သင့်ကလေးက ‘W’အက္ခရာပုံစံမျိုး ထိုင်လေ့ရှိတယ်ဆို …အလွန်စိုးရိမ်ဖို့ ကောင်းပါတယ်
shwemom.com
|
2019-05-06




ကျွမ်းကျင်သူပညာရှင်တွေက ကလေးတွေ ထိုင်လေ့ရှိတဲ့ Wအက္ခရာပုံစံထိုင်နည်းကို လုံးဝအားမပေးဘဲ၊ သင့်ကလေးအနေနဲ့ရော၊အခြားသူများရဲ့ ကလေးအနေနဲ့ ဒီလိုပုံစံမျိုး ထိုင်နေပြီဆိုရင် ချက်ချင်း တားမြစ်သင့်ကြောင်းအကြံပေးခဲ့ပါတယ်။


အကြောင်းကတော့ ငယ်တုန်းမှာ ဒီပုံစံနဲ့ထိုင်နည်းဟာအခြားသက်ရောက်မှုတွေ မသိသာသော်လည်းအသက်ကြီးလာတဲ့အခါမှာ ဆိုးရွားလွန်းတဲ့ ဒဏ်ကို ခံရလိမ့်မယ်လို့ ပညာရှင်တွေက ပြောပါတယ်။ Pediatric Therapy Center က ဒီကိစ္စအတွက်အတော်လေး စိုးရိမ်နေပါတယ်။


YouTube


အဆိုပါစင်တာက ကလေးတော်တော်များများဟာ ဒီထိုင်နည်းကိုအလွန်သဘောကျလေ့ရှိပါတယ်။အားသာချက်ကတော့ သူတို့ ခန္ဓာကိုယ်ဟန်ချက်ကို တည်ငြိမ်အောင် ထိန်းညှိပေးနိုင်သလို၊ ကစားရတာ၊ ပုံဆွဲရတာမျိုးအတွက်အတော်လေး သက်တောင့်သက်သာ ဖြစ်စေပါတယ်။


ဒါပေမယ့် Women’s Health ရဲ့အဆိုအရ ဒီလိုထိုင်ခြင်းဟာ၊အထူးသဖြင့်အသက်(၂)နှစ်နောက်ပိုင်း ဒီလိုထိုင်ခြင်းဟာ ကလေးတွေလိုအပ်တဲ့အဓိကစွမ်းအင်ဖွံ့ဖြိုးမှုကိုအလွန်အနှောက်အယှက်ပေးပြီး၊ ပြေးခြင်း-ခုန်ခြင်းအစရှိတဲ့ မြန်နှုန်းနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေမှာအားနည်းချက်တွေ များစွာရှိလာမှာပါ။







ဒါ့အပြင် ဒီလို W ပုံစံထိုင်ခြင်းက ကလေးတွေရဲ့ ခြေထောက်အတွင်းက ပေါင်ခြံကြွက်သားတွေ၊ ခြေဒကောက်ကြောအတွင်းက ကြွက်သားတွေ၊ ခြေကျင်းဝတ်ကြွက်သားတွေကိုအထူးအနှောက်အယှက်ပေးပြီး၊ တင်ပါးအတွင်းက Joint တွေ ထိခိုက်နိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။


နောက်ဆက်တွဲအခြေအနေကတော့ Pigeon-toed လို့ခေါ်တဲ့ ခြေအတွင်းကို ခွင်ခြင်းအစရှိတဲ့ ရောဂါကို ကလေးတွေအရွယ်မတိုင်ခင် ခံစားရဖို့ရှိတာကြောင့် ကလေးတို့အနာဂတ်ရှေ့ရေးအတွက် W ပုံစံ ထိုင်ခြင်းကို သိသိခြင်းအမြန်တားမြစ်ဖို့ လိုကြောင်း ပြောလိုက်ချင်ပါတယ်။


လင်းဇော်ကို (Shwemom)


Source : unilad.co.uk




Some text some message..