ကံမကောင်းစွာနဲ့အသက်အငယ်ဆုံးမိခင်ဖြစ်ခဲ့ရရှာတဲ့ ၅ နှစ်အရွယ်သမီးလေးအကြောင်း
shwemom.com
|
2019-05-06

အသက်ခပ်ငယ်ငယ်နဲ့မိခင်ဖြစ်ရတာဟာ များသောအားဖြင့် ဆယ်ကျော်သက်အရွယ်တွေမှာဖြစ်လေ့ဖြစ်ထရှိပမေယ့် Lina ဆိုတဲ့ မိန်းကလေးအတွက်ကတော့အသက် ၅ နှစ်အရွယ်မှာတင် သွေးသားတစ်ယောက် မွေးပြီးခဲ့ပြီဖြစ်ပါတယ်။

Lina ဟာ ပီရူးသူတစ်ယောက်ပါ။ ၁၉၃၃ ခုနှစ်မှာ ဆင်းရဲပြီးအြခေခံမိသားစုမှပေါက်ဖွားခဲ့တာပါ။ Andes ရွာလေးမှာ နေထိုင်ရင်းအသက် ၅ နှစ်အရွယ်လောက်ကျတော့ Lina ရဲ့ ဝမ်းဗိုက်ဟာ တဖြည်းဖြည်းနဲ့ ဖောင်းလာတာကို Lina ရော သူမမိခင်ပါသတိထားမိခဲ့ကြပါတယ်။ နောက်ပြီး Lina ကလည်း ဗိုက်ခဏခဏနာတယ်လို့ ပြောပြောနေတဲ့အတွက် မတတ်နိုင်တဲ့ကြားထဲကမှ ဆရာဝန်ဆီသွားပြခဲ့ပါတယ်။


The Sun

ဆေးရုံမှ Lina ကိုအသားလုံးသို့မဟုတ်အကျိန်ဖြစ်တယ်လို့ ထင်နေကြပေမယ့်လည်း တကယ်တမ်းစစ်ဆေးကြည့်တဲ့အချိန်မှာတော့ ထူးဆန်းစွာနဲ့ပဲ Lina မှာ ကိုယ်ဝန် ၇ လတောင်ရှိနေပြီဆိုတာ သွားသိခဲ့ရပါတယ်။


The Sun

ဒီအကြောင်းမိခင်ကိုပြောပြတော့ သမီးလေးဟာ ၃ နှစ်အရွယ်လောက်ကတည်းက သွေးစလေးတွေစဆင်းနေခဲ့ပေမယ့် ငယ်လွန်းတဲ့အတွက်အပျိုဖော်ဝင်ပြီးရာသီသွေးဆင်းတာမှန်းမသိခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ တကယ်တော့ Lina လေးရဲ့ မျိုးပွားအင်္ဂါတွေဟာ စောလွန်းပြီးဖွံ့ဖြိုးခဲ့တဲ့အတွက်အခုလိုမျိုး စောစီးစွာအရွယ်ရောက်ခဲ့တာဖြစ်ပါတယ်။


The Sun

ကိုယ်ဝန်ရှိမှန်းသိသိပြီး နောက်ရသတ္တပတ်အနည်းငယ်မှာပဲ မီးဖွားခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှာ မီးဖွားခဲ့ပြီး သားဦးလေးဟာ ကိုယ်အလေးချိန် ၆ ပေါင်ရှိခဲ့ကာ ကိုယ်လက်အင်္ဂါစုံစုံလင်လင် ကျန်းကျန်းမာမာနဲ့ပါပဲ။ Lina ကို တာဝန်ယူကာမီးဖွားပေးခဲ့တဲ့ ဆရာဝန်ရဲ့နာမည်ကိုယူကာ Gerardo လို့ နာမည်ပေးထားခဲ့ပါတယ်။


The Sun

မီးဖွားစဉ်သိလိုက်ရတာက Lina ရဲ့အတွင်းကမျိုးပွားအင်္ဂါအစိတ်အပိုင်းတွေဟာ သာမန်အရွယ်ရောက်ပြီသား မိန်းကလေးတစ်ယောက်လို ဖွံ့ဖြိုးနေတာကိုပါပဲ။ Lina နဲ့သာလေး Gerardo တို့ဟာအသက် ၅ နှစ်သာ ကွာခြားခဲ့တာပါ။ ကလေးလေးမွေးပြီး မကြာခင်မှာပဲ Lina ကိုအဓမ္မပြုကျင့်တယ်လို့အနီးစပ်ဆုံးယူဆရတဲ့ Lina ရဲ့ ဖခင်ကို သက်ဆိုင်ရာမှဖမ်းဆီးကာ စစ်ဆေးမေးမြန်းခဲ့ပါတတယ်။ သို့ပေမယ့်လည်း မကြာခင်မှာပြန်လွှတ်ပေးခဲ့ကာအမှုဟာဒီအတိုင်းပိတ်သိမ်းပစ်ခဲ့ရပါတယ်။


The Sun

Gerardo လေးဟာအသက် ၁၀ နှစ်အထိ Lina ကိုအစ်မအရင်းတစ်ယောက်လို့သာ သိထားခဲ့ပေမယ့် ၁၀ နှစ်ကျော်ပြီးသိတတ်စအချိန်မှာတော့ Lina ဟာ မိခင်တစ်ယောက်လို့ ဖွင့်ပြောပြခဲ့ပါတယ်။ Lina ဟာနောက်ပိုင်းမှာတော့ သာမန်ဘဝနဲ့သာနေခဲ့ပီး ၁၉၇၀ ခုနှစ်လောက်မှာမှာ Raul ဆိုတဲ့အမျိုးသားတစ်ယောက်နဲ့အိမ်ထောင်ကျကာအသက် ၃၉ နှစ်မှာ နောက်ထပ် ကလေးတစ်ယောက်ကို ထပ်မွေးခဲ့ပါတယ်။


The Sun

Lina ဟာအခုအချိန်အထိ ပီရူးမှာရှိနေသေးပေမယ့်လည်း သူမရဲ့အကြောင်းအပြည့်အစုံကိုတော့အေးအေးဆေးဆေးနေချင်တဲ့အတွက် ဘယ်သူ့ကိုမှ ပြောပြခဲ့ခြင်းမရှိပါဘူး။အသက် ၈၅ နှစ်နဲ့ ကျန်းကျန်းမာမာနေနေသေးပေမယ့် သားဖြစ်သူ Gerardo ကတော့ ၁၉၇၉ ခုနှစ်၊အသက် ၄၀ မှာအရိုးဝဒနာနဲ့အသက်ဆုံးရှုံးသွားခဲ့ပါတယ်။


Source: The Sun


Penny




Some text some message..