အရွယ်တင်နုပျိုးခြင်းရဲ့ လျှို့ဝှက်ချက် ၁၀ ချက် (ဂျပန်နည်းလမ်း)
popolay.com
|
2019-05-06
ဂျပန်အမျိုးသမီးတွေဟာ ဘယ်အသက်အရွယ်ပဲ ရောက်ရောက်အများအားဖြင့် ခန္ဓာကိုယ် သွယ်လျပြီး ရုပ်ရည်လေးတွေကအရွယ်တင်နုပျိုနေတာကို သတိထားမိကြမယ်ထင်ပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့နောက်ကွယ်မှာအလှအပနဲ့ ပက်သက်ပြီး ဂျပန်ရိုးရာ ရှေးဟောင်းလျှိုဝှက်ချက် တစ်ခုခုရှိလိမ့်မယ်လို့ ထင်ပါတယ်။

ဒါပေမယ့် တစ်ကယ်တော့ လျှို့ဝှက်ချက် မဟုတ်ပါဘူး သူတို့ရဲ့ စားသောက်ပုံ၊ နေထိုင်သွားလာပုံတွေကြောင့်သာအခုလိုအရွယ်တင်နုပျိုနေကြတာဖြစ်ပါတယ်။ ဂျပန်အမျိုးသမီးတွေလိုအရွယ်တင်နုပျိုချင်သူတိုင်းအောက်ပါအချက် (၁၀)ချက်ကို မိမိရဲ့ နေ့စဉ်ဘဝထဲမှာအတုယူပြီး ပြုမူနေထိုင်လိုက်ရုံနဲ့ ငွေကြေးကုန်ကျခြင်းမရှိပဲအမြန်ဆုံးအရွယ်တင်နုပျိုလာကြပါလိမ့်မယ်။



၁။အစိမ်းရောက်လက်ဖက်ရည် Green Tea သောက်သုံးခြင်း
IMG

ဂျပန်တွေဟာ Green Tea ကိုအမြဲပုံမှန် မြတ်မြတ်နိုးနိုးနဲ့ သောက်လေ့ရှိပါတယ်။ Green tea ဟာအရည်အသွေးမြင့် လက်ဖက်ရွက်အကောင်းစားတွေနဲ့ လုပ်ထားပြီး လက်ဖက်ခြောက် ဒါမှမဟုတ်အမှုန့်အနေနဲ့ ရရှိနိုင်ပါတယ်။

Green Tea မှာ ကျန်းမာရေးအတွက်အကျိုးများစေမယ့် သဘာဝဓာတ်တွေအပြင် ခန္ဓာကိုယ်ကို စောင့်ရှောက်ကာကွယ်တဲ့အင်တီအောက်ဆီဒင့် ပြည့်ဝစွာပါဝင်လို့ ခန္ဓာကိုယ်ကို ရောင်ခြည်သင့်ဒဏ်ကနေ ကာကွယ်ပေးပါတယ်။ ဒါကြောင့်အသားအရေနဲ့ ကိုယ်အလေးချိန်ကျဆို့ဆိုရင် Green Tea ကအထောက်အကူပေးနိုင်ပါတယ်။



၂။အချဉ်ဖောက်ထားတဲ့ ဟင်းလျာ စားသုံးခြင်း

IMG

ကွန်ဘူချာ၊ ကင်မ်ချီ၊ မီဆိုအစရှိတဲ့အချဉ်ဖောက်ထားတဲ့ ဂျပန်ရိုးရာအစားအသောက်တွေကလည်း ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ ကူညီပေးပါတယ်။ သန့်ရှင်းလတ်ဆတ်စွာအချဉ်ဖောက်ထားတဲ့ စားစရာတွေကအစာချေစနစ်ကိုအားကောင်းပြီးအဆီတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်ထဲကအဆိပ်တွေကိုလည်း စွန့်ထုတ်ပေးပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်အလားတူအချဉ်ဖောက်ထားတဲ့အစားအစာတွေအပြင် မန်ကျည်းရွက်၊ ကင်ပွန်းချဉ်ရွက်ကဲ့သို့သော ရာသီပေါ် ဟင်းသီးဟင်းရွက်တွေကိုပါ ဟင်းလျာအဖြစ် စီမံချက်ပြုတ်စားနိုင်ပါတယ်။




၃။ ပင်လယ်စာကို ဦးစားပေးစားခြင်း

IMG

ဂျပန်လူမျိုးတွေဟာ ခြေလေးချောင်းအနီရောင်ရှိတဲ့အသားတွေထက်စာရင် ပင်လယ်စာကို ဦးစားပေးစားကြသူတွေဖြစ်ပါတယ်။အသားတွေဟာ နှလုံးသွေးကြောပြသနာနဲ့ ရောင်ရမ်းနာတွေကိုအားပေးတတ်တဲ့ သဘာဝရှိပါတယ်။
ဒါ့အပြင် ပင်လယ်စာတွေနဲ့ တွဲဖက်ပြီး ဆန်နဲ့ ခေါက်ဆွဲတို့ကို စားသောက်ခြင်းကလည်း လုံလောက်ပြီးအရည်အသွေးမြင့်တဲ့ ပရိုတိန်းဓာတ်တွေ ရရှိတာကြောင့် ကျန်းမာရေးအတွက် ကောင်းပါတယ်။

