အချိုရည်သောက်သုံးခြင်းကြောင့် နှစ်စဉ် လူ ၁ သိန်း ၈ သောင်းခန့် သေဆုံးနေ
healthcare.com.mm
|
2019-05-06


sugar drink လို့ခေါ်တဲ့အချိုရည်သောက်သုံးခြင်းဟာအဝလွန်ခြင်း၊ သွေးချိုဆီးချို၊ နှလုံးသွေးကြောနှင့် ကင်ဆာရောဂါများဖြစ် ပွားမှုနှင့် ဆက်စပ်လျက်ရှိသည်။ လူတစ်ယောက်သည် sugar drink များကို တစ်ပတ်လျှင် ၄၅ဝ ကယ်လိုရီ ထက်ပို၍ မသောက်သုံးသင့်ကြောင်း American Heart Association (AHA) မှအကြံပြုထားသည်။ ထိုပမာဏသည် 12oz cola သုံးဘူး ထက်လျော့နည်းနေလေသည်။ လူငယ်များအချိုရည်သောက် သုံးခြင်းသည် နာတာရှည်ရောဂါများ ဖြစ်ပွားရန်အခွင့်အလမ်းပိုများနေသည်။ sugar drink များသောက်သုံးခြင်းကြောင့် နှစ်စဉ် ကမ္ဘာပေါ်တွင် ၁၈၄ ၄၅ဝ ယောက်ခန့် သေဆုံးပြီးအဖြစ်အများဆုံးရောဂါမှာ ဆီးချိုရောဂါဖြစ်ကာ နှလုံးရောဂါနှင့် ကင်ဆာရောဂါများလည်း ဖြစ်ကြသည်။ လူငယ်များကြား ထိုကဲ့သို့သော ရောဂါများဖြစ်ပွားခြင်းသည် နိုင်ငံတစ်နိုင်ငံချင်းဆီ၏ လုပ်အား၊ ထုတ်လုပ်မှုနှင့် စီးပွားရေးအပေါ်တွင် ဆိုးကျိုးသက်ရောက်မှု ကြီးမားနိုင်ပြီး ပြည်သူ့ကျန်းမာရေးအန္တရာယ်အဖြစ် ရှုမြင်သင့်သည်ဟု Prof.Singh မှ ပြောကြားခဲ့ပါသည်။ ထို့အပြင်ဝင်ငွေအနည်းပါးဆုံးနှင့်အလယ်အလတ် ပမာဏရှိသော နိုင်ငံများတွင်အဆိုပါရောဂါ ဖြစ်ပွားမှုနှုန်းမှာ ပို၍များကြောင်း၊ ကမ္ဘာ့နိုင်ငံအများစုတွင် သေဆုံးမှုများထဲမှ ပမာဏတော်တော်များများသည် နေ့စဉ်စားသုံးမှုပုံစံထဲမှ sugar စားသုံးမှု များခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအန္တရာယ်အဖြစ် သတ်မှတ်သင့်ပါကြောင်း sugar ပါဝင်သောအချိုရည်အများစုသည် ကျန်းမာရေးအတွက် မကောင်းဘဲ သောက်သုံးမှုလျော့ချခြင်းသည်သာလျှင်အကောင်းဆုံးဖြစ်ကြောင်း Prof. Singh မှအကြံပြုခဲ့ပါသည်။  Dr. A.Z Ref: Medical News Today Health Updates Journal No. 177   သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..