သွားနှင့်ခံတွင်းပျက်စီးစေသည့်အမူအကျင့်များ
healthcare.com.mm
|
2019-05-07


(၁) သွားတိုက်ကြမ်းခြင်း ခပ်ကြမ်းကြမ်းတိုက်လေ ခံတွင်းပိုသန့်လေလို့ တော်တော်များများ ထင်တတ်ကြပါတယ်။ ကြမ်းကြမ်းတမ်းတမ်း သွားတိုက်ခြင်းဟာ သွားဖုံး ကိုပျက်စီးစေပါတယ်။ (၂) သွားတိုက်ဆေးအပြင်းစားသုံးခြင်းအချို့သွားတိုက်ဆေးတွေဟာ သွားဖုံးကို တိုက်စားစေပါတယ်။ သွားတိုက်နေစဉ်သွားဖုံးများ ကျိန်းစပ်လာပါက သွားဆရာဝန်နှင့် တိုင်ပင်ပြီး သွားတိုက်ဆေးပြောင်းလဲ တိုက်ပါ။ (၃) မကြာခဏ ပလုတ်ကျင်းခြင်း ဖျော်ရည်တစ်ခုခုသောက်ပြီးအစာတစ်ခုစားပြီးတိုင်း ပလုတ်ကျင်းရုံနှင့် လုံလောက်ပါသည်။ (၄) သွားကြားထိုးခြင်း သွားကြားညှပ်လျှင် သွားကြားထိုးတံနှင့် မထိုးပါနှင့်။အပ်ချည်ကြိုးဖြင့် သွားကြားထဲထည့်၍ ပွတ်တိုက်ပါ။အပ်ချည်ကြိုး သော်လည်းကောင်း၊ သွားကြားထိုးတံ သော်လည်းကောင်း သွားကြားထဲရောက်လျှင် နာကျင်လာပါက ဆက်မလုပ်ပါနှင့်။ (၅)အက်ဆစ်ကဲသော ပစ္စည်းများ ငုံခြင်း သကြားလုံး၊ ချွဲပျော်ငုံဆေး၊အချဉ်ဓာတ်ကဲသည့် ဆေးများကို ခံတွင်းထဲ ရေရှည်ငုံခြင်းသည် သွားများ၊ သွားဖုံးများ၊ သွားအမြစ်များကို ပျက်စီးမှုဖြစ်စေသည်။ ကလေးငယ်ကို တိုက်သည့်အပ်စပရင် ဆေးပြားကိုပင် ကြာရှည်ပုံပါက သွားပျက်စီး မှုဖြစ်စေသည်။ (၆) သံပရာသီး ငုံထားခြင်းအက်ဆစ်ဓာတ်ကဲသော PH တန်ဖိုးနည်းသည့်အရည်များအထူးသဖြင့်အချဉ်ရည်များသည် ရေရှည်ဆက်တိုက် ထိတွေ့ပါက သွားပျက်စီးစေသည်။ သစ်သီးနှင့် ဟင်းသီးဟင်းရွက် စားခြင်းသည် ကောင်းသည့်အကျင့်ဖြစ်သော်လည်း ပါးစပ်ထဲ ထည့်ငုံပါက သွားနှင့်ခံတွင်းကို ပျက်စီးစေသည်။ Ref: ဇော်ကို(Good Health) သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..