အိပ်တဲ့အခါသွားခဏခဏ ကြိတ်မိနေတတ်လား?…
trend.com.mm
|
2019-05-04

အိပ်တဲ့အခါသွားတကျိကျိနဲ့ကြိတ်တတ်လား?ကိုယ်တိုင်မဟုတ်ရင်တောင်ကြိတ်တဲ့သူကိုမြင်ဖူးကြားဖူးကြမှာပါ?


တကယ်တော့သွားကြိတ်တယ်ဆိုတာ ရောဂါတစ်ခုလိုပါပဲ။ ကိုယ်တိုင်တော့သိချင်မှသိနိုင်မှာပါဒါပင်မဲ့ကိုယ်နဲ့တူတူအိပ်တဲ့သူကတော့
နင်ဘယ်လောက်သွားကြိတ်ကြောင်း၊ ဘယ်လိုတွေသွားကြိတ်လို့သူတို့နားငြီးခဲ့ရကြောင်းတွေကိုပြောပြကြမှာပါ။ ဒီအခါကျရင်သင်ကတော့
ဟေ…ငါဟုတ်ရဲ့လား ဆိုတဲ့စိတ်နဲ့အံ့သြနေမိမှာအမှန်ပါပဲ။ ဆိုတော့ သွားကြိတ်ခြင်းဘာကြောင့်ဖြစ်သလဲပေါ့…








သွားကြိတ်တယ်ဆိုတာအထူးသဖြင့်ငယ်ရွယ်တဲ့ကလေးပိစိဘဝမှာပိုပြီးအဖြစ်များတတ်ကြတယ်လို့ဆိုပါတယ်။ ကလေးငယ်လေးဖက်ထောက်ဘဝမှာ သွားကြိတ်တာမျိုးပိုဖြစ်တတ်ပြီးအရွယ်ရောက်လို့ကြီးကောင်ဝင်တာနဲ့သွားကြိတ်တာကသက်သာသွားစေနိုင်တယ်လို့သိရပါတယ်။ဒါပင်မဲ့ ထင်သလိုအသက်ကြီးတဲ့သူတိုင်းမပျောက်ပါဘူး။အသက်၂၀ကျော်ကြီးကောင်ဝင်နေပြီဖြစ်တဲ့အရွယ်ရောက်သူတွေမှာပါ
ဒီသွားကြိတ်တဲ့ ကိစ္စကြီးကရှိနေတတ်ပါသေးတယ်။


ကလေးဘဝသွားကြိတ်တာကတော့သဘာဝတရားမို့လက်ခံလို့ရပင်မဲ့အရွယ်ရောက်ပြီးချိန်မှာရောဘာကြောင့်သွားကြိတ်တတ်ကြတာလဲ?
ဆိုတဲ့မေးစရာကိစ္စပေါ်လာပါပြီ…အရွယ်ရောက်ပြီးသားသူတွေအိပ်တဲ့အခါသွားကြိတ်တတ်တယ်ဆိုတာအထူးသဖြင့်စိတ်ပိုင်းဆိုင်ရာနဲ့သက်ဆိုင်တယ်လို့ဆရာဝန်တွေကမှတ်ချက်ပေးခဲ့ကြပါတယ်။ များသောအားဖြင့်စိတ်ဒေါသကြီးတဲ့သူတွေ၊ စိတ်ဖိစီးမှုများတဲ့သူတွေနဲ့၊ တစ်ခုခုကိုမသိစိတ်က စိုးရိမ်ပူပန်စိတ်များလွန်းနေသူတွေဟာအိပ်တဲ့အခါမှာ သွားကြိတ်တတ်ကြတယ်လို့ဆိုပါတယ်။ သွားကြိတ်ခြင်းကို ကုသလို့မရဘူးလားဆိုတော့..မဟုတ်ပါဘူးရပါတယ်။
သွားကြိတ်တတ်တဲ့သူဟာကိုယ်တိုင်စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်တွေကိုဖျောက်ပစ်ပြီး စိတ်ရောကိုယ်ပါအိပ်တတ်အောင်ကြိုးစားကြည့်ပါ။
နောက်တစ်နည်းကတော့ သွားကြိတ်တဲ့သူတွေသုံးလို့ရတဲ့ ပလတ်စတစ်သွားဖုံးတုလေး( Plastic mouth guard ) ကို ပါးစပ်ထဲထည့်ပြီးအိပ်ပေးခြင်းကလည်းသွားကြိတ်ခြင်းကိုသက်သာစေတယ်လို့သိရပါတယ်။