ငါးတွေမှာပါတဲ့အိုမီဂါ၃ ကအသားအရေ ကျန်းမာရေးအတွက်အထူးကောင်းမွန်ပြီးအရေပြားကင်ဆာ ဖြစ်ပွာခြင်ကနေ ကာကွယ်ပေးပါတယ်။




၄။ တစ်ခါပြင် နည်းနည်း

IMG

ဂျပန်စတိုင်အကန့်လေးတွေပါတဲ့ သစ်သားဗူးလေးနဲ့အစားအသောက်မှာ တစ်ယောက်စာအတွက် တစ်ခါပြင်နည်းနည်းသာ ထည့်ထားတာကို တွေ့ဖူးကြပါလိမ့်မယ်။ တစ်ခါထဲနဲ့အဝအပြဲစားတာထက် တစ်ခါပြင် နည်းနည်း စားတာက ကိုယ်အလေးချိန် တက်မလာအောင် ထိန်းထားနိုင်ပါတယ်။

ဒါကြောင့်မို့ သူ့တို့ရဲ့ ထမင်းတွေ ဟင်းတွေကို ပုဂံသေးသေးလေးတွေနဲ့ ထည့်ပြီး တည်ခင်းတတ်ပါတယ်။ ကြည့်လိုက်ရင် နဲတယ်လို့ မထင်ရသလို ဂျပန်ရိုးရာ ထမင်းဝိုင်းရဲ့အလှအပကိုလည်း ပေါ်လွင်စေပါတယ်။




၅။ လမ်းလျှောက်တဲ့အလေ့

IMG

ဂျပန်တွေဟာ လမ်းအင်မတန်လျှောက်တဲ့ လူမျိုးတွေဖြစ်ပါတယ်။အမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ် နေ့စဉ် သူတို့လုပ်နေကျအလုပ်မှာ လမ်းလျှောက်တဲ့အလုပ်အမြဲရှိနေပါတယ်။ ဂျပန်တွေဟာ သူတို့ရဲ့ ကားကိုအိမ်ရှေ့ ထိုးစိုက်ရပ်ပြီးအိမ်ထဲ ဝင်သွားလေ့မရှိပါဘူး။ ကားကိုအိမ်နဲ့ ခပ်လှမ်းလှမ်းက ပါကင်မှာ ရပ်ထားခဲ့ပြီးအိမ်ကို လမ်းလျှောက်ပြန်လေ့ရှိပါတယ်။ လမ်းလျှောက်ခြင်းဟာ ခန္ဓာကိုယ် သွယ်လျဖို့အထောက်အကူဖြစ်ပါတယ်။

ဒါ့အပြင် လမ်းလျှောက်ခြင်းကြောင့် စိတ်ဖိစိမှုးလျော့ကျစေပြီး ပျော်ရွှင်တဲ့စိတ်ကို မြင့်တက်စေကာအသက်ရှည်စေပါတယ်။ ဂျပန်ကျောင်းသား ကလေးတွေဟာ ကျောင်းကို လမ်းလျှောက်ပြီး သွားလေ့ရှိပါတယ်။




၆။အလျှင်စလိုအစာမစားခြင်း (သို့)အစာစားစဉ်အခြားဘာမှမလုပ်ခြင်း

IMG

ဂျပန်ရိုးရာဓလေ့မှာအစားအသောက်စားတာကအရမ်းကိုအရေးပါတဲ့အခန်းကဏ္ဍဖြစ်ပါတယ်။ သူတို့တွေ စားသောက်ကြတဲ့အခါအချိန်ယူပြီးအေးအေးဆေးဆေး စားတတ်ကြပါတယ်။ ထမင်းစားနေရင်းနဲ့ တီဗီကြည့်တာ၊ ဟိုထသွား ဒီထသွား မလုပ်ကြပါဘူး။အစားအသောက်ကိုပဲအာရုံစိုက်ပြီး ဖြေးဖြေးဆေးဆေး စားကြတဲ့အတွက်အဟာရလည်း ပိုဖြစ်ပါတယ်။

အစားအစာကို ဖြေးဖြေး ကြေညက်အောင် ဝါးစားခြင်းဖြင့်အစာအိမ်ကိုအစာချေဖို့အချိန်ကောင်းကောင်းရတယ်လို့ ဂျပန်တွေက ဆိုလေ့ရှိပါတယ်။ ဒါကြောင့်မို့ ထမင်းအလုပ်ကို သေးသေးယူအချိန်ပေးပြီး ကြာကြာဝါးစားတာကအစာကြေလွယ်သလိုအများကြီးလည်း မစားဖြစ်တော့ပါဘူး။




