ဆေးလိပ်တစ်ခုတည်းကပဲအဆုတ်ကင်ဆာကို ဖြစ်စေတာလား။ ဆေးလိပ်မသောက်ဘဲနဲ့ရောအဆုတ်ကင်တာဖြစ်နိုင်လား ။။
hellosayarwon.com
|
2019-05-06

ဆေးလိပ် က 

အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို မြင့်တက်စေတယ်ဆိုတာအားလုံးသိပြီးဖြစ်မှာပါ။

ဆေးလိပ် ကအဆုတ်ကင်ဆာဖြစ်ပွားမှုကို ၉၀ ရာခိုင်နှုန်းဖြစ်စေတတ်တယ်ဆိုပေမယ့်အဆုတ်ကင်ဆာဖြစ်သူတိုင်းက ဆေးလိပ် သောက်တတ်တဲ့သူတွေ မဟုတ်ကြပါဘူး။ ဆေးလိပ်ကြောင့် မဟုတ်ဘဲ

အဆုတ်ကင်ဆာြ ဖစ်စေတဲ့အခြားအကြောင်းအရင်းတွေအများကြီးရှိပါသေးတယ်။ ။ လူနည်းစုလောက်ကပဲ ဆေးလိပ်သောက်ကြပေမယ့် ဆေးလိပ်မသောက်တဲ့အခြားသူတွေအဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်လာပါတယ်။အဆုတ်ကင်ဆာဖြစ်တဲ့လူ ၂၀ ရာခိုင်နှုန်းလောက်က ဆေးလိပ်မသောက်တဲ့သူတွေပါ။

အဆုတ်ကင်ဆာ ၃ မျိုးရှိပါတယ် ။ ။
squamous cell lung cancers-ေ

ဆးလိပ်သောက် သူတွေမှာ တွေ့ရတဲ့အဆုတ်ကင်ဆာ
adenocarcinomas - ဆေးလိပ်မသောက်သူတွေမှာ တွေ့ရတဲ့အဆုတ်ကင်ဆာ Squamous cell lung cancers  

- လေပြွန်ေ တွမှာဖြစ်တဲ့ကင်ဆာဖြစ်ပြီးအစောဆုံးတွေ့ရတဲ့ လက္ခဏာတွေကတော့ ချောင်ဆိုးတာ၊ေ

ချာင်းဆိုးသွေးပါ တာ ဖြစ်ပါတယ်။ Adenocarcinomas -အဆုတ်အပြင်ပိုင်းမှာဖြစ်တဲ့

ကင်ဆာ တစ်မျိုးဖြစ်ပြီး လက္ခဏာမပြဘဲအကြာကြီးရှိနေတတ်ပါတယ်။ သူ့ရဲ့လက္ခဏာတွေကတော့အသက်ရှူရကြပ်တာ၊ မောပန်းတာတွေအပြင် ကင်ဆာပြန့်သွားတဲ့နေရာ(အရိုးတို့ ၊ ဥ ီးနှောက်တို့) မှာ ဝေဒနာခံစားရတာ ဖြစ်ပါတယ်။ Bronchoalveolar carcinoma – adenocarcinomaအောက်ကအုပ်စုခွဲ တစ်ခုဖြစ်ပြီး ဆေးလိပ်မသောက်တဲ့အမျိုးသမီးတွေမှာအတွေ့များတဲ့ ကင်ဆာတစ်ခုပါ။

ဆေးလိပ်မသောက်ပေမယ့်အဆုတ်ကင်ဆာဖြစ်စေနိုင်သည့်အကြောင်းများ ။ ။


တစ်ဆင့်ခံဆေးလိ ပ်သောက်ခြင်း - ဆေးလိပ်ကို ကိုယ်တိုင်ဖွာတာမဟုတ်ပေမယ့် ဆေးလိပ်သောက်တဲ့သူနားမှာနေပြီး တစ်ဆင်

ခံဆေးလိပ်ငွေ့ ရှူရှိုက်တဲ့သူတွေဟာ ဆေးလိပ်ငွေ့ နဲ့မထိတွေ့တဲ့သူတွေထက် ၂၄ ရာခိုင်နှုန်းပိုပြီး ကင်ဆာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ မြေဆီလွှာဆီကနေ ထွက်လာတဲ့ ဓာတ်ငွေ့တွေဟာလည်း

အဆုတ်ကင်ဆာြ ဖစ်စေတဲ့အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ Asbestos exposure  - ကျောက်ဂွမ်းနဲ့ထိတွေ့ပြီး အလုပ်လုပ်ရတဲ့သူတွေမှာ mesothelioma လို့ခေါ်တဲ့အဆုတ်အပြင်လွှာ ကင်ဆာဖြစ်တတ်ပါတယ်။

ဆီကြော် ကနေထွက်တဲ့အညှော်နံ့တွေ -အကြော်ကြော်ရာကနေ ထွက်လာတဲ့ အညှော်နံ့ကလည်းအဆုတ်ကင်ဆာကိုဖြစ်စေတဲ့အကြောင်းအရင်းတစ်ခုပါ။

အဆုတ်ကင်ဆာ က မျိုးရိုးုလိုက်တဲ့ ကင်ဆာတစ်ခုဖြစ်တာကြောင့် အဆုတ်ကင်ဆာ မျိုးရိုးရှိရင်လည်း ကင်ဆာဖြစ်တတ်ပါတယ်။
လေထုညစ်ညမ်းတဲ့ ပတ်ဝန်းကျင်မှာနေရတဲ့သူတွေဟာလည်း ဆေးလိပ်မသောက်ဘဲနဲ့လည်းအဆုတ်ကင်ဆာဖြစ်နိုင်ချေများပါတယ် ။ ။

ဒါဆိုအဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ချေကို ဘယ်လို လျှော့ချကြမလဲ ။ ။
အိမ်မှာအပင်လေးတွေ စိုက်ပါ။အပင်လေးတွေကအိမ်ပတ်ဝန်းကျင်က

လေထုညစ်ညမ်းမှု ကို သန့်စင်ပေးပါလိမ့်မယ်။

ဆေးလိပ်သောက် တဲ့သူတွေ့ရင် သူတို့အနားလုံးဝမ သွားပါနဲ့။ ကျောက်ဂွမ်းတို့၊

ဓာတ်မြေသြဇာ တို့နဲ့ ထိတွေ့နေရတဲ့အလုပ်လုပ်နေရရင်လည်း နှာခေါင်းစည်းလိုမျိုးအကာအကွယ် တပ်ပြီးမှ ထိတွေ့ကိုင်တွယ်သင့်ပါတယ်။
မျိုးရိုးထဲအဆုတ်ကင်ဆာ ဖြစ်ဖူးသူရှိခဲ့ရင် တစ်နှစ်တစ်ခါလောက် ဆေးစစ်ပြီး မိမိမှာအဆုတ်ကင်ဆာ ရှိမရှိ စစ်ဆေးပါ။

Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။      




Some text some message..