Unicode

အိပ်တဲ့အခါသွားတကျိကျိနဲ့ကြိတ်တတ်လား?ကိုယ်တိုင်မဟုတ်ရင်တောင်ကြိတ်တဲ့သူကိုမြင်ဖူးကြားဖူးကြမှာပါ?တကယ်တော့သွားကြိတ်တယ်ဆိုတာ ရောဂါတစ်ခုလိုပါပဲ။ ကိုယ်တိုင်တော့သိချင်မှသိနိုင်မှာပါဒါပင်မဲ့ကိုယ်နဲ့တူတူအိပ်တဲ့သူကတော့နင်ဘယ်လောက်သွားကြိတ်ကြောင်း၊ ဘယ်လိုတွေသွားကြိတ်လို့သူတို့နားငြီးခဲ့ရကြောင်းတွေကိုပြောပြကြမှာပါ။ ဒီအခါကျရင်သင်ကတော့ဟေ…ငါဟုတ်ရဲ့လား ဆိုတဲ့စိတ်နဲ့ အံ့သြနေမိမှာ အမှန်ပါပဲ။ ဆိုတော့ သွားကြိတ်ခြင်းဘာကြောင့်ဖြစ်သလဲပေါ့…သွားကြိတ်တယ်ဆိုတာအထူးသဖြင့်ငယ်ရွယ်တဲ့ကလေးပိစိဘဝမှာပိုပြီးအဖြစ်များတတ်ကြတယ်လို့ဆိုပါတယ်။ ကလေးငယ်လေးဖက်ထောက်ဘဝမှာ သွားကြိတ်တာမျိုးပိုဖြစ်တတ်ပြီးအရွယ်ရောက်လို့ကြီးကောင်ဝင်တာနဲ့သွားကြိတ်တာကသက်သာသွားစေနိုင်တယ်လို့သိရပါတယ်။ဒါပင်မဲ့ ထင်သလိုအသက်ကြီးတဲ့သူတိုင်းမပျောက်ပါဘူး။ အသက်၂ဝကျော်ကြီးကောင်ဝင်နေပြီဖြစ်တဲ့အရွယ်ရောက်သူတွေမှာပါဒီသွားကြိတ်တဲ့ ကိစ္စကြီးကရှိနေတတ်ပါသေးတယ်။ကလေးဘဝသွားကြိတ်တာကတော့သဘာဝတရားမို့လက်ခံလို့ရပင်မဲ့အရွယ်ရောက်ပြီးချိန်မှာရောဘာကြောင့်သွားကြိတ်တတ်ကြတာလဲ?ဆိုတဲ့မေးစရာကိစ္စပေါ်လာပါပြီ…အရွယ်ရောက်ပြီးသားသူတွေအိပ်တဲ့အခါသွားကြိတ်တတ်တယ်ဆိုတာ အထူးသဖြင့်စိတ်ပိုင်းဆိုင်ရာနဲ့သက်ဆိုင်တယ်လို့ဆရာဝန်တွေကမှတ်ချက်ပေးခဲ့ကြပါတယ်။ များသောအားဖြင့်စိတ်ဒေါသကြီးတဲ့သူတွေ၊ စိတ်ဖိစီးမှုများတဲ့သူတွေနဲ့၊ တစ်ခုခုကိုမသိစိတ်က စိုးရိမ်ပူပန်စိတ်များလွန်းနေသူတွေဟာ အိပ်တဲ့အခါမှာ သွားကြိတ်တတ်ကြတယ်လို့ဆိုပါတယ်။ သွားကြိတ်ခြင်းကို ကုသလို့မရဘူးလားဆိုတော့..မဟုတ်ပါဘူးရပါတယ်။သွားကြိတ်တတ်တဲ့သူဟာကိုယ်တိုင်စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်တွေကိုဖျောက်ပစ်ပြီး စိတ်ရောကိုယ်ပါ အိပ်တတ်အောင်ကြိုးစားကြည့်ပါ။နောက်တစ်နည်းကတော့ သွားကြိတ်တဲ့သူတွေသုံးလို့ရတဲ့ ပလတ်စတစ်သွားဖုံးတုလေး( Plastic mouth guard ) ကို ပါးစပ်ထဲထည့်ပြီးအိပ်ပေးခြင်းကလည်းသွားကြိတ်ခြင်းကိုသက်သာစေတယ်လို့သိရပါတယ်။သွားကြိတ်တာကိုပစ်ထာားရင်ကောဘာဖြစ်မလဲ?အရေးသိပ်မကြီးတဲ့ရောဂါလို့ထင်ရပင်မဲ့ မကုသပဲပစ်ထားတဲ့အခါ ကြာလာရင်သွားရဲ့အပေါ်ယံကြွေလွှာတွေပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့်သွား ကြိတ်တတ်လ ွန်းနေပြီဆိုရင် နီးစပ်ရာဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူသင့်ရင်ခံယူလိုက်ပါ။




Some text some message..