နေရာတွေကို လိမ်းလိုက်ပါ။ တစ်နာရီလောက်အကြာမှာ ရေဆေးလိုက်ပါ။

(၃) သံလွင်ဆီ သို့မဟုတ်အုန်းဆီ




သံလွင်ဆီနဲ့အုန်းဆီ နှစ်မျိုးစလုံးဟာအသားအရည်အတွက် ကောင်းမွန်ပြီးအကြောပြတ်ရာတွေကို ပျောက်ကင်းစေ တဲ့အစွမ်းရှိပါတယ်။ ညအိပ်ရာဝင်ခါနီးတိုင်းအသားထဲကို စိမ့်ဝင်အောင် လိမ်းပေးလိုက်ရုံနဲ့ တစ်လအတွင်း ထူးခြားေ ကာင်းမွန်တဲ့ ရလဒ်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

(၄)အာဟာရပြည့်စွာစားသောက်ခြင်း
တစ်ခါတလေအကြောပြတ်ရခြင်းအကြောင်းရင်းဟာအာဟာရ မလုံလောက်တာကြောင့်လည်း ဖြစ်နေတတ်ပါတယ်။အသားဓာတ်၊ Vitamin A,C,E တို့ကို လုံလောက်စွာ စားသုံးပေးခြင်း၊ ရေများများသောက်ပေးခြင်းဖြင့်လည်း သက် သာပျောက်ကင်းစေနိုင်ပါတယ်။

Em Em (shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်းအသိပေး ကြေညာအပ်ပါသည်။



Some text some message..