၇။ ကျန်းမာရေးနဲ့ ညီညွတ်စွာချက်ပြုတ်ခြင်း

IMG

ဂျပန်တွေဟာအစားအသောက်ကို ကျန်းမာရေးနဲ့ ညီတာပဲ ရွေးစားတာတင်မကပဲ ချက်ပြုတ်တဲ့နေရာမှာလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် ဂရုစိုက်ပါတယ်။ ဂျပန်အစားစာမှာအကြွပ်ကြော်ထားတဲ့အစားအသောက် တွေ့ရတာနည်းပါတယ် (တန်ပူရာတွေကလွဲရင်)။ ကင်ရင် ကင် မကင်ရင် သေချာပြင်ဆင်ပြီးအစိမ်းစားကြတာမို့အဟာရကိုအစားအသောက်ကနေအပြည့်အဝ တိုက်ရိုက် ရရှိပါတယ်။

၈။ ကိုယ်ခံပညာလေ့ကျင်းခြင်း
ကိုယ်ခံပညာ ကစားရတာကို ဂျပန်အမျိုးသားရောအမျိုးသမီးတွေကပါအလွန်စိတ်ဝင်စားကြပါတယ်။ ဂျပန်ကိုယ်ခံပညာအဖြစ် ဂျူဒို၊အာကီဒို၊ ကာရာတေး စသည်ဖြင့် ရှိကြပါတယ်။ ကိုယ်ခံပညာ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းက ကြွက်သားတွေကို သူ့နေရာနဲ့သူ သန်မာစေပြီး၊အဆီကျအသားကျစ်လစ်ကာ ကျန်းမာရေးကောင်းစေပါတယ်။




၉။ ရေပူစမ်းမှာ ရေချိုးခြင်း

IMG

မီးတောင်ပေါများတဲ့အတွက် ဂျပန်ရဲ့ နေရာအနှံ့မှာ ရေပူစမ်းတွေရှိကြပါတယ်။ သဘာဝ ရေပူစမ်းချိုးခြင်းကြောင့် တွင်းထွက်သဘာဝသတ္တုဓာတ်တွေကိုအရေပြားက ခံစားရရှိပြီးအသားအရည်ကြည်လင်ကာ ပူနွေးနွေးအာနိသင်ကြောင် သွေးလှည့်ပတ်မှုကောင်းလာပြီး ခန္ဓာကိုယ်တွင်းအောက်ဆီဂျင် လှည့်လည်မှုကောင်းစေပါတယ်။
စိတ်ဖိစီးမှုလျော့ကျစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတဲ့အတွက် ကျန်းမာရေးအတွက်အများကြီးအထောက်အကူပြုပါတယ်။ ရေပူစမ်းမရှိတဲ့ နေရာမှာတော့ ရေနွေးစက် ဒါမှမဟုတ် ရေနွေးစပ်ပြီး ရေချိုးပေးခြင်းဖြင့်အလာတူနီးပါးအာနိသင် ရရှိစေမှာပါ။




၁၀။ ကျန်မာရေးနဲ့ ညီညွတ်တဲ့အချိုပွဲစားခြင်း

IMG

ထမင်းစားပြီးတဲ့အခါ သကြားလုံးနဲ့အချိုအရသာရှိတဲ့ မုန့်တွေကို ဂျပန်စားသောက်ဝိုင်းတွေမှာ တွေ့ရမှာ မဟုတ်ပါဘူး။ ဒါတွေက လူကို ဝ လာစေနိုင်ပါတယ်။
ဒီလိုအချိုမုန့်တွေအစား ဂျပန်တွေကအချိုပွဲကို သဘာဝသစ်သီးတွေနဲ့ ပြင်ဆင်ပါတယ်။အချိုစားချင်တဲ့အခါမှာလည်း ကန်စွန်းဥ၊ ပြောင်းဖူး၊ မုန်လာဥနီ(ခါကြက်ဥ)လို ချိုတဲ့အရသာရှိတဲ့အသီးနှံတွေကိုသာ စားလေ့ရှိပါတယ်။

အချုပ်အားဖြင့်ဆိုရသော်အသားထက် ငါးကို ဦးစားပေးကာ တစ်ခါပြင်နည်းနည်း ပုံစံနဲ့ စားသောက်ကြပါတယ်။ ဘသာဝအတိုင်းမဟုတ်တဲ့အချိုရှောင်ကာ Green Tea ကို မှန်မှန်သောက်ပြီး လမ်းမှန်မှန်လျှောက်ကာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့ကိုလည်း မပျက်ကွက်တာကြောင့် ဂျပန်အမျိုးသမီးတွေဟာအသက်ရလာပေမယ့်အရွယ်တင်နုပျိုကျန်းမာနေကြတာပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ ပြုမူစားသောက်နေထိုင်ပုံကိုအနီးစပ်ဆုံး ပုံတူယူပြီး မိမိရဲ့ နေ့စဉ်နေထိုင်မှု ပုံစံကို ပြောင်းလဲလိုက်မည်ဆိုပါက ဂျပန်အမျိုးသမီးတွေလိုအရွယ်တင်နုပျိုကြမှာ မလွဲပါဘူး။




Some text some message..