လိပ်ခေါင်းရောဂါ သက်သာပျောက်ကင်းစေတဲ့ သဘာဝနည်းလမ်းများ
shwemom.com
|
2019-05-06




လိပ်ခေါင်းရောဂါကို ကုသပျောက်ကင်းစေနိုင်တဲ့ သဘာဝနည်းလမ်းကောင်းတွေကို Shwemom စာဖတ်ပရိသတ်တွေ ဝေမျှပေးချင်ပါတယ်။လိပ်ခေါင်းရောဂါကိုတော့အင်္ဂလိပ်လို Hemorrhoids (Piles လို့လဲ ခေါ်)ပါတယ်။လိပ် ခေါင်းရောဂါဖြစ်ရတဲ့အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ များသောအားဖြင့်တော့ ဝမ်းချုပ်တတ်တဲ့သူ၊အထိုင် များတဲ့ သူနဲ့အသီးအရွက်အစားနည်းတဲ့ သူမျိုးတွေမှာအဖြစ်များပါတယ်။


Mayo Clinic

။လိပ်ခေါင်းမှာမှအတွင်းလိပ်နဲ့အပြင် လိပ် ဆိုပြီး နှစ်မျိုးရှိပါတယ်။ရောဂါအရမ်းဆိုးရင်တော့ ခွဲစိတ်ကုသတာ၊ သားေ ရကွင်းစပွကုသနည်း၊ဆေးထိုးကုသ နည်း၊ လေဆာ နည်းတွေကို သုံးကြပါတယ်။ဒါပေမယ့် ရောဂါကအရမ်း မဆိုးေ သးဘူးဆိုရင်တော့အောက်မှာ ဖော်ပြထား တဲ့ သဘာ၀ နည်းလမ်းလေးတွေကို သုံးလို့ရပါတယ်။လိပ်ခေါင်းက စအို ထဲကို ပြန်ထည့်သွင်းလို့ မရတာ၊ထိုင် လို့ လုံး၀ မရတာ၊မခံမရပ်နိုင်အောင်အရမ်းနာနေတာမျိုးဆိုရင်တော့ ကျွမ်းကျင် တဲ့ ဆရာဝန်နဲ့ သေချာ ကုသ တာအကောင်း ဆုံးပါ။


(၁)ရေနွေးထိုင်နည်း(Sitz bath)


Post- gutlove

ဒီနည်းကတော့ လူတော်တော်များများသုံးတဲ့ နည်းလမ်းပါ။ခက်ခဲ မခက်ပဲ ငွေကုန်ကြေးကျလည်း လုံး၀ မများသလိုအရမ်း လည်း ထိရောက်တဲ့ ကုသနည်းပါ။လိပ်ခေါင်းတင်မဟုတ်ပဲ စအိုနဲ့ပတ်သက်လို့ တခြားရောဂါ တွေ ရှိရင် လည်း ဒီနည်းကို လုပ်ကြပါတယ်။လုပ်ရာမှာလည်းအရမ်းလွယ်ပါတယ်။အရင်ဆုံး ရေနွေးထိုင်ဖို့အတွက် သင့်တော်တဲ့ တင်ပါး မြုပ်အောင်ထိုင်လို့ရတဲ့ ရေဇလုံတစ်ခုကို ရှာပါ။ဘိုထိုင်အိမ်သာတွေနဲ့ ကွက်တိ ဖြစ်တဲ့ ရေနွေးထိုင်တဲ့ ဇလုံ လေးတွေ လည်း ရှိပါတယ်။ရေဇလုံထဲမှာ ရေနွေး(ကြက်သီးနွေးရုံ) ကို ထည့်ပါ။ရေနွေးကအရမ်းပူနေရင်အသားအရေ တွေ ပါ ရေနွေးပူလောင်နိုင်ပါတယ်။ကိုယ်ခံနိုင်သလောက်အပူလေးပဲ သုံးပါ။ပြီးရင်တော့ (၁၅) မိနစ် (သို့) မိနစ် (၂၀)လောက် တင်ပါးမြုပ်ရုံ ထိုင်ပေးရမှာပါ။ရေနွေးပဲ ထိုင်လို့ လည်း ရပါတယ်။ဆားခါး လက်ဖက်စားဇွန်း (၂) ဇွန်း (သို့) (၃) ဇွန်း လောက် ထည့်လို့လည်းရပါတယ်။တစ်နေ့ကို (၂)ကြိမ်ကနေ (၃)ကြိမ် ထိုင်ပေးပါ။တကယ်ကို ထိရောက်ပါတယ်။


