သင့်ကျန်းမာရေးကို ဒီလိုလွယ်ကူတဲ့နည်းလမ်းလေးတွေနဲ့ဂရုစိုက်ကြမယ်
trend.com.mm
|
2019-05-06




ကျန်းမာရေးကိုဂရုတစိုက်ထိန်းသိမ်းဖို့အချိန်တွေ၊ငွေတွေအများကြီးမလိုအပ်ပါဘူးလက်တွေ့ဘဝမှာရှင်သန်နေထိုင်ရင်းနဲ့ပဲအလေ့အကျင့်ကောင်းတွေမွေး
မြူမယ်။ကျန်းမာရေးဗဟုသုတလေးရှိမယ်ဆိုရင်ကို ကျန်းမာရေးကိုထိန်းသိမ်းပြီးသားဖြစ်စေပါတယ်။အထူးသဖြင့် ဒီနည်းလေးတွေကိုသိထားမယ်ဆိုရင်
ကျန်းမာရေးအတွက်ပိုပြီးအထောက်အကူဖြစ်စေပါတယ်။

*ခေါင်းကိုက်ဝေဒနာအတွက် စပျစ်သီးဖျော်ရည်





ခေါင်းကိုက်ဝေဒနာခံစားနေရတဲ့အခါ စပျစ်သီးဖျော်ရည်သောက်ပေးတာက နာကျင်မှုဝေဒနာကိုပြေပျောက်စေတယ်လို့သိရပါတယ်။စပျစ်သီးမှာ
ဗီတာမင်စီ၊ဗီတာမင်အေစတဲ့ဗီတာမင်တွေပါဝင်တဲ့အတွက် ဦးနှောက်အတွင်းဓာတ်ပြုမှုတွေကိုညီမျှစေပြီးခေါင်းကိုက်ဝေဒနာဖြစ်ပွားစေတဲ့ သွေးတွင်းသံဓာတ်
ကိုပါ ထိန်းညှိပေးပါတယ်။

*ဆံကေသာအတွက် ဆဲလ်မွန်ငါး





ဆံကေသာတွေကျန်းမာချင်တယ်။ဆံသားတောက်ပြောင်ချင်တယ်ဆိုရင် ဗီတာမင်ဒီနဲ့အိုမီဂါသရီးကြွယ်ဝတဲ့ ဆဲလ်မွန်ငါးကို ရံဖန်ရံခါစားပေးသင့်ပါတယ်။
ဦးရေပြားအစိုဓာတ်ကိုထိန်းသိမ်းပေးပြီး ဗောက်တွေ၊ယားယံတာတွေ၊ခြောက်သွေ့တာတွေကိုလည်း မဖြစ်စေတော့ပါဘူး။

*အဆီပိုအတွက် သံပုရာသီးနဲ့ဆားရည်





သံပုရာရည်ဟာ ခန္ဓာကိုယ်အဆီပိုတွေကိုချေဖျက်ပေးနိုင်တာ သင်သိပြီးသားဖြစ်မှာပါ။သံပုရာရည်သောက်တဲ့အခါ ဆားကိုလည်းမပျက်မကွက်ထည့်ဖို့
မမေ့ပါနဲ့။သံပုရာသီးနဲ့ဆားပျော်ဝင်သွားတဲ့အရည်ဟာ ခန္ဓာကိုယ်ထဲကအဆိပ်တွေဖယ်ရှားပေးသလိုအဆီပိုတွေလည်းကျစေပါတယ်။နှစ်ရက်ခြားတစ်ခါ၊
သုံးရက်ခြားတစ်ခါလောက် မနက်မိုးလင်းမျက်နှာမသစ်ခင်သောက်ပေးသင့်ပါတယ်။

*လက်သည်းအတွက်သွားတိုက်ဆေး





လက်သည်းတွေဝါနေတယ်။ညစ်ပတ်နေတယ်ဆိုရင် သွားတိုက်ဆေးကအကောင်းဆုံးဖြေရှင်းနည်းပါပဲ။သွားတိုက်ဆေးအနည်းငယ်နဲ့လက်သည်းကို
တိုက်ချွတ်ပေးတာက လက်သည်းတွေဖြူစင်သန့်ရှင်းစေပါတယ်။တစ်ပတ်ကို တစ်ခါလောက်ပဲလုပ်ပေးသင့်ပါတယ်။

*နိုးပြီးနာရီဝက်အတွင်းမနက်စာစားပါ








မနက်မိုးလင်းအိပ်ရာနိုးလို့ သံပုရာသီးနဲ့ဆားဖျော်ရည်သောက်ပေးတာကအရေးကြီးသလို နိုးပြီး နာရီဝက်အတွင်းမနက်စာ စားဖြစ်အောင်စားဖို့ကလည်း
အရေးကြီးပါတယ်။မနက်စာကိုနောက်ကျတာ၊မနက်စာ မစားဖြစ်တာတွေဟာ ခန္ဓာကိုယ်အားအင်တွေကိုဆုံးရှုံးစေပါတယ်။ပိန်ချင်တဲ့သူတွေမနက်စာ
မစားပဲနေတယ်ဆိုတာအမှားတစ်ခုပါပဲ။လေ့လာချက်တွေအရအောင်မြင်စွာဝိတ်ချနိုင်ခဲ့တဲ့သူ ၇၀ရာခိုင်နှုန်းဟာအိပ်ရာနိုးပြီးနာရီဝက်အတွင်း
မနက်စာ စားခဲ့ကြတဲ့သူတွေပဲလို့သိရပါတယ်။

*သွားအတွက်အသီးအနှံ





သွားလေးတွေကျန်းမာသန့်ရှင်းဖို့ သွားတိုက်ဆေးထက်အသီးအနှံတွေက ပိုပြီးကူညီပေးနိုင်ပါတယ်။စတော်ဘယ်ရီ၊ပန်းသီး၊လိမ္မော်သီးစတဲ့အသီးအနှံတွေနဲ့
သွားတိုက်ပေးတဲ့အခါ ခံတွင်းထဲက ဘတ်တီးရီးယားတွေဖယ်ရှားပေးလို့ ခံတွင်းသန့်ရှင်းပြီး သွားတွေလည်းပိုပြီးခိုင်မာကျန်းမာလာပါတယ်။ဒါကြောင့်
အသီးအနှံလေးတွေနဲ့သွားတိုက်တဲ့အလေ့အကျင့်ကိုမွေးမြူထားသင့်ပါတယ်။




Some text some message..