Post- gutlove


(၂)ရေနွေးဝတ်ကပ်ပေးပါ


wikihow

သန့်ရှင်းတဲ့ ချည်သားအဝတ်စလေးကို ယူပါ။ပြီးရင်တော့အဲ့ဒီအဝတ်စကို ရေနွေးထဲ (အရမ်းပူစရာ မလို) ထည့် စိမ် ပေးပါ။ပြီးရင်တော့ လိပ်ခေါင်းပေါ်ကို ဖိပေးပါ။အားသုံးပြီးအရမ်းကြီးဖိစရာ မလိုပါဘူး။(၁၀)မိနစ် (၁၅)မိနစ် လောက် ဖိအုပ်ပေးထားပါ။ဒီနည်းကိုေတော့ တစ်နေ့မှာ (၄)ကြိမ် (၅)ကြိမ်လောက် လုပ်လို့ရပါတယ်။


(၃)ရေခဲကပ်ပေးပါ


wikihow

 

နောက်တစ်နည်းကတော့ ရေခဲကပ်ပေးတဲ့ နည်းပါ။ဒီနည်းကတော့ လိပ်ခေါင်းကိုအယောင်ကျစေပါတယ်။ရေခဲ တုံး လေးကို သန့်ရှင်းတဲ့အဝတ်စလေးနဲ့ ပတ်ပါ။ပြီးရင်တော့ တစ်ကြိမ် ကို (၅)မိနစ်(၁၀)မိနစ်လောက် လိပ်ခေါင်းကို ကပ် ပေးပါ။


(၄)အစိုဓါတ်ပါတဲ့အိမ်သာသုံးစက္ကူ၊Baby Wipes တစ်ရှူးကို သုံးပါ


wikihow

လိပ်ခေါင်း နာကျင်ရောင်ရမ်းနေတဲ့အချိန်မှာတော့အိမ်သာသုံးစက္ကူကြမ်းတွေကို မသုံးပါနဲ့။အိမ်သာတက်ပြီး တိုင်း မှာ ၊Baby Wipes တစ်ရှူး တွေကို သုံးတာ၊အစိုဓါတ်ပါတဲ့အိမ်သာသုံးစက္ကူကိုသာ သုံးပေးပါ။ဒါကလည်း လိပ် ခေါင်း ရောဂါကိုအမြန်ဆုံး ပျောက်ကင်းစေဖို့အထောက်အကူပြုစေပါတယ်။သေချာဂရုစိုက်ပေးပါ။


#လိပ်ခေါင်းရောဂါ မဖြစ်အောင် ဘာတွေ ရှောင်ရ၊ဆောင်ရမလဲ

-အိမ်သာမှာအကြာကြီး ထိုင်တာ မျိုးကို ရှောင်ပါ

–အထိုင်များတာကို ရှောင်ပါ။ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပုံ မှန်လုပ် ပေးပါ။


Well-Being Secrets

-အိမ်သာတက်ချင်(ဝမ်းသွားချင်)လာရင်အောင့်မထားပါနဲ့။ချက်ချင်းတက်ပါ။

-ရေများများသောက်ပါ။အမျှင်ဓါတ်ပါတဲ့အသီးအရွက်တွေကို များများစားပါ။ဝမ်းချုပ် မခံပါနဲ့။ဝမ်း မှန်အောင် ဂရုစို်က်ပါ။

Source: wiki




Some text